ဒေါ်အောင်ဆန်းစုကြည်အိမ် ဝင်ရောက်သူ ဖြစ်ရပ်များ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၂၂ -
၂၀၀၉ ဧပြီလအလယ်တွင် ရက်တောသည် မစ်ဇိုရီပြည်နယ်မှ ကာလီဖိုးနီးယားပြည်နယ်သို့ သူ၏ဇနီးဟောင်း နှင့် တွေ့ဆုံရန် ခရီးထွက်ခဲ့သည်။ သူသည် သူ၏ဇနီးဟောင်းအားပြောကြားခဲ့သည်မှာ ခွင့်လွှတ် ်း ရန်အကြောင်းနှင့် သူရေးနေသည့်စာတမ်းအတွက် အသေးစိတ်အချက်အလက်များ ရရှိရန်အတွက် အာရှသို့ သွားရန် လိုအပ်သည့် အကြောင်းဖြစ်သည်။ ဧပြီလ ၂၀ ရက်နေ့တွင် သူ၏ကလေးများကို မိတ်ဆွေသူငယ်ချင်းများနှင့် ထားရစ်ခဲ့ပြီး၊ ဘန်ကောက်သို့ ထွက်ခွာခဲ့သည်။သူသည် စာအုပ်တစ်အုပ်ရေးနေပြီး၊ ဗီယက်နမ်စစ်ပွဲ အတွင်း၌ ပျောက်ဆုံးနေသည့် စစ်သားများကို ရှာဖွေနေသည်ဟု ၎င်း၏ မိသားစုအား ပြောကြားခဲ့သည်။ရက်တော၏ဇနီးအဆိုအရ သူသည် ခွင့်လွှတ်ခြင်း နှင့် ကျဆုံးပြီးပြန်လည်အောင်မြင်လာခြင်းအကြောင်းကို အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းလိုခြင်း ဖြစ်သည်။ထိုမှတစ်ဆင့် မကြာခင် ရက်တောသည် ထိုင်းနိုင်ငံရှိ ပြည်ပြေးမြန်မာအုပ်စုများဆီသို့ သွားရောက်ခဲ့ပြီး၊ ၎င်းရေးသားနေသည့် သူရဲကောင်းအရည်အသွေးများဆိုသော ကံကြမ္မာအခြေခံစာအုပ် အကြောင်း ထိုသူတို့အားပြောပြခဲ့သည်။ရက်တောသည် မြန်မာဗီဇာရရန် စောင့်ဆိုင်းရင်း ဘန်ကောက်တွင် တစ်ပတ်အချိန်ဖြုန်းခဲ့သည်။
 
၂၀၀၉ မေလ ၃ ရက်နေ့ ညနေတွင် ရက်တောသည် မြန်မာအာဏာပိုင်များမှ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည့် အောင်ဆန်းစုကြည်အိမ်သို့ ရန်ကုန်မြို ့ရှိ အင်းယားကန်ကိုဖြတ်၍ ၂ ကီလိုမီတာ ( ၁.၂၅ မိုင် ) အကွာအဝေးကို ရေကူးသွားခဲ့သည်။ ဂူဂယ်ကမ္ဘာ့မြေပုံ ([http://maps.google.co.th/maps?hl=en&tab=wl Google Earth]) အသုံးပြုပြီး သူ၏အင်းယားကန်ဖြတ်လမ်းကြောင်းကို ကြိုတင်စီစဉ်ခဲ့သည်။ ရဲအချို ့သည် သူရေကူးနေစဉ်တွေ့ရှိပြီး သူ့ကိုခဲများဖြင့် ပစ်ပေါက်၍ မောင်းထုတ်ခဲ့သည်။ ၂၀၀၈ ခုနှစ် လာခဲ့စဉ်အချိန် သွားရောက်ခဲ့သည့်လမ်းကြောင်းအတိုင်း မြေအောက်ရေမြောင်းမှတစ်ဆင့် ခြံစည်းရိုးလေးကို ကျော်၍ လုံခြုံရေးအစောင့်အရှောက်များကို အောင်မြင်စွာရှောင်ကွင်းပြီး ဒေါ်စုကြည်၏နေအိမ်အတွင်းသို့ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်အတွင်းသို့ မေလ ၄ ရက်နေ့ နံနက် ၅ နာရီတွင် ဝင်ရောက်သွားခဲ့သည်။
 
၎င်းသည် အိမ်တွင်းသို့ ရေဆင်းပိုက်ကို တွယ်တက်ပြီး ဝင်ရောက်ခဲ့သည်။အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အကူနှစ်ယောက်ဖြစ်သည့် ဒေါ်ခင်ခင်ဝင်း နှင့် မဝင်းမမ၊ အမေနှင့်သမီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲစီရင်ချက်ချခံထားရသူများ တို့နှင့် ရုတ်တရက်တွေ့ဆုံခဲ့ ကြသည်။ ၎င်းသည် ထိုသူတို့အား သူပင်ပန်းနွမ်းနယ်၍ ဆာလောင်နေပြီး ဆီးချိုဝေဒနာခံစားနေရကြောင်း ပြောပြခဲ့သည်။ အမျိုးသမီးများသည် သူ့ကို ကျွေးမွေးခဲ့သည်။ သူသည် ရက်အနည်းငယ်ကြာ အိမ်တွင်နေလို့ရနိုင်သ လားဟု ဒေါ်စုကြည်အားမေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ငြင်းပယ်ခဲ့ပြီး၊ သူမ၏အိမ်အကူများမှ သူ့အား အာဏာပိုင်များလက်သို့ အပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ သို့သော် သူခြေထောက်ကြွက်တက်နေသည့်အကြောင်း တင်ပြပြောဆိုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် အိမ်၏ အောက်ထပ်တွင်နေထိုင်ရန် သဘောတူခွင့်ပြုခဲ့သည်။ သူနေထိုင်စဉ်အတွင်း သူ့အား ဓါတ်ဆားထုပ် နှင့် အစားအသောက်များ ပေးကမ်းခဲ့သည်။ ထိုနေရာတွင်ရှိနေစဉ် သူ၏အချိန်အချို့ကို ဆုတောင်း ဝတ်ပြုနေခဲ့သည်။