ဂူပြောက်ကြီး (မြင်းကပါ): တည်းဖြတ်မှု မူကွဲများ

add photo
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Gubyaukgyi-Bagan-Myanmar-02-gje.jpg|thumb|ဂူပြောက်ကြီးစေတီ]]
ပုဂံတွင် ဂူပြောက်ကြီး နှစ်ဆူရှိသည်။ ဝက်ကြီးအင်းအရပ်ရှိ ဂူဘုရားကို ''[[ဂူပြောက်ကြီး (ဝက်ကြီးအင်း)|ဝက်ကြီးအင်းဂူပြောက်ကြီး]]'' ဟုခေါ်ကြပြီး မြင်းကပါအရပ်ရှိ ဂူဘုရားကို ''မြင်းကပါဂူပြောက်ကြီး'' ဟု ခွဲခြားခေါ်ကြသည်။
 
== သမိုင်း ==
စာကြောင်း ၁၄ -
 
== ဂူပြောက်ကြီး ကျောက်စာ ==
လှူဒါန်းခဲ့သော ကောင်းမှု အစုစုကို ပျူ၊မွန်၊ ပါဠိ၊ မြန်မာဘာသာဖြင့် လေးမျက်နှာပါ ကျောက်စာနှစ်တိုင်ကို ရေးထိုးခဲ့သည်။ ထို ကျောက်စာတိုင်များကို [[မြစေတီတော် (ပုဂံ)|မြစေတီ]]ဘုရားအနီးမှာ တွေ့သဖြင့် ရှေးက '''[[မြစေတီကျောက်စာ]]'''ဟူ၍ တွင်ခဲ့သည်။ ယခုအခါ အချို့က '''ရာဇကုမာရ် ကျောက်စာ'''ဟု လည်းကောင်း၊ '''ဂူပြောက်ကြီး ကျောက်စာ''' ဟု လည်းကောင်း ခေါ်ကြသည်။ ကျောက်စာအငယ်တစ်တိုင်မှာ ပုဂံပြတိုက်တွင် ထားရှိ၍ အကြီးတစ်တိုင်မှာ ကျိုးပဲ့လျက်ရှိပြီး ဆက်စပ်ကာ မြစေတီဘုရားအနီး၌ စောင့်ရှောက်ထားလေသည်။ ဘာသာလေးမျိုးဖြင့် ရေးထိုးထားသဖြင့် စာပေနှင့် သမိုင်းအတွက် အထူးအရေးပါသည်။ ဤကျောက်စာပါ ပျုစာများသည် အရှည်ဆုံးဟု ဆိုရပေမည်။ ပျူစာကို အဓိပ္ပါယ်ဖော်နိုင်ရန် ကြိုးစားခဲ့သော ဒေါက်တာ စီ၊ အို၊ ဗလက်ဒင်သည် ဤကျောက်စာ၏ အကူအညီဖြင့် ၁၉၁၁ ခုနှစ်တွင် အောင်မြင်စွာ အဓိပ္ပါယ်ဖော်နိုင်ခဲ့လေသည်။ <ref>ဦးကျော်အောင်(စာတည်းမှူး)၊ တက္ကသိုလ် ဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနဘာသာပြန်နှင့်စာအုပ်ထုတ်ဝေရေးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန - ပုဂံစေတီပုထိုးများ</ref>
 
== ကိုးကား ==