Breaking Benjamin: တည်းဖြတ်မှု မူကွဲများ

အမေရိကန် ရော့ခ်ဂီတအဖွဲ့
"Breaking Benjamin Breaking Benjamin သ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၉:၂၂၊ ၁၅ ဩဂုတ် ၂၀၁၆ ရက်နေ့က မူ

Breaking Benjamin

Breaking Benjamin သည် အမေရိကန် rock တီးဝိုင်းတစ်ခုဖြစ်ပြီး Pennsylvania မှ Wilkes-Barre တွင် ၁၉၉၉တွင် ဦးဆောင်အဆိုတော်နှင့် ဂီတာသမား Benjamin Burnley နှင့် ဒရမ်သမား Jeremy Hammel တို့တည်ဆောက်ခဲဲ့ခြင်းဖြစ်သည်။ တီးဝိုင်းတွင် ပထမဆုံး ဂီတာသမား Aaron Fink နှင့် ဘေ့စ်ဂီတာသမား Mark Klepaski တို့ပါ၀င်ပြီး ၂၀၀၅ခုနှစ်တွင် Chad Szeliga ကို Hammel နှင့် နေရာမလဲခင် Saturate (၂၀၀၂) နှင့် We Are Not Alone (၂၀၀၄) album တို့ကို ဖြန့်ချီခဲ့သည်။ ၂၀၁၀တွင် Burnley ၏ အဖျားရောဂါပြန်လည် သက်သာလာသည့်နောက်ပိုင်းကာလ တွင် Phobia (၂၀၀၅) နှင့် Dear Agony (၂၀၀၉) တို့ကို ဖြန့်ချီခဲ့သည်။ Album များ၏ အကောင်းဆုံးသီချင်းများ ပေါင်းစပ်ထားသော Shallow Bay : The Best of Breaking Benjamin (၂၀၁၁) တွင် ဖြန့်ချီခဲ့ပြီး Burnley ၏ ခွင့်ပြုချက် မပါသောကြောင့် တရားဥပဒေ ဆိုင်ရာ ဒုက္ခရောက်ခဲ့သည်။ Szeliga သည် ၂၀၁၃တွင် သူ၏ထွက်ခွာခြင်းကို ကြေညာခဲ့သည်။ Burnley သည် ၂၀၁၉ နောက်ပိုင်းတွင် ကျန်ရှိနေသော အဖွဲ့ဝင်များကို ကြေညာခဲ့သည်။ ဘေ့(စ်) ဂီတာသမားနှင့် နောက်ခံအဆိုရှင် Keith Wallen, ဂီတာသမား Jasen Rauch နှင့် ဒရမ်သမား Shaun Foist တို့ပါရှိသည်။ တီးဝိုင်းသည် ၂၀၁၅တွင် Dark Before Dawn ကိုဖြန့်ချီခဲ့သည်။ သို့သော်လည်း တီးဝိုင်းများ၏ ဂီတာဆိုင်ရာဟန်များနှင့် စာသားများပြောင်းလဲခြင်းမရှိပေ။ Burnley သည် တီးဝိုင်းစ ကတည်းက တေးရေးဆရာနှင့် ဦးဆောင် အဆိုရှင် အဖြစ်စတင်ကတည်းကဖြစ်သည်။ တီးဝိုင်း၏ ထူးခြားချက်မှာ hard rock ပုံစံများနှင့် chorus များကို crunching ဂီတာများနှင့် ပေါင်းစပ်ထားသည်။ အမေရိကန်တွင် တီးဝိုင်းသည် ၅သန်းကျော်ရောင်းချနိုင်ခဲ့သည်။ RIAA မှ ပလက်တီနမ်မှတ်တမ်းနှင့် ရွှေတံဆိပ်မှတ်တမ်းနှင့် မြောက်မြားစွာသော single သီချင်းများ၊ multi-platinam၊ platinum သုံးဆုနှင့် ရွှေတံဆိပ်ဆုရရှိခဲ့သည်။ တီးဝိုင်းသည် Billboard 200 တွင် နံပါတ်တစ်နေရာသို့ ရောက်ရှိခဲ့သည်။



  တည်ဆောက်ခြင်း Benjamin Burnley သည် တီးဝိုင်းကို ၁၉၈၈တွင် breaking Benjamin အမည်ပြောင်းလဲခဲ့ပြီး weezer နှင့် The Beatle ၏နုညံသော ဂီတပုံစံများကို ပြန်ဆိုတေးအဖြစ် သီဆိုခဲ့သည်။ အမည်သည် Burnley သည် ချီးငှားထားသော microphone ကို ဖျက်ဆီး၍ ပြန်လည်ပေးအပ်ရာမှ အစပျိုးခဲ့သည်။ တီးဝိုင်းတွင် ဂီတသမား Aaron Firk, ဘေ့(စ်) ဂီတာသမား၊ Nick Hoover နှင့် ဒရမ်သမား Chris Light cap တို့ပါ၀င်ပြီး မကြာခင်ပြိုကွဲ၍ Burnley သည် ကယ်လီဖိုးနီးယားသို့ ပြောင်းရွေ့ခဲ့သည်။ Pennsylvania သို့ ဒရမ်သမား Jeremy Hummel နှင့်အတူပြန်လာခဲ့ပြီး Pan 9 ကို တည်ထောင်ခဲ့ပြီး ဘေ့(စ်) ဂီတာသမား Jason Davoli ုတို့ပါ၀င်သည်။ Plan 9 from Outer Space ဖြစ်ပြီး Planet 9 ဟုလည်း ခေါ်သည်။ ထို့နောက်အုပ်စုသည် နဂိုတီးဝိုင်း Breaking Benjamin ကို Burley သည် ကြေညာစတစ်ကာများနှင့် အမည်ပြောင်းလဲခဲ့သည်။ ထိုအဖွဲ့၏ Polyamorous သီချင်း၏ အလှည့်အပတ်တွင် WBSX မှ DJ Freddie Fabbri ကို ထည့်ခဲ့သည်။ ပြီးနောက် ရေဒီယိုဌာနတွင် Fabbri သည် အုပ်စု၏ eponymous EP album ငွေကြေးထောက်ပံခဲ့သည်။ ၂၀၀၁ခုနှစ်တွင် အချပ်ရေ ၂၀၀၀ ရောင်းချနိုင်ခဲ့သည်။ Jonathan သည် ဘေ့(စ်)ဂီတာသမား Mark Klepski သည် Breaking Benjamin သို့ ဆက်သွယ်ခဲ့သည်။ ၂၀၀၂ခုနှစ်အစောပိုင်းတွင် မှတ်တမ်းကုမ္ပဏီ ၁၂ ဒါဇင်ကျော်သို့ Breaking Benjamin ဖြင့် တီးခတ်၍ လှည့်ပတ်ခဲ့သည်။ အဖွဲ့သည် နောက်ပိုင်းတွင် Hollywood မှတ်တမ်းများဆီသို့ လက်မှတ်ရေးထိုးခဲ့သည်။ သိပ်မကြာခင် အဓိကမှတ်တမ်းတွင် Saturate ကိုမှတ်တမ်းတင်ခဲ့ပြီး Urich Wild နှင့် ၂၀၀၂ခုနှစ် သြဂုတ်ရရက်နေ့တွင် ဖြန့်ချီခဲ့သည်။ Billboard 200 တွင် နံပါတ်၁၃၆ နေရာသို့ ရောက်ရှိခဲ့သည်။ ၂၀၀၁၅ စက်တင်ဘာတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သည်။ Breaking Benjamin သည် Jagermeister ဂီတခရီးစဉ် သို့ပါ၀င်ခဲ့သည်။ ခရီးစဉ်သည် အမေရိကန်တီးဝိုင်း Godsmack သို့ အထောက်အပံဖြစ်စေခဲ့သည်။ မီဒီယာအနည်းစု သတင်းယူခဲ့သည်။ Saturate album သည် အပြုအမှုကောင်းများရရှိခဲ့သည်။ Allmusic မှ Jason Taylorက ၂၀၀၂ခုနှစ်၏ အအောင်မြင်ဆုံးထဲမှ တစ်ခုဖြစ်လာခဲ့သည်။ဂီတသည် ထိုအမျိုးအစားထဲမှ ကျော်ကြားသော အနုပညာရှင်များထဲမှ အပါအဝင်ဖြစ်လာခဲ့သည်။ လွှမ်းမိုးခဲ့သော တီးဝိုင်းထဲတွင် Tool ပါ၀င်ခဲ့ပြီး ဂီတပြုလုပ်ခြင်းသည် တဖြည်းဖြည်းကျွမ်းဝင်လာခဲ့သည်။





We Are Not Alone (၂၀၀၃-၂၀၀၃) Breaking Benjaminသည်၂၀၀၃ခုနှစ် အောက်တိုဘာလတွင် ထုတ်လုပ်သူ David Bendeth နှင့် We Are Not Alone album အတွက် စတူဒီယိုသို့ ရောက်ရှိလာကြသည်။ Burnley သည် The Smashing Pumpkins မှ Billy Corgan နှင့် ၂၀၀၃ခုနှစ် ဒီဇင်ဘာတွင် Rain၊ Forget it နှင့် follow သီချင်းများကို ရေးစပ်ခဲ့ကြသည်။ အစပိုင်းတွင် စိတ်အနှောင့်အယှက်များသော်လည်း Burnley ၏အလုပ်တွင် စိတ်ဝင်စားဖွယ်အကောင်းဆုံးဟု ခံစားရသည်။ Album ကို ၂၀၀၄ ခုနှစ် ဇွန်၂၉တွင် ဖြန့်ချီခဲ့သည်။ ပထမအပတ်အတောအတွင်းတွင် ၄၈၀၀၀ခန့်ရောင်းချနိုင်ခဲ့သည်။ Billboard 200 တွင် နံပါတ်၂၀ နေရာသို့ ရောက်ရှိခဲ့သည်။ ၂၀၀၄ ခုနှစ် အောက်တိုဘာ၂၁ရက် ရွှေတံဆိပ်ဆုနှင့် ၂၀၀၅ခုနှစ် ဇွန်လ၁၃ရက်တွင် platinum ဆုရရှိ်ခဲ့သည်။ ထူးခြားသည့် သီချင်းများမှာ So Cold နှင့် Sooner or Later တို့ဖြစ်ပြီး Mainstream Rock သီချင်းစာရင်းတွင် နံပါတ် ၂နေရာသို့ ရောက်ရှိခဲ့သည်။ So Cold သီချင်းသည် ၂၀၁၅ စက်တင်ဘာ ၂၅တွင် ပလက်တီနမ်ဆုရရှိခဲ့သည်။ MTV မှ Jon Wiederghorn သည် စီးပွားရေးအရ ပထမဆုံးအောင်မြင်မှုဖြစ်သည်ဟု ရေးသားခဲ့သည်။ နောက်ပို်င်းတွင် Evanescence, Seether နှင့် Three Day Grace တို့နှင့်အတူ ခရီးစဉ်များလှည့်ပတ်ခဲ့သည်။ We Are Not Alone ကို ပြန်လည်ဆန်းသစ်ခဲ့ပြီး IGN မှ Colin Moriorty ချီးကျူးခဲ့ပြီး အလွန်အမင်းကျေနပ်ခဲ့ပြီး ထိုနှစ်အတွင်း အကြိုက်အနှစ်ဆုံး album တစ်ခုဖြစ်သည်ဟု ပြောခဲ့သည်။ စာရေးဆရာ Amber Authier က “ကျွန်တော် Breaking Benjamin ကို တစ်ပတ်ကျော်နားထောင်ပြီးနောက် ကျွန်တော် အပေါ်စိုးမိုးလာပါသည်ဟု ဆိုခဲ့သည်။ Breaking Benjamin ဖန်တီးထားသည့် အရည်အသွေးမှာ ရိုးရှင်းသော ပုံစံတစ်မျိုးတည်းမဟုတ်ဟု ဆိုခဲ့သည်။ ၂၀၀၄ခုနှစ် နို၀င်ဘာတွင် Blow Me Away သီချင်းထွက်လာခဲ့ပြီး စီးပွားရေးအရ အောင်မြင်ခဲ့ သည်။ ၂၀၁၅ နို၀င်ဘာ၂၄ တွင် ရွှေတံဆိပ်ဆုရရှိခဲ့သည်။ ၂၀၀၄ခုနှစ် နို၀င်ဘာ၂၃တွင် So Cold EP ကို ဖြန့်ချီခဲ့ပြီး Blow Me Away နှင့် Lady Bug တို့ပါ၀င်ပြီး အကူးစတစ်ပုံစံဖြင့် ဖန်တီးထားသည်။ ၂၀၀၅နောက်ပိုင်း ဒရမ်သမား Hummel သည် Breaking Benjamin နှင့် စာချုပ်ချုပ်ဆိုထားသည်ကို ဆန့်ကျင်၍ သူ၏ဇနီးနှင့်အတူ သူတို့၏ပထမဆုံးကလေးမွေးနေ့တွင် အဖွဲ့မှ နုတ်ထွက်ရန် တောင်းဆိုခဲ့သည်။ အဖွဲ့ဝင်အားလုံး လက်ခံခဲ့ပြီး ဒရမ်သမားနေရာတွင် Kevin Soffera ကိုငှားရန်းခဲ့သည်။ နောက်ပို်င်းတွင် Burnley သည် Hummel ကို ပြန်လည်ခေါ်ယူခဲ့သည်။ We Are Not Alone နှင့် Halo 2နှင့် National Treasure 2 တို့တီးခတ်ခဲ့သည်။ တီးဝိုင်း၏မန်နေဂျာ Larry Mazer တရားဥပဒေမှာ မရေရာဟု ထုတ်ဖော်ပြောကြားသည်။ Vaught သည် တီးဝိုင်း၏ ဒရမ်သမားနေရာတွင် အမှုထမ်းခဲ့သည်။ သူတို့သည် ၂၀၀၅ နို၀င်ဘာတွင် 3 Doors Down နှင့် Staind တို့နှင့် ခရီးစဉ်များ ဖျော်ဖြေခဲ့သည်။

Phobia (၂၀၀၅-၂၀၀ရ)

အဖွဲ့၏ Phobia album ကို Bendeth နှင့်အတူ ထပ်မံဖြန့်ချီခဲ့သည်။ album ၏ အတွေးအခေါ်မှာ Burnley ၏ ကွဲပြားသော ကြောက်ရွံမှုများ ပါ၀င်သည်။ album ၏မျက်နှာဖုံးကို ပျံသန်းနေသော လူပုံစံဖြင့် ရေးဆွဲထားသည်။ Burnley သေခြင်းတရားကို စိုးရွံမှု၊ အမှောင်ထုကို ကြောက်ရွံမှု၊ ကားမောင်းခြင်းကို ကြောက်ရွံမှုနှင့် စိတ်အားငယ်ခြင်းများမှ ဒုက္ခရောက်ခဲ့သည်။ Phobia ၏ intro နှင့် Outro တွင် လေဆိပ်မှ စကားပြောသံ၊ လေယဉ်ပျံ၏ အသံနှင့် ကားတံခါးသံများနှင့် လူစုလူဝေးများ၏ ထိတ်လန့်မှုများကို ဖန်တီးထားခြင်းဖြင့် ထူးခြားသည်။ Phobia ကို ၂၀၀၆ခုနှစ် သြဂုတ် ၈ရက်တွင် စီးပွားရေးအရ အောင်မြင်မှု ရရှိခဲ့သည်။ ပထမအပတ်အတွင်းတွင် ၁၃၁၀၀၀ကျော် ရောင်းချနိုင်ခဲ့သည်။ Billboard 200 တွင် နံပါတ်၂နေရာသို့ ရောက်ရှိခဲ့သည်။ ၂၀၀၆ခုနှစ် နို၀င်ဘာ၈ရက်တွင် ရွှေတံဆိပ်ရရှိခဲ့ပြီး ၂၀၀၉ မေ ၂၁ ရက်တွင် ပလက်တီနမ်ဆုရရှိခဲ့သည်။ The Diary of Jane သီချင်းသည် mainstream rock သီချင်းစာရင်းတွင် နံပါတ်၂နေရာသို့ ရောက်ရှိခဲ့သည်။ ၂၀၀၅ နို၀င်ဘာ ၂၄တွင် ပလက်တီနမ်ထပ်ဆင့် ရရှိခဲ့သည်။ Breath သီချင်းသည် mainstream rock သီချင်းစာရင်းတွင် နံပါတ်တစ်နေရာသို့ ခုနှစ်ပတ်ကြာရောက်ရှိခဲ့ပြီး ၂၀၁၅ နို၀င်ဘာ ၂၄တွင် ပလက်တီနမ်ဆု ရရှိခဲ့သည်။ Until the End သီချင်းသည် သီချင်းစာရင်းတွင် နံပါတ်၆နေရာသို့ ရောက်ရှိခဲ့ပြီး ၂၀၁၄ ဖေဖော်ဝါရီ ၁၁ရက်တွင် ရွှေတံဆိပ်ဆု ရရှိခဲ့သည်။ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီတွင် AXs TV က Breaking Benjamin ၏ Bethlehem မှ Stabler Arena ဖျော်ဖြေနေမှုကို လွှင့်တင်ခဲ့သည်။ ထိုမှတ်တမ်းသည် ဧပြီလ၏ Phobia DVD တွင်ပါ၀င်ခဲ့သည်။ Breath သီချင်း၏ ဂီတဗီဒီယိုတွင် show ၌ ဖျော်ဖြေမှုပါ၀င်ခဲ့သည်။ Breaking Benjamin သည် Three Day Grace၊ Puddle of Mudd နှင့် Seether, Skillet နှင့် Red တို့နှင့်အတူ Spring and Fall ခရီးစဉ်တွင် ပါ၀င်ခဲ့သည်။ Phobia သည် ဝေဖန်ခြင်းများခံခဲ့ရသည်။ post-grunge/alt-metal ပုံစံများပါ၀င်သည်။ hard rock နှင့် emo ပုံစံများလည်း ပါ၀င်သည်။ Entertainment Weekly မှ Cplus အမျိုးအစား album အဖြစ်သတ်မှတ်ခဲ့သည်။


  Dear Agony (၂၀၀၉-၂၀၁၀)

Breaking Benjamin ၏ Dear Agony album ကို ၂၀၀၉ခုနှစ်တွင် ဖြန့်ချီခဲ့သည်။ Burnley သည် အိပ်ရေးပျက်ခြင်းနှင့် အရက်သောက်ခြင်းတို့ကြောင့် ပင်ပန်းနွမ်းနယ်မှုများကို ကြုံတွေ့သည့်အခါ အရက်ဖြတ်ရန် ဆုံးဖြတ်ခဲ့သည်။ album ၏ ထူးခြားချက်မှာ Burnley ၏ ဦးနှောက်ကိုscan ဖတ်ထားခြင်းဖြစ်သည်။ Dear Agony သည် Burnley ၏ အရက်သုံးစွဲခြင်း ကြောင့် အရက်စွဲခြင်းကြောင့် ရရှိခဲ့သည့် ရောဂါနှင့် ဆက်စပ်နေသည်။ Burnley သည် Red တီးဝိုင်းမှ ဂီတာသမား Jasen Rauch ကို Dear Agony တွင် ပေါင်းထည့်ခဲ့သည်။ နှစ်ဦးသားရေးသားထားသောသီချင်းများမှာ “Without You” နှင့် “Hopless” နှင့် “I Will Not Bow” နှင့် “Lights Out” တို့ဖြစ်သည်။ Burnley က ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ “ကျွန်တော်သည် သူနှင့်အတူတကွ ပူပေါင်းရေးသားခြင်းကို နှစ်သက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူလုပ်သလို ကျွနု်ပ်လည်း လုပ်ဆောင်လေ့ရှိသောကြောင့်ဖြစ်ပါတယ်ဟုဆိုသည်။ Dear Agony ကို ၂၀၀၉ ခုနှစ် စက်တင်ဘာ၉ရက်တွင် ဖြန့်ချီခဲ့သည်။ Billboard 200 တွင် နံပါတ် ၄နေရာသို့ ရောက်ရှိခဲ့သည်။ ပထမဆုံးအပတ်တွင် ၁၃၄၀၀၀ကျော် ရောင်းချနိုင်ခဲ့သည်။ ၂၀၁၀ ဖေဖော်ဝါရီ ၁၆ တွင် ရွှေတံဆိပ်ဆုရရှိခဲ့သည်။ album ၏ဦးဆောင်သီချင်း I will not bow သည် Mainstream Rock သီချင်းစာရင်းသည် နံပါတ် ၁နေရာသို့ ရောက်ရှိခဲ့သည်။ ၂၀၁၅ နို၀င်ဘာ ၂၄ တွင် ပလက်တီနမ်ဆုရရှိခဲ့သည်။ အခြားသီချင်းနှစ်ပုဒ်ဖြစ်သည့် Lights Out နှင့် Give me sign တို့သည် mainstream Rock သီချင်းတွင် နံပါတ်၉နေရာနှင့် နံပါတ် ၆နေရာသို့ အသီးသီးရောက်ရှိခဲ့သည်။ Breaking Benjamin သည် ၂၀၁၀ ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် Three Days Grace၊ Flyleaf၊ Red၊ Chevelle နှင့် Thousand Foot Krutch တို့နှင့် အတူ ၂၀၁၀မတ်လတွင် ခရီးစဉ်များ ဖျော်ဖြေတင်ဆက်ခဲ့သည်။ ဧပြီတွင် Breaking Benjamin သည် Nickelback, Shinedown နှင့် Sick Puppies တို့နှင့် Dark Horse ခရီးစဉ်တွင် ပါ၀င်ခဲ့သည်။ show ပြီးသည့်နောက် သူသည် ဖျားနာခဲ့သည်။ တီးဝိုင်းသည် အဆက်ပြတ်ခဲ့သည်။ အင်တာနက်တွင် တီးဝိုင်းပြိုကွဲခဲ့သည့်ဟု သတင်း ပျံနှံခဲ့သည်။ Burnley က တီးဝိုင်းမပြိုကွဲဟု ကြေညာခဲ့သည်။ Dear Agony သည် ဝေဖန်ခြင်းများခံခဲ့ရသည်။


အဆက်ပြတ်ခြင်းနှင့် Shallow Bay (၂၀၁၀-၂၀၁၃)

၂၀၁၀မတ်လတွင် Hollywood Record များမှ album များ၏ အကောင်းဆုံးသီချင်းများပေါင်း စပ်ထုတ်ဝေရန် တီးဝိုင်းကို တောင်းဆိုခဲ့သည်။ Blow Me Away ကို ပုံစံသစ်ဖြင့် ထုတ်ဝေရန်ရှာခဲ့ သည်။ ၂၀၁၁မေတွင် Fink နှင့် Klepaski သည် ဒေါ်လာ၁၀၀၀၀ရရှိပြီးနောက် လက်ခံခဲ့သည်။ Burnley သည် Fink နှင့် Klepaski တို့သီချင်းများပေါင်းစည်းထားသည့် album ကို သူ သို့မဟုတ် တီးဝိုင်းမန်နေဂျာကို အကြောင်းမကြားဘဲ ဖြန့်ချီသောကြောင့် ဒေါ်လာ ၂၅၀၀၀၀ခန့် ဒဏ်ငွေ ပေးဆောင်စေခဲ့သည်။ Burnley ထိုအဖွဲ့ဝင်နှစ်ဦး၏ဆက်ဆံရေး အဆုံးသတ်ခဲ့သည်။ ၂၀၁၁သြဂုတ်လတွင် Hollywood မှတ်တမ်းများက Shallow Bay: The Best of Breaking Benjamin စုစည်းထားသော album ကို အစီအစဉ်တကျဖြန့်ချီခဲ့သည်။ အဆင့်မြင့်စွာ တည်းဖြတ် CD နှစ်ခွေဖြန့်ချီခဲ့သည်။ ဒုတိယခွေသည် ပြောင်းလဲထားသော ပုံစံသစ်ဖြစ်သည်။ ထိုalbum သည် ၂၀၁၁ သြဂုတ် ၁၆ ရက်နေ့တွင် Billboard 200 တွင် နံပါတ် ၂၂နေရာသို့ ရောက်ရှိခဲ့သည်။ Hard Rock Albums စာရင်းတွင် ၂၀၁၁၊ ၂၀၁၂ နှင့် ၂၀၁၃တွင် ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။ ထိုခွေသည်လည်း ဝေဖန်ခြင်းများ ခံခဲ့ရသည်။ Allmusic မှ Gregory Heaney က Shallow Bay သည် ၀ါသနာရှင်များ အတွက် အကောင်းဆုံးခုန်ထွက်ခြင်းဖြစ်ပြီး တီးဝိုင်း၏လှုပ်ရှားမှုများထဲမှ အကောင်းဆုံးဖမ်းယူထားခြင်း ဖြစ်သည်ဟု ဆိုသည်။ ၀ါသနာရှင်ဟောင်းများအတွက်လည်း Breaking Benjamin ၏ သက်တမ်းတစ်လျှောက်မှ အမှတ်ရစရာ အကောင်းဆုံးစုစည်းထားခြင်းဖြစ်သည်ဟုဆိုသည်။ ၂၀၁၃ဧပြီတွင် Burnley သည် Fink နှင့် Klepaskiတို့ ပြန်လည်ပါရှိ၍ တီးဝိုင်းကို ရှေ့ဆက်မည်ဟု ကြေညာခဲ့သည်။ ၃ ရက်ကြာပြီးနောက် ဒရမ်သမား Szeliga ၏ တီးဝိုင်းမှ ထွက်ခွာခြင်းကို ကြေညာခဲ့သည်။

Return and Dark Before Dawn (၂၀၁၄)

၂၀၁၄ သြဂုတ်လတွင် Breaking Benjamin သည် တီးဝိုင်းပြန်လည်ဖွဲ့စည်းခြင်းကို ပြန်လည်ကြေညာခဲ့သည်။ အခြားအဖွဲ့ဝင်သစ်များမှာ Jasen Rauch (ဂီတာ၊ Red တီးဝိုင်းမှ) Keith Wallen (ဂီတာနှင့် နောက်ခံအဆိုရှင်၊ Adolitas Way တီးဝိုင်းမှ)၊ Aaron Bruch (ဘေ့(စ်)နှင့် နောက်ခံအဆိုရှင်) နှင့် Shaun Foist(ဒရမ်၊ Picture Me Broken တီးဝိုင်းမှ) Burnley က “Keith (Wallen) နှင့် Aaron (Bruch) တို့ဟာ တကယ်ကို အံသြစရာကောင်းတဲ့ အဆိုရှင်ပါပဲ။ ဘယ်တီးဝိုင်း အမျိုးအစားမဆို အမြဲတမ်းလိုအပ်ပါတယ်ဟု ဆိုသည်။ ၂၀၁၅မတ်လ၁၈တွင် Failure သီချင်းထွက်လာခဲ့ပြီး Dark Before Dawn album သည် ဇွန်လ၂၃ရက်တွင် ဖြန့်ချီခဲ့သည်။ ၂၀၁၄နောက်ပိုင်းတွင် အကူးစတစ်show များစတင်ခဲ့သည်။ အမေရိကန်နိုင်ငံအရှေ့မြောက်ပိုင်းတွင် စတင်ခဲ့သည်။ တီးဝိုင်းသည် ၂၀၁၅တွင် ခရီးစဉ်နေ့စွဲများ ကြေညာခဲ့သည်။ Young Guns နှင့် Starset တီးဝိုင်းများပါရှိသည်။ ၂၀၁၅ ဇွန်လတွင် တီးဝိုင်းသည် သူတို့ပြည်ပဖျော်ဖြေမှုများကို ကြေညာခဲ့သည်။ ၂၀၁၅ဖေဖော်ဝါရီ Yngwie Malmsteen၊ Zakk Wylde၊ Flyleaf တို့နှင့် လေးရက်တာဖျော်ဖြေပွဲများလည်း ပါ၀င်သည်။ တီးဝိုင်းသည် Shinedown နှင့်အတူ အောက်တိုဘာနှင့် Sevendust နှင့် နို၀င်ဘာတွင် ခရီးစဉ်လှည့်ပတ်ခဲ့သည်။ ၂၀၁၆ဇွန်လတွင် အင်္ဂလန်၌ Download ပွဲတော်လည်းပါ၀င်ခဲ့သည်။ Rock and Ring (ဂျာမနီ) နှင့် Nova Rock (သြစတေးလျ) တို့လည်းပါ၀င်သည်။ Burnley သည် Dark before Dawn album သည် ၂၀၁၃ခုနှစ်တွင် ကွာဟပြီးနောက် စည်းလုံးထားသောခွေ ဖြစ်သည်ဟုဆိုသည်။ Burnley သည် ကျန်မားရေးပြန်ကောင်းလာပြီးနောက် ပိုင်း ဤ albumတွင် အာရုံစိုက်ထားခြင်းဖြစ်သည်။ Burnley ၏ ကိုယ်ပိုင် စတူဒီယိုတွင် မှတ်တမ်းတင် ၍ ထုတ်လုပ်ထားခြင်းဖြစ်သည်။ Dark Before Dawn Burnley ကိုယ်ပိုင်ထုတ်လုပ်သူအဖြစ် မှတ်တမ်းတင်ထားသည့် album ဖြစ်သည်။ တစ်နာရီအတွင်းတွင် အကြိုအမှာစာများရောက်ရှိလာပြီး Dark Before Dawn သည် Itunes ၏ rock album သီချင်း စာရင်းတွင် နံပါတ်၁နေရာသို့ရောက်ရှိခဲ့သည်။ ပထမအပတ်အတွင်းတွင် ၁၄၁၀၀၀ကျော် ရောင်းချနို်င်ခဲ့သည်။ Billboard 200တွင် နံပါတ်တစ်နေရာသို့ ရောက်ရှိခဲ့သည်။ Failure သီချင်းသည် mainstream Rock သီချင်းစာရင်းတွင် နံပါတ်တစ်နေရာသို့ ရောက်ရှိခဲ့သည်။ Top-Level တီးဝိုင်းဖြစ်လာခဲ့သည်။ သို့သော်လည်း Disturbed သို့ Shinedown တို့ကို မမီနိုင်သေးပေ။ သူတို့သည် အကောင်းဆုံးမှတ်တမ်းစာရင်းဝင်သူများဖြစ်သည်။ Album သည် ဝေဖန်ခြင်းခံခဲ့ရသည်။ ယခင်ပစ္စည်းများနှင့် ဆင်တူသည်ဟု သီချင်းကို နားထောင်ပြီး ဝေဖန်ကြသည်။

၀ိသေလက္ခဏာများ ဂီတပုံစံ

Breaking Benjamin ၏ ဂီတပုံစံသည် hard rock နှင့် alternative rock ကို အခြေခံထားပြီး post-grungeနှင့် alternative metal ဟုလည်း သိရသည်။ Alex Young က “Breaking Benjamin” သည် radio တွင် ပါ၀င်သည့် modern rock တီးဝိုင်းများမှ တစ်ခုဖြစ်ပါတယ်။ မင်းတကယ်လို့ ယခင်သီချင်းများကို နားထောင်လျှင် အလွယ်တကူ မှတ်မိနိုင်ပါတယ် ဟုဆိုသည်။ Apar က သူတို့၏ ပုံစံသည် “ heavy hard rock ကို ရောစပ်ထားပါတယ်” ဟုဆိုသည်။ young က “Breaking Benjamin ဟာ အစောပိုင်း modern rock ပုံစံဟု ဆိုသည်။