ဦးကြင်ဥ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၃၅ -
 
== ရေးသားခဲ့သော စာပေများ ==
ဦးကြင်ဥသည် ဘာသန္တရ ဗဟုသုတအပြင် ဒေသန္တရ ဗဟုသုတနှင့်လည်း ပြည့်စုံသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ အကြောင်း ယုတ္တိလုံလောက်ပါက ရှေးထုံးစဉ်လာကို သာမက အသစ်အဆန်းတို့ကိုလည်း ထိုးထွင်းဉာဏ်ဖြင့် တီထွင်သွားလိုသော ဆန္ဒရှိသည်။ [[ဝန်ကြီးပဒေသရာဇာ]]သည် မြန်မာစာပေတွင် အသစ်အဆန်းတို့ကို တီထွင်သွားသကဲ့သို့ ဦးကြင်ဥသည်လည်း တီထွင်လေသည်။ ရှေးယခင်အခါများက နန်းတော်သူ၊ နန်းတော်သားများ ဖတ်ရှုရန် နန်းတွင်းဇာတ်တော်ကြီးများရှိခဲ့ရာ ဦးကြင်ဥလက်ထက်သို့ ရောက်သောအခါ ဖတ်ရှုရုံသာ မဟုတ်ပဲ ကပြရန်အတွက်ပါ ပြဇာတ်များကို တီထွင်ရေးသားခဲ့ပေသည်။ ဘုရားဟော [[ဝတ္တု]]ကို အခြေပြုရေးသားသော [[ဝေဿန္တရာမင်း|ဝေဿန္တရာ]]နှင့် [[မဟော်သဓာ]]ပြဇာတ်တို့မှ တပါး [[ဒေဝကုမ္ဘဏ်]]၊ [[ဝင်္ကန္တ]]၊ [[ကာလကန္တီ]]၊ [[ပါပဟိန်]] စသော ပြဇာတ်တို့သည် ဦးကြင်ဥ၏ ကိုယ်ပိုင်ဉာဏ်မှ ပေါက်ဖွားလာသော ဒဏ္ဍာရီပြဇာတ်များ ဖြစ်လေသည်။ ပြဇာတ်များအပြင် ရတုများ၊ [[၁၂-လရာသီဘွဲ့]]၊ [[ညည်းချင်း]]များ၊ သန်းခေါင်ဘွဲ့ညည်းချင်း၊ ဇော်ဂျီချင်း၊ မုဆိုးစကား၊ ဆိုင်းဆင့်စကား စသည်တို့ကိုလည်း ရေးသားခဲ့လေသည်။ ဦးကြင်ဥသည် စာဆိုတော်ကြီး [[စလေဦးပုည]](၁၁၆၂-၁၂၃၃) နှင့်ခေတ်ပြိုင်စာဆိုဖြစ်သည်။
 
ပြဇာတ် (၈) ပုဒ်ရေးသားခဲ့ရာ -
* (၁)[[မဟော်သဓာ]] ပြဇာတ်
* (၂)[[ဝေဿန္တရာမင်း|ဝေဿန္တရာ]] ပြဇာတ်
* (၃)ပါပဟိန် ပြဇာတ်
* (၄)ဒေဝကုမ္မာန် ပြဇာတ်