အောင်ကြည်၊ ဒေါ်(ဝဏ္ဏကျော်ထင်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
== ဒေါ်အောင်ကြည်(ဝဏ္ဏကျော်ထင်)(၁၈၉၆−၁၉၈၉)==
မြန်မာ့ဂီတလောက၌ ဂီတမိခင်ကြီးဟု ထင်ရှားသော ဂီတပညာရှင် ဝဏ္ဏကျော်ထင် ဒေါ်အောင်ကြည်ကို [[မန္တလေးတိုင်းဒေသကြီး]]၊ [[တံတားဦးမြို့]]၌ အဖဦးဘစီ၊ အမိ ဒေါ်သင်းတို့က ၁၈၉၆−ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့တွင် မွေးဖွားသည်။ ငယ်အမည် မစိန်ဥ ဖြစ်သည်။ ဖခင်ဖြစ်သူ ဦးဘစီမှာ သီပေါမင်းလက်ထက်က စင်တော်မင်းသား (ရုပ်သေးမင်းသား) ဖြစ်သည်။ မိခင်ဖြစ်သူ ဒေါ်သင်းမှာလည်း သီပေါမင်းလက်ထက် စင်တော်ကလေး
ဆိုင်းဆရာ ဦးထွန်းအောင်၏ သမီးဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ကြည်သည် သဘင်မျိုးရိုး ဆိုင်းမျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သည်။
 
ဒေါ်အောင်ကြည်သည် မဟာဂီတ သင်ရိုးများကို အဘိုးဖြစ်သူ ဆိုင်းဆရာကြီး ဦးထွန်းအောင်ထံတွင် ခုနှစ်နှစ် သမီးအရွယ်မှစ၍ သင်ကြားခဲ့သူဖြစ်သည်။ ထို့ပြင် အကပညာကိုလည်း ခုနှစ်နှစ် သမီးအရွယ်ကပင် သင်ကြားခဲ့ရာ ကိုးနှစ်၊ ဆယ်နှစ်သမီး အရွယ်တွင် အရွယ်နှင့် မလိုက်အောင် ထူးချွန်စွာ ကပြနိုင်ခဲ့သည်။ ထို့ကြောင့် အဘိုးနှင့် အဖေတို့က ဇာတ်ပညာများကိုပါ သင်ကြားပေးခဲ့ရာ ၁၆−နှစ် သမီးအရွယ်တွင် ဦးလေးတော်သူ လူရွှင်တော်ကြီး ဦးချစ်စရာနှင့် ရှမ်းပွဲ ဆရာတင်တို့ တည်ထောင်သော ဇာတ်အဖွဲ့၌ စတင်ပါဝင်ကပြ နိုင်ခဲ့သည်။ ငယ်မည် မစိန်ဥ အစား မအောင်ကြည် ဟူသောအမည်ကို ထိုအချိန်မှ စ၍ ရှမ်းပွဲဆရာတင်က ပေးခဲ့ခြင်း ဖြစ်သည်။ <ref>မြန်မာစွယ်စုံကျမ်းနှစ်ချုပ်(၁၉၉၀)</ref>
 
==ကိုးကား==
{{Myanmar-bio-stub}}
<references/>
 
 
[[Category:မြန်မာလူမျိုးများ အတ္ထုပ္ပတ္တိ]]
[[Category:ဂီတ]]