သခင်ဝတင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎နိုင်ငံရေး
စာကြောင်း ၅၅ -
 
==လွတ်လပ်ရေးရပြီး==
၁၉၄၈-ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသောအခါ [[ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာနတွင်အသံလွှင့်ဦးစီးဌာန]]တွင် အုပ်ချုပ်ရေး အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၉-ခု။ ဇန်နဝါရီလတွင် ပြန်ကြားရေးဌာနမှထွက်၍ ဖဆပလအဖွဲ့ချုပ်တွင် ဒုတိယ အထွေထွေအတွင်းရေးမှူးအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်။ တစ်ချိန်ထည်းမှာပင် ရန်ကုန်ခရိုင်၊ ဖဆပလဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည်။
 
ထို့နောက် ၁၉၅၁-ခုနှစ်တွင် ၁၉၅၁-ခု ပြည်လုံးကျွတ်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအဖွဲ့တွင် ဦးဆောင်ပါဝင်ခဲ့သည်။ သို့သော် မိမိကိုယ်တိုင် ပါဝင် အရွေးမခံခဲ့ချေ။ သခင်ဝတင်သည် ၁၉၅၁ ပြည်လုံးကျွတ် ဒုတိယအကြိမ် ရွေးကောက်ပွဲအပြီး မတ်လ (၂)ရက်တွင် နိုင်ငံရေးနယ်ပယ်မှ အနားယူခဲ့သည်။