ဆလုံလူမျိုး: တည်းဖြတ်မှု မူကွဲများ

Fixed typo
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
Fixed typo
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၄၃ -
 
== ထိမ်းမြားလက်ထပ်ခြင်း ==
ဆလုံ တိုင်းရင်းသား တို့သည် ကလေး မီးဖွားလှျင်မီးဖွားလျှင် မွေးဖွားလာလှျင်မွေးဖွားလာလျှင် မွေးဖွားစကလေး အတွက် နတ်ဆရာနှင့် နတ်ကိုးကွယ် ကြသည်။ သေဆုံးသွား လှျင်လည်းလျှင်လည်း သေဆုံးသူ ကောင်းရာ မွန်ရာ ရောက်အောင် နတ်ဆရာနှင့် ပူဇော်ပသလေ့ ရှိသည်။ ထိုနည်းတူစွာ သတိုးသားနှင့် သတိုးသမီး ထိမ်းမြား လက်ထပ်ပွဲတွင်လည်း နတ်ဆရာနှင့် ရိုးရာနတ်ကို ပူဇော်ပသမှု ပြုမှသာလှျင် လင်မယား အရာမြောက် သည်ဟု ဆလုံတို့က ယူဆပါသည်။ ဆလုံတိုင်းရင်းသား တို့သည် ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ပြုသူများ ဖြစ်သည့် အားလျော်စွာ အသက်(၁၇)၊ (၁၈)နှစ်ခန့်တွင် အိမ်ထောင်ပြုလေ့ ရှိပါသည်။ အမျိုးသား တစ်ယောက်သည် အမျိုးသမီးတစ်ယောက်ကို သဘောကျ နှစ်သက်သောအခါ အမျိုးသမီး မိဘများထံသွား၍ တောင်းရမ်းရပါသည်။ ထိုသို့ တောင်းရမ်းစဉ် အမျိုးသားနှင့်အတူ မိဘ(၂)ပါး ပါရသည်။ ဆလုံတို့၏ အကြီးအကဲ ပါရသည်။ အမျိုးသမီးဘက်က လက်ခံသောအခါ မင်္ဂလာပွဲရက်ကို နေ့သတ်မှတ်၍ နတ်ဆရာနှင့် တိုင်ပင်ကာ စားသောက် ဖွယ်ရာများကို စီမံပြင်ဆင်ကြ ပါသည်။
 
သူတို့၏ အစားအသောက်များကား အထူးအဆန်းမဟုတ်ပါ။ ငါးကင်များ၊ ဆီနည်းနည်းဖြင့် ကြော်ထားသော လင်းနို့ကြော်၊ လင်းဆွဲကြော်၊ အူ အသည်းများ ထုတ်ထားသော ကြက်ကောင်လုံးပြုတ်၊ ကြက်ကောင်လုံးကင်၊ တစ်ခါတစ်ရံရတတ်သော သင်းခွေချပ်ကြော်၊ မျောက်သားကြော်နှင့် ပျားရည်၊ အရက်တို့ပင် ဖြစ်ပါသည်။ မျောက်ချေးခါးကိုလည်း ဆလုံတို့ စားလေ့ စားထ ရှိပါသည်။ မင်္ဂလာ အခမ်းအနား ကျင်းပသည့် နေ့ရက်တွင် တစ်စုတစ်ဝေးတည်း နေကြသည့် ဆလုံတို့မှာ မည်သည့်ကိုယ်ရေး ကိုယ်တာ အလုပ်ကိုမှျအလုပ်ကိုမျှ မလုပ်ဘဲ မင်္ဂလာပွဲအတွက်သာ အားလုံး ဝိုင်းဝန်း လုပ်ဆောင် ချက်ပြုတ်ကြ ပါသည်။ နံနက်(၉)နာရီခန့်တွင် ဆလုံနတ်ဆရာ ရောက်လာ ပါသည်။ သူ့လက်ထဲတွင် ပလွေကဲ့သို့သော တူရိယာလေးတစ်ခု ပါလာပါသည်။ ဆလုံမင်္ဂလာပွဲကို များသော အားဖြင့် ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွင် ကျင်းပလေ့ ရှိပါသည်။ ဆလုံ နတ်ဆရာတစ်ယောက် မင်္ဂလာပွဲသို့ ရောက်ရှိလာချိန်တွင် နတ်ပူဇော်ပွဲအတွက် အစားအသောက်များ ပြင်ဆင်ပြီး အဆင်သင့် ဖြစ်နေပါပြီ။ နတ်ဆရာသည် ရှေးဦးစွာ သူတို့၏ ဆလုံရိုးရာနတ်ကို လက်နှစ်ဖက် ခေါင်းပေါ်မြှောက်ကာ အပေါ်အောက် လှုပ်ရှားလျက် ပလွေမှုတ်ကာ ပင့်ဖိတ်ပါသည်။ ပြီးနောက် လက်ထပ်မည့် အမျိုးသား၊ အမျိုးသမီး လက်လေးဖက်ကို ပူးယှက်စေကာ သူတို့ လက်ပေါ်သို့ နတ်ဆရာ၏ လက်ဝါးနှစ်ဖက်ကို အုပ်မိုးလိုက် ပါသည်။ ထို့နောက် သူတို့ ရိုးရာဖြင့် ဤမင်္ဂလာ မောင်မယ်ကို ရာသက်ပန် စောင့်ရှောက်စေလိုကြောင်း သူတို့၏ ကျန်းမာရေးအတွက် သူတို့ အလုပ်အကိုင် အတွက် အကူအညီများ ပေးစေလိုကြောင်း တိုင်တည်ပြောဆို ပါသည်။ သတိုးသားနှင့် သတိုးသမီးကိုလည်း ရာသက်ပန်ရိုးရာ ရိုးမြေကျ ပေါင်းဖေါ်မည့်အကြောင်း ရိုးရာနတ်ထံ လက်လေးဖကလက်လေးဖက် ်မြှောက်ကာမြှောက်ကာ တိုင်တည်စေ ပါသည်။
 
ဆလုံ တိုင်းရင်းသားတို့သည် တစ်လင်တစ်မယား စနစ်ကိုသာ ကျင့်သုံးသောသူများ ဖြစ်ပါသည်။ သူတို့ လောကတွင် အိမ်ထောင်ရေး ဖောက်ပြန်မှုကို လုံးဝလက်မခံချေ။ အိမ်ထောင်ရေး ဖောက်ပြန်သူများကို သူတို့အစုအဝေးမှ ရာသက်ပန်နှင်ထုတ်ကာ သူတို့နှင့် လုံးဝ အဆက်အသွယ် မလုပ်တော့ပါ။ သူတို့သည် အစုအဝေးနှင့် နေတတ်သည့်အားလျော်စွာ ထိုကဲ့သို့ အပြစ်ဒဏ်မျိုးကို အလွန်ပင် ကြောက်ရွံ့ကြ ပါသည်။ သူတို့သည် အိမ်ထောင်ကျသော အခါ သူတို့အတွက် (မင်္ဂလာမောင်မယ်အတွက်) ရိုးရာလှေတစ်စီး၊ ငါးဖမ်းပိုက်တစ်စုံနှင့် ငါးဖမ်းကိရိယာအချို့ကို လက်ဖွဲ့ လိုက်ပါသည်။ ဇနီးမောင်နှံ နှစ်ယောက် ဒိုးတူပေါင်ဖက် လုပ်ကိုင် စားသောက်ကြတော့ဟု ဆိုလိုသည့် သဘောပင်။ သို့သော် ဇနီးမောင်နှံနှစ်ယောက်မှာ အဝေးသို့သွားစရာမလို၊ သည်အစုအဝေးမှာပင် နေထိုင်စေပါသည်။
 
ဆလုံရိုးရာ နတ်ပွဲများတွင် နတ်ဆရာသည် နတ်ကိုတိုင်တည် ပူဇော်ပြီးနောက် နတ်ပူးလာပြီး နတ်ဝင် လာသည်ဟု ဆိုကာ တုန်တက်လာပါသည်။ ပြီးနောက် အရက်သောက်ပါသည်။ ငါးကင်၊ ကြက်ကောင်လုံးကင်၊ အစားအသောက်များ စားပါသည်။ ပြီးနောက် နတ်ဆရာ တုန်တုန်ယင်ယင်ဖြင့် ကပါသည်။ ပရိသတ်ကလည်း လိုက်ကပါသည်။ နတ်ဆရာ နတ်ဝင်သည်မှာ နာရီဝက်ခန့်သာ ကြာပါသည်။ နတ်ဆရာထံမှ နတ်ထွက်သွားသောအခါ တုန်တုန်ယင်ယင် အမူအရာများ ပျောက်ကွယ်သွား ပါသည်။ ဆလုံတို့၏ မင်္ဂလာပွဲ ကပွဲကား တစ်နာရီင်္ခန့်တစ်နာရီခန့် ကြာမြင့်ပါသည်။
 
== တစ္ဆေကြီးပွဲ ==