သခင်ဝတင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး +infobox
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၃၁ -
၁၉၄၂-ခုနှစ် ဧပြီလ ၂၈ရက်နေ့တွင် မန္တလေးထောင်မှ လွတ်သည်။ ရန်ကုန်သို့ပြန်လာပြီး ဂျပန်ခေတ်တွင် သခင်နှစ်ခြမ်းကွဲအုပ်စုနှင့် မျိုးချစ်အဖွဲ့၊ ဒေါက်တာဘမော် အဖွဲ့ပေါင်း၍ တို့ဗမာဆင်းရဲသား အစည်းအရုံးဖွဲ့ရာတွင် သခင်ဝတင်သည် မြန်မာနိုင်ငံ အောက်ပိုင်းတိုင်းကို တာဝန်ယူရသည်။
 
==နိုင်ငံရေး==
==ကိုးကား==
ထို့နောက် ၁၉၃၃-ခုနှစ်၊ အောက်တိုဘာလတွင် [[တို့ဗမာ အစည်းအရုံး]]သို့ ဝင်သည်။ ၁၉၃၅-ခုနှစ်၊ ဧပြီလတွင် [[ရေနံချောင်း]]တွင် ကျင်းပပြုလုပ်သော ရေနံချောင်း၊ ပြည်လုံးကျွတ် တို့ဗမာအစည်းအရုံး ညီလာခံသို့ [[ပြည်ခရိုင်]]ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ထိုညီလာခံသို့ [[ပုတီးကုန်းသခင်ပု]]၊ [[သခင်ညီ]]၊ သခင်ထွန်းခင် (ခေါ်) [[ဗိုလ်မြင့်ဆွေ(ရဲဘော်သုံးကျိပ်)]]တို့လည်း တက်ရောက်ခဲ့ကြသည်။ ၁၉၃၆-ခုနှစ် ဇွန်လတွင် [[မြင်းခြံ]]တွင်ပြုလုပ်သော မြင်းခြံပြည်လုံးကျွတ် တို့ဗမာအစည်းအရုံး ညီလာခံသို့ ပုတီးကုန်းသခင်ပု၊ သခင်ညီ၊ သခင်ထွန်းခင်၊ [[သခင်မကြီး ဒေါ်သိန်းတင်]]၊ [[သခင်မကြီး ဒေါ်ခင်ခင်]]တို့နှင့်အတူ ပြည်ခရိုင် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ပြန်သည်။ ထို့နောက် ၁၉၃၈-ခုနှစ်၊ မတ်လတွင် ပြည်မြို့တွင်ပြုလုပ်သော ပြည်လုံးကျွတ်ညီလာခံ ဖြစ်မြောက်ရေးအတွက် သခင်ညီနှင့်အတူ ဦးဆောင်ခဲ့သည်။
{{reflist|
<ref>စွယ်စုံကျမ်းနှစ်ချုပ်(၁၉၉၀)</ref>
}}
 
ထိုနှစ် စက်တင်ဘာလတွင် နယ်ချဲ့ဆန့်ကျင်ရေး တရားဟောပြောခဲ့သောကြောင့် ပြည်ခရိုင်ဝန် ဂရေစီ၏ရုံးတွင် တရားစွဲခံရသည်။ ထောင်တစ်နှစ် ချခံရသည်။ ၁၉၃၈-ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၃၉-ခုနှစ်၊ ဒီဇင်ဘာလအထိ [[အင်းစိန်ထောင်]]တွင် နေရသည်။
{{Lifetime|၁၉၀၉|၁၉၈၉}}
 
[[Category:မြန်မာ့နိုင်ငံရေးသမားများ]]
၁၉၄၀-ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် [[ပုတီးကုန်းမြို့]]၌ ပြုလုပ်သော ပြည်ခရိုင် တို့ဗမာအစည်းအရုံး ညီလာခံတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ထို့ပြင် သခင်ထွန်းအုပ်၊ သခင်ဗစိန် ဦးဆောင်သော တို့ဗမာ အစည်းအရုံး ဌာနချုပ် အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်သည်။ ထိုနှစ် မတ်လတွင် [[ဖျာပုံမြို့]]၌ ပြုလုပ်သော ပြည်လုံးကျွတ် တို့ဗမာအစည်းအရုံး ညီလာခံသို့ တို့ဗမာအစည်းအရုံး ဌာနချုပ် စည်းရုံးရေးမှူးအဖြစ်၎င်း၊ ပြည်ခရိုင် တာဝန်ခံအဖြစ်၎င်း တက်ရောက်ခဲ့သည်။
[[Category:မြန်မာ့နိုင်ငံရေး အကျဉ်းသားများ]]
 
၁၉၄၀-ပြည့်နှစ်၊ မေလတွင် [[ဖျာပုံခရိုင်]]။ သလိပ်ကြီးရွာတွင် နယ်ချဲ့ဆန့်ကျင်ရေး တရားဟောမှုဖြင့် တရားစွဲခံရပြီး နယ်ချဲ့အစိုးရက ထောင်တစ်နှစ်ချသည်။ ၁၉၄၀-ပြည့်နှစ်၊ မေလမှ ၁၉၄၁-ခုနှစ်၊ မေလအထိ အင်းစိန်ထောင်၌ အချခံရသည်။ ထောင်မှူးဝင်လာသည်ကို မတ်တတ်မရပ်သဖြင့် တစ်နှစ်လုံး တိုက်ပိတ်ခံရသည်။ ၁၉၄၁-ခုနှစ်၊ ဒီဇင်ဘာလ ၉-ရက်နေ့တွင် အဖမ်းခံရပြန်သည်။ ပြည်မြို့ထောင်တွင် ထောင်ကျခံရသည်။ အရှေ့တောင်အာရှတွင် ဂျပန်၊ အင်္ဂလိပ်၊ အမေရိကန် စစ်ဖြစ်နေချိန် နယ်ချဲ့အစိုးရအား ပုန်ကန်ခြားနားမည့်သူများကို ဖမ်းခြင်းဖြစ်သည်။ ထို့နောက် [[သာယာဝတီထောင်]]၊ ပုသိမ်ထောင်၊ တောင်ငူထောင်၊ ဟင်္သာတထောင်၊ ပြည်ထောင်၊ ရန်ကုန်ထောင်ကြီးတို့မှ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို စုပေါင်း၍ ၁၉၄၂-ခုနှစ်၊ မတ်လတွင် မန္တလေးထောင်သို့ ပို့ရာ သခင်ဝတင်လည်း ပါသွားသည်။
 
၁၉၄၂-ခုနှစ် ဧပြီလ ၂၈ရက်နေ့တွင် မန္တလေးထောင်မှ လွတ်သည်။ ရန်ကုန်သို့ပြန်လာပြီး ဂျပန်ခေတ်တွင် သခင်နှစ်ခြမ်းကွဲအုပ်စုနှင့် မျိုးချစ်အဖွဲ့၊ ဒေါက်တာဘမော် အဖွဲ့ပေါင်း၍ တို့ဗမာဆင်းရဲသား အစည်းအရုံးဖွဲ့ရာတွင် သခင်ဝတင်သည် မြန်မာနိုင်ငံ အောက်ပိုင်းတိုင်းကို တာဝန်ယူရသည်။
 
==နိုင်ငံခြားခရီး==
၁၉၄၃-ခုနှစ်တွင် ဂျပန်နိုင်ငံ အစိုးရက ဖိတ်ကြားသော ဧည့်သည်တော် (၂၅)ယောက်တွင် အဖွဲ့ဝင်အဖြစ် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ ဂျပန်နိုင်ငံတွင် နှစ်လ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်ဝမ်နှင့် ထိုင်း(ယိုးဒယား)တု့တွင် နှစ်လခန့် ကြာခဲ့သည်။
 
၁၉၄၄-ခုနှစ် ဂျပန်တော်လှန်ရေး အစပျိုးသောအခါ သခင်တင်ဝသည် မြေအောက်တော်လှန်ရေး လုပ်ခဲ့သည်။ ကရင်ဗမာ ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးအတွက် မြစ်ဝကျွန်းပေါ်ဒေသများသို့ ၁၉၄၃၊ ၁၉၄၄နှင့် ၁၉၄၅-ခုနှစ်များအတွင်း ခြောက်ကြိမ်သွားရောက်ခဲ့သည်။ ထို့နောက် မြစ်ဝကျွန်းပေါ်ဒေသများသို့ တစ်ကြိမ်၊ မြန်မာပြည် အလယ်ပိုင်းတိုင်းသို့ တစ်ကြိမ် စစ်သားစုဆောင်းရေး အရာရှိအဖြစ် သွားရောက်ခဲ့သည်။ သခင်ဝတင်သည် ၁၉၄၅-ခုနှစ် ဂျပန်တော်လှန်ရေး ကာလတွင် ရန်ကုန်တွင် တာဝန်ကျခဲ့သည်။
 
၁၉၄၅-ခုနှစ် ဖဆပလအဖွဲ့ချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းက ဥက္ကဋ္ဌ၊ သခင်သန်းထွန်းက အထွေထွေ အတွင်းရေးမှူး၊ သခင်ဝတင်က အတွင်းရေးမှူး(စည်းရုံးရေး)၊ သခင်ချစ်က အတွင်းရေးမှူး(အုပ်ချုပ်ရေး) အဖြစ် အသီးသီးတာဝန်ယူ ဆောင်ရွက်ခဲ့ကြသည်။
 
၁၉၄၅-ခုနှစ် မြန်မာပြည် ဆိုရှယ်လစ်ပါတီကို တည်ထောင်ရာ သခင်ဝတင်သည် အမှုဆောင် အဖွဲ့ဝင် ဖြစ်ခဲ့သည်။ ၁၉၄၅-ခုနှစ်၊ အမျိုးသားနေ့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တိုက်ကြီးမြို့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး နယ်ချဲ့ဆန့်ကျင်ရေးတရား ဟောခဲ့ပြီး ထိုနှစ်မှာပင် ဖဆပလအဖွဲ့၏ နေသူရိန် လူထုအင်အားပြ အစည်းအဝေး၊ ရွှေတိဂုံ အလယ်ပစ္စယံ လူထုအင်အားပြ အစည်းအဝေးတို့တွင် ဦးဆောင်ပါဝင်ခဲ့သည်။
 
၁၉၄၆-ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ကျင်းပသော ဖဆပလ၏ ပထမအကြိမ် ညီလာခံတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုနှစ် ဖေဖော်ဝါရီလတွင် ဆိုရှယ်လစ် ပါတီ၏ နှစ်ပတ်လည် ညီလာခံ ကျင်းပသောအခါတွင်လည်း အမှုဆောင် တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၄၆-ခုနှစ်၊ ပုလိပ်သပိတ် ဖြစ်မြောက်ရန် ခေါင်းဆောင်အဖြစ် ဆောင်ရွက်စည်းရုံးခဲ့ပြီး ၁၉၄၆-ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့တွင် ရွှေတိဂုံကုန်းတော်ပေါ်တွင် ပုလိပ်သပိတ် မှောက်ခဲ့သည်။ ၎င်းနေ့မှ စ၍ လူထုပုလိပ်၊ လူထုရဲဟု စတင်ခေါ်တွင်လာကြသည်။
 
သခင်ဝတင်သည် ၁၉၄၇-ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပင်လုံညီလာခံသို့ တက်ခဲ့သည်။
<ref>စွယ်စုံကျမ်းနှစ်ချုပ်(၁၉၉၀)</ref>