"ခရိုင်" ၏ တည်းဖြတ်မှု မူကွဲများ

၆၂၄ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၄ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး
'''ခရိုင်''' ({{lang-en|District}}) ဆိုသည်မှာ နိုင်ငံအချို့ရှိ အုပ်ချုပ်ရေးနယ်မြေ အမျိုးအစား တစ်ခုဖြစ်ပြီး ဒေသဆိုင်ရာ အစိုးရအဖွဲ့က စီမံအုပ်ချုပ်သည်။
 
== နိုင်ငံအလိုက် ခရိုင်များ ==
=== {{MYA}} ===
{{main|မြန်မာနိုင်ငံရှိ ခရိုင်များ}}
ခရိုင်ကို ရှေးမြန်မာစာ၌ ခရိုန်ဟု နသတ်နှင့် ရေးမြဲဖြစ်၏။ [[ဦးဝန်]]၏ တက္ကသိုလ် [[မြန်မာအဘိဓာန်]]၌ ခရိုင်ကို ထီးတွင် ထီးကိုင်းကို ထောက်ကန်ထားသော ထီးလက်များစုဝေးရာ လှည်းပုံ တောင်သဏ္ဌာန်အဆောက်အဦ မြို့ သို့မဟုတ် ရွာနှင့် ယင်းတို့အုပ်ချုပ်သော လက်အောက်ခံနယ်မြေ အပိုင်းအခြား၊ ရွာအများ၊ မြို့အများကို စုပေါင်း၍ ဝန်တစ်ဦး အုပ်ချုပ်ရသော နယ်မြေအပိုင်းအခြားဟု အဓိပ္ပာယ်ပေး၏။
 
ခရိုင်ဆိုသည်မှာ နီးစပ်ရာ မြို့နယ်များကို စုပေါင်းပြီး ခရိုင်ဟု သတ်မှတ်သည်။ ရှေးက ခရိုင်ကို ခရိုန်ဟု ရေးကြသည်။ [[ဒေါက်တာသန်းထွန်း]]၏ '''နဝရတ်ကိုးသွယ်'''စာအုပ်၊ စာ ၄၀၅ တွင် '''"ခရိုန်ဟူသည် မြန်မာအဆန်ဆုံးဖြစ်ကာ ဖွဲ့စည်းအုပ်ချုပ်ပုံမှာလည်း အခြားအရပ်များမှာထက် ပို၍ စနစ်ကြ သေသပ်ထူးခြားလျက် စပါးစိုက်သောဒေသ ဖြစ်သည်။'''"ဟု ဖော်ပြထားသည်။ စာ ၃၀၀ တွင်လည်း '''ခရိုန်ကို ရှေးမြန်မာစာ၌ နသတ်နှင့် ရေးမြဲဖြစ်၏။
 
===လယ်တွင်း ဆယ့်တစ်ခရိုင်===
{{split|လယ်တွင်း ဆယ့်တစ်ခရိုင်}}
ခရစ်(၁၀၄၄−၁၀၇၇)ထိ နန်းစံသွားသော အနိရုဒ္ဓဒေဝ ခေါ် [[အနော်ရထာမင်း]]ကြီး တည်ထောင်သွားသော လယ်တွင်း ဆယ့်တစ်ခရိုန် (ခရိုင်) ဖြစ်သည်။
လယ်တွင်း ဆယ့်တစ်ခရိုင်မှာ −
ရှေးက လယ်တွင်း ဆယ့်တစ်ရွာဟုလည်း ခေါ်ကြပါသည်။ ထိုအချိန်က ခရိုန်ဟူ၍၎င်း၊ ရွာဟူ၍၎င်း ခေါ်ကြပါသည်။ ဤသည်ကို ထောက်၍ ရွာနှင့် ခရိုန်မှာ အဆင့်တူဖြစ်ပါသည်။ ယခုခေတ်အခါကြမှာ ရွာက အဆင့်နိမ့်သွားခြင်း ဖြစ်သည်။<ref>မဟာရွှေသိမ်တော် ဘုရားသမိုင်း စာအုပ်မှ</ref>
 
===[[လယ်တွင်းကိုးခရိုင်]]===
[[ကုန်းဘောင်ခေတ်]]၊ [[ဘိုးတော်ဘုရား]]လက်ထက်တွင် ကျောက်ဆည်ခရိုင် တစ်ခုလုံးကို ကိုးခရိုင် ဖွဲ့စည်းတော်မူ၍ ကိုးခရိုင် ခေါ်တွင်စေခဲ့သည်။ <ref>စွယ်စုံကျမ်းအတွဲ(၉) စာ ၄၄၀</ref>