"ခရိုင်" ၏ တည်းဖြတ်မှု မူကွဲများ

၂၅၈၅ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၄ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး
အရေးမကြီး
'''စာလုံးမည်း''''''ခရိုင်''' ({{lang-en|District}}) ဆိုသည်မှာ နိုင်ငံအချို့ရှိ အုပ်ချုပ်ရေးနယ်မြေ အမျိုးအစား တစ်ခုဖြစ်ပြီး ဒေသဆိုင်ရာ အစိုးရအဖွဲ့က စီမံအုပ်ချုပ်သည်။
 
== နိုင်ငံအလိုက် ခရိုင်များ ==
ခရိုင်ဆိုသည်မှာ နီးစပ်ရာ မြို့နယ်များကို စုပေါင်းပြီး ခရိုင်ဟု သတ်မှတ်သည်။ ရှေးက ခရိုင်ကို ခရိုန်ဟု ရေးကြသည်။ [[ဒေါက်တာသန်းထွန်း]]၏ ''နဝရတ်ကိုးသွယ်''စာအုပ်၊ စာ ၄၀၅ တွင် "ခရိုန်ဟူသည် မြန်မာအဆန်ဆုံးဖြစ်ကာ ဖွဲ့စည်းအုပ်ချုပ်ပုံမှာလည်း အခြားအရပ်များမှာထက် ပို၍ စနစ်ကြ သေသပ်ထူးခြားလျက် စပါးစိုက်သောဒေသ ဖြစ်သည်။"ဟု ဖော်ပြထားသည်။ စာ ၃၀၀ တွင်လည်း ခရိုန်ကို ရှေးမြန်မာစာ၌ နသတ်နှင့် ရေးမြဲဖြစ်၏။
 
===လယ်တွင်း ဆယ့်တစ်ခရိုင်===
{{split|လယ်တွင်း ဆယ့်တစ်ခရိုင်}}
ခရစ်(၁၀၄၄−၁၀၇၇)ထိ နန်းစံသွားသော အနိရုဒ္ဓဒေဝ ခေါ် [[အနော်ရထာမင်း]]ကြီး တည်ထောင်သွားသော လယ်တွင်း ဆယ့်တစ်ခရိုန် (ခရိုင်) ဖြစ်သည်။
လယ်တွင်း ဆယ့်တစ်ခရိုင်မှာ −
# ပင်လယ်၊
# မြစ်မနား၊
# မြစ်သား၊
# မြင်းခုံတိုင်၊
# ယမုံး၊
# ပနံ၊
# မက္ခရာ၊
# တပြတ်သာ၊
# သင်တောင်း၊
# တမုတ်၊
# ခံလူး တို့ဖြစ်ကြသည်။
 
ရှေးက လယ်တွင်း ဆယ့်တစ်ရွာဟုလည်း ခေါ်ကြပါသည်။ ထိုအချိန်က ခရိုန်ဟူ၍၎င်း၊ ရွာဟူ၍၎င်း ခေါ်ကြပါသည်။ ဤသည်ကို ထောက်၍ ရွာနှင့် ခရိုန်မှာ အဆင့်တူဖြစ်ပါသည်။ ယခုခေတ်အခါကြမှာ ရွာက အဆင့်နိမ့်သွားခြင်း ဖြစ်သည်။<ref>မဟာရွှေသိမ်တော် ဘုရားသမိုင်း စာအုပ်မှ</ref>
 
===[[လယ်တွင်းကိုးခရိုင်]]===
[[ကုန်းဘောင်ခေတ်]]၊ [[ဘိုးတော်ဘုရား]]လက်ထက်တွင် ကျောက်ဆည်ခရိုင် တစ်ခုလုံးကို ကိုးခရိုင် ဖွဲ့စည်းတော်မူ၍ ကိုးခရိုင် ခေါ်တွင်စေခဲ့သည်။ <ref>စွယ်စုံကျမ်းအတွဲ(၉) စာ ၄၄၀</ref>
 
ယခုအခါ [[ကျောက်ဆည်ခရိုင်]]ကို လယ်တွင်းကိုးခရိုင်ဟု ခေါ်ကြသည်။ ကျောက်ဆည်ခရိုင်ကို [[ကျောက်ဆည်မြို့နယ်]]၊ [[စဉ့်ကိုင်မြို့နယ်]]၊ [[တံတားဦးမြို့နယ်]]၊ [[မြစ်သားမြို့နယ်]]တို့နှင့် ဖွဲ့စည်းထားသည်။
 
== ကိုးကား ==
၂၆၂၂၃

တည်းဖြတ်မှုများ