သီပေါမင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
အရေးမကြီးNo edit summary
စာကြောင်း ၂၅ -
 
[[File:သီပေါမင်း.jpg|thumb|right|သီပေါမင်း]]
'''သီပေါမင်း''' (၁၈၇၈-၁၈၈၅) သည် ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်ပြီး မြန်မာဘုရင်စနစ်၏ နောက်ဆုံးမင်းလည်းဖြစ်သည်။ ဘွဲ့တော်မှာ '''သိရီပဝရ ဝိဇယာနန္တ ယသတိလောကာ ဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ''' ဖြစ်ပြီး နန်းသက် ခုနှစ်နှစ်ဖြစ်သည်။ခုနစ်နှစ်ဖြစ်သည်။
 
[[မင်းတုန်းမင်း]]နှင့် လောင်းရှည်မိဖုရားတို့၏ သားတော်ဖြစ်ပြီး နံတော် စနေသား၊ ငယ်မည် မောင်ရေစက် ဖြစ်လေသည်။ ငယ်စဉ်အခါက ဘာသာရေးနှင့် စာပေအရာ၌ ထူးချွန်သူဖြစ်သည်။ ထီးနန်းဆက်ခံရန် အလားအလာ အလွန်နည်းသော်လည်း မိဖုရားခေါင်ကြီး [[ဆင်ဖြူမရှင်]]၏ သမီးတော် စုဖုရားလတ်နှင့် ရည်ငံနေခြင်းကြောင့်လည်းကောင်း၊ စည်းမျဉ်းခံဘုရင်စနစ်ကို အသက်သွင်းလိုသည့် [[ကင်းဝန်မင်းကြီးဦးကောင်း]]က ၎င်း၏ပျော့ပျောင်းမှုကို လိုလားသည်ကြောင့်လည်းကောင်း အခြားမင်းညီမင်းသားများကို ကျော်ဖြတ်ကာ ထီးနန်းဆက်ခံခွင့် ရခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် [[မန္တလေး]][[ရတနာပုံနေပြည်တော်]]သို့ အင်္ဂလိပ်တို့ ကျူးကျော်တိုက်ခိုက်ပြီးနောက် မိဖုရားခေါင်ကြီး [[စုဖုရားလတ်]]နှင့်အတူ အိန္ဒိယနိုင်ငံ ရတနာဂီရိသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။