အောင်ကြည်၊ ဒေါ်(ဝဏ္ဏကျော်ထင်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Daw Aung Kyi.jpg|thumb|ဂီတမိခင်ကြီး ဝဏ္ဏကျော်ထင် ဒေါ်အောင်ကြည်]]
မြန်မာ့ဂီတလောက၌ ဂီတမိခင်ကြီးဟု ထင်ရှားသော ဂီတပညာရှင် '''ဝဏ္ဏကျော်ထင် ဒေါ်အောင်ကြည်'''ကို [[မန္တလေးတိုင်းဒေသကြီး]]၊ [[တံတားဦးမြို့]]၌ အဖဦးဘစီ၊ အမိ ဒေါ်သင်းတို့က ၁၈၉၆−ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့တွင် မွေးဖွားသည်။ ငယ်အမည် မစိန်ဥ ဖြစ်သည်။ ဖခင်ဖြစ်သူ ဦးဘစီမှာ သီပေါမင်းလက်ထက်က စင်တော်မင်းသား (ရုပ်သေးမင်းသား) ဖြစ်သည်။ မိခင်ဖြစ်သူ ဒေါ်သင်းမှာလည်း [[သီပေါမင်း]]လက်ထက် စင်တော်ကလေး ဆိုင်းဆရာ ဦးထွန်းအောင်၏ သမီးဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ကြည်သည် သဘင်မျိုးရိုး ဆိုင်းမျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သည်။