အောင်ကြည်၊ ဒေါ်(ဝဏ္ဏကျော်ထင်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၃ -
ဒေါ်အောင်ကြည်သည် မဟာဂီတ သင်ရိုးများကို အဘိုးဖြစ်သူ ဆိုင်းဆရာကြီး ဦးထွန်းအောင်ထံတွင် ခုနှစ်နှစ် သမီးအရွယ်မှစ၍ သင်ကြားခဲ့သူဖြစ်သည်။ ထို့ပြင် အကပညာကိုလည်း ခုနှစ်နှစ် သမီးအရွယ်ကပင် သင်ကြားခဲ့ရာ ကိုးနှစ်၊ ဆယ်နှစ်သမီး အရွယ်တွင် အရွယ်နှင့် မလိုက်အောင် ထူးချွန်စွာ ကပြနိုင်ခဲ့သည်။ ထို့ကြောင့် အဘိုးနှင့် အဖေတို့က ဇာတ်ပညာများကိုပါ သင်ကြားပေးခဲ့ရာ ၁၆−နှစ် သမီးအရွယ်တွင် ဦးလေးတော်သူ လူရွှင်တော်ကြီး [[ဦးချစ်စရာ]]နှင့် ရှမ်းပွဲ ဆရာတင်တို့ တည်ထောင်သော ဇာတ်အဖွဲ့၌ စတင်ပါဝင်ကပြ နိုင်ခဲ့သည်။ ငယ်မည် မစိန်ဥ အစား မအောင်ကြည် ဟူသောအမည်ကို ထိုအချိန်မှ စ၍ ရှမ်းပွဲဆရာတင်က ပေးခဲ့ခြင်း ဖြစ်သည်။ ရှမ်းပွဲဆရာတင်ဇာတ်တွင်နှစ်နှစ်ကျော် ကပြခဲ့ပြီးနောက် ဦးလေးဖြစ်သူ လူရွှင်တော် ဦးချစ်စရာ၏ အငြိမ့်အဖွဲ့တွင် ခေါင်းဆောင်မင်းသမီး အဖြစ် ကပြခဲ့ပြန်သည်။ တဖန် ဇာတ်လောကသို့ ပြန်လည်ကူးပြောင်း ကပြခဲ့ပြန်ရာ ဦးစိန်အုပ်၊ ဦးဘကွန်း၊ ဦးဘလှိုင်၊ ဦးကျော်ရှိန် စသည့် နာမည်ကျော် ဇာတ်မင်းသားကြီးများနှင့် တွဲဖက်ကပြခဲ့ရသည်။ တစ်ဖန် အငြိမ့်လောကသို့ ကူးပြောင်းခဲ့ပြန်ရာ [[စန္ဒရား]] မမကြီး၏ အငြိမ့်အဖွဲ့တွင် ခေါင်းဆောင်မင်းသမီး မအောင်ကြည်အဖြစ် နာမည်ကျော်ခဲ့ပြန်သည်။ ဒေါ်အောင်ကြည်သည် ရာမဇာတ်ပညာကို သီတာဒေဝီ မင်းသမီးကြီး ဒေါ်မြနု ထံတွင် သင်ကြားပြီး စကော့ဈေး ရာမဇာတ် အဖွဲ့၌ သီတာဒေဝီ မင်းသမီးအဖြစ် ပါဝင်ကပြခဲ့သေးသည်။
 
ဒေါ်အောင်ကြည်သည် မဟာဂီတ သီချင်းကြီးများကို အဘိုးနှင့် ဖခင်ထံတွင် သင်ရိုးကျွတ်သည်အထိ သင်ကြားခဲ့ယုံသာမက ရုပ်သေးမင်းသားကြီး ဦးထွန်းအိုင်၊ ရုပ်သေးမင်းသမီး ဆရာမှန်း၊ ဘာဂျာ ဆရာလွှား၊ [[မောင်မောင်ကြီး၊ ဒေဝဣန္ဒာ|ဒေဝဣန္ဒာမောင်မောင်ကြီး]]၊ စောင်းမောင်မောင်လတ်၊ စန္ဒရား မောင်မောင်လေး၊ ဆရာဘကြီး၊ ဆရာဘလေး သည့် ဂီတပညာရှင်ကြီးများထံတွင် မဟာဂီတ သီချင်းကြီး၊ သီချင်းခန့်များကို သင်ကြားတတ်မြောက်ခဲ့ပေရာ သီဆိုမှု ဂီတပညာတွင်လည်း ထူးချွန်ခဲ့သူ ဖြစ်သည်။
 
ဒေါ်အောင်ကြည်သည် ရွာစားကြီး [[စိန်ဗေဒါ|ဦးစိန်ဗေဒါ]] ဆိုင်းအဖွဲ့မှ နှဲဆရာ မြန်မာညွန့် ဦးချစ်မောင်နှင့် အိမ်ထောင်ကျခဲ့သည်။ ဦးချစ်မောင်မှာ [[ပတ္တလား]]ကိုလည်း နိုင်နင်းစွာ တီးခတ်နိုင်သူ ဖြစ်ရာ ဒေါ်အောင်ကြည်သည် ဦးချစ်မောင်နှင့် တွဲဖက်၍ [[မဟာဂီတ]]ကို သင်ရိုးမပျက် တီထွင်ဆန်းသစ် တီးမှုတ်သီဆိုခဲ့သည်။