အလောင်းစည်သူ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ရာဇကုမာရ် hyperlink
စာကြောင်း ၁ -
[[File:Min Sithu Nat.jpg|thumb|မင်းစည်သူ နတ်]]
အလောင်းစည်သူမင်းသည် ပုဂံပြည် ကျန်စစ်သားမင်း ကွယ်လွန်သည့်အခါ အကြောင်းအမျိုးမျိုးဖြင့် ၎င်း၏ သားတော် [[ရာဇကုမာရ]] မင်းသား နန်းမရပဲ မြေးတော် အလောင်းစည်သူ က ပုဂံထီးနန်းအား ဆက်ခံခြင်းပြု လေသည်။ ဘွဲ့အမည်မှာ''' ဂြီ့ဘုဝနာဒိတျာ ပဝရဓမ္မရာဇာ''' ဖြစ်သည်။ အလောင်းစည်သူသည် သက္ကရာဇ် ၁၁၁၂ ခုနှစ် မှ ၁၁၆၇ ခုနှစ် အ ထိ နန်းသက် ၅၅ နှစ် ဟုမြန်မာ ရာဇဝင်များ၌ ရေးသားဖေါ်ပြ ကြသည်။ အလောင်းစည်သူမင်းသည် အနော်ရထာ ၊ ကျန်စစ်သားတို့ကဲ့သို့ ဆောင်ရွက်ခဲ့သည်။ အလောင်းစည်သူဖြတ်ထုံးများ ဟု ဓမ္မသတ်ကျမ်း တစ်စောင်ပေါ်ခဲ့ပြီး ပြည်တွင်း ကုန်သွယ်မှု စနစ်တကျဖြစ်စေရန် ကျပ် ၊ မတ် ၊ မူး ၊ ပဲ စသည့် အလေးချိန်များအား၎င်း ၊ တင်း ၊ ခွဲ ၊ စိတ် ၊ ပြည် ၊ ခွက် စသည်တို့ အား၎င်း တစ်နိုင်ငံလုံး တညီတညွတ် တည်းဖြစ်စေရန်ဆောင်ရွက်ခဲ့ သည် ဟု မြန်မာ ရာဇဝင်များ ၌ ရေးသား ထားသည်။ နိုင်ငံတော်၏ ဆည်မြောင်း ချောင်းကန်များအား ပြုပြင်ချဲ့ထွင်၍ စိုက်ပျိုးနိုင်သည့် မြေများအား လယ်များ ဖွဲ့စေခဲ့သည်။ မြန်မာရာဇဝင် များ ၏ ရေးသားထားချက်အရ မြန်မာဂီတ နှင့် တူရိယာများသည် အလောင်း စည်သူမင်း လက်ထက် တွင်ဖြစ်ထွန်းခဲ့ကြောင်း ယူဆရသည်။
 
ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားရန် အတွက်လည်း စွမ်းစွမ်းတမန်ဆောင်ရွက်ခဲ့ပြီး မင်းဘူး ၊ သရက် ၊ ရွှေဘို ၊ မန္တလေး ၊ မုံရွာ ၊ မိုးကုတ် အရပ် ဒေသများ တွင် စေတီ ပုထိုး ၊ ကျောင်း ကန် များ တည် ထား ခဲ့ ကြောင်း သမိုင်းအထောက်အထားများ တွေ့ရှိရသည်။ အလောင်းစည်သူ ဆောင်ရွက်ခဲ့သည့် သာသနာ ကောင်းမှုတော်များ ထဲတွင် ပုဂံ မှ သဗ္ဗ ညုပု ထိုးတော်ကြီးသည် ကြီးကျယ် ထင်ရှားပေသည်။