ပင်လုံညီလာခံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁ -
 
[[File:848241027_c73f2897b9_o.jpg|thumb|ပင်လုံစာချုပ်ကိုဗိုလ်ချုပ်အောင်ဆန်းလက်မှတ်ရေးထိုးနေပုံ]]
[[File:DSC00060.JPG|သမိုင်းဝင်ပင်လုံကျောက်တိုင်|thumb]]
[[File:Panglong Agreement.png|သမိုင်းဝင်ပင်လုံစာချုပ်|thumb]]
 
== ၁၉၄၇ ခုနှစ် ပင်လုံညီလာခံ ==
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင်အမျိုးသားခေါင်းဆောင်ကြီး [[ဗိုလ်ချုပ်အောင်ဆန်း]] သည် [[ရဲတပ်ဗိုလ်ချုပ် ဆာမောင်ကြီး|ဆာမောင်ကြီး]]၊ [[ဗိုလ်မှူးအောင်]]၊ [[အောင်ဇံဝေ၊ ဦး| ဦးအောင်ဇံဝေ]]၊ [[တင်ထွဋ်၊ ဦး (အိုင်စီအက်စ်)|ဦးတင်ထွဋ်(အိုင်စီအက်စ်)]]၊ [[ခင်မောင်ကလေး၊ ဗိုလ်|ဗိုလ် ခင်မောင်ကလေး]]၊ [[မြို့မ-ဦးသန်းကြွယ်]]၊ သခင်ဝတင်[[ဝတင်၊ သခင်|သခင်ဝတင်]]နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင်ဦးဆောင်ခဲ့သည်။ <ref>[[၁၉၇၂]] ခုနှစ်ပထမအကြိမ် ပုံနှိပ်ထုတ်ဝေသော ပင်လုံညီလာခံ သမိုင်းစဉ်စာမျက်နှာ ၁၃၈</ref> <ref>[[၁၉၈၀]]မေမြို့ချစ်ဆွေ ရေးသား ပြုစုခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု လစဉ်မှတ်တမ်း</ref> မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံးတို့အပြင် ရှမ်းပြည် နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် ...ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည်လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။
 
* (၁)တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။