အင်တာနက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲ: မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁၁၇ -
== ဆက်သွယ်ရေး ==
 
အီးမေး(လ်) သည် အင်တာနက်ပေါ်တွင် ရရှိနိုင်သော အရေးပါသည့် ဆက်သွယ်ရေး ဝန်ဆောင်မှု ဖြစ်သည်။ ပို့သူနှင့် လက်ခံရရှိသူအကြား အီလက်ထရောနစ်ဖြင့် စာပို့ဆောင်သည့် သဘောတရားမှာ အင်တာနက်မပေါ်မီကာလက စာ သိ့ုမဟုတ်သို့မဟုတ် မှတ်တမ်းများပို့ခြင်းနှင့် အချို့အဝက်ဆင်တူသည်။ ယနေ့အချိန်အခါတွင် ၎င်းမှာ အင်တာနက်နှင့် အင်တာနယ်(လ်) အီးမေး(လ်)စနစ်များ အကြားတွင် ခွဲခြားသိမြင်ရန် အရေးကြီးသည်။ အင်တာနက် အီးမေး(လ်)သည် တစ်နေရာမှ တစ်နေရာသို့ သွားနိုင်ပြီး လျှို့ဝှက်ကုတ်နှင့် မဟုတ်ဘဲ ပို့သူနှင့် လက်ခံရရှိသူတို့၏ ထိန်းချုပ်မှုအောက်တွင် မရှိသော အခြားများပြားသော ကွန်ယက်များနှင့်စက်များပေါ်တွင် သိမ်းဆည်းထားနိုင်သည်။ ဤအချိန်အတောအတွင်း တစ်စုံတစ်ယောက်က အရေးကြီးသည်ဟု ယူဆပါက၊ မဆိုင်သည့် ဘေးလူများမှ ပါဝင်သော အကြောင်းအရာများကို ဖတ်ရှုနိုင်ပြီး မရိုးမသားပြုလုပ်နိုင်ရန်မှာ အတော်ပင် ဖြစ်နိုင်ခြေရှိသည်။ မည်သည့်အဖွဲ့အစည်းတွင်မဆို IT နှင့် ယင်းတို့အား လိပ်မူမထားသော အခြားဝန်ထမ်းများ၏ အီးမေး(လ်)များကို စောင့်ကြည့်စစ်ဆေးခြင်း၊ ရံဖန်ရံခါ ဝင်ရောက်ကြည့်ခြင်း အလုပ်များတွင် ပါဝင်ပတ်သက်နေသော အခြားအမှုထမ်းများ ရှိသော်လည်း၊ ကော်ပိုရေးရှင်း သို့မဟုတ် အဖွဲ့အစည်း၏ ကွန်ယက်အတွင်းမှ မည်သည့်အခါမျှ သတင်းအချက်အလက်များ ထွက်မသွားသည့် အင်တာနယ်(လ်) သို့မဟုတ် အင်ထရာနက် မေး(လ်) စနစ်များမှာမူ ပိုမို၍ လုံခြုံစိတ်ချရသည်။ ဓာတ်ပုံများ၊ စာရွက်စာတမ်းများနှင့် အခြားဖိုင်များကို အီးမေး(လ်)နှင့် တွဲဖက်၍ ပို့နိုင်သည်။ အီးမေး(လ်)များကို လက်ခံသူ အီးမေး(လ်)လိပ်စာများ အများအပြားသို့ cc-ed ခေါ် ကော်ပီ ပို့နိုင်ပါသည်။
 
အင်တာနက်ဖြင့် စကားပြောဆက်သွယ်ခြင်းစနစ်သည် အင်တာနက် ဖန်တီးမှုကြောင့် ဖြစ်ပေါ်စေခဲ့သည့် အများသိသော ဆက်သွယ်ရေး ဝန်ဆောင်မှုပင် ဖြစ်သည်။ VoIP မှာ အင်တာနက် ပရိုတိုကောမှ တဆင့်လာသော အသံဟု အဓိပါယ်ရသည်။ အင်တာနက် ဆက်သွယ်ရေးအားလုံးအပေါ် အခြေခံသည့် ပရိုတိုကောကို ရည်ညွှန်းခြင်းဖြစ်သည်။ စိတ်ကူးမှာ ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်များက စတင်ခဲ့ပြီး ကိုယ်ပိုင် ကွန်ပျူတာများ အတွက် လမ်းလျှောက် စကားပြောစက်များနှင့် ဆင်တူသော အသံအသုံးချ ပရိုဂရမ်များ ဖြစ်သည်။ မကြာသေးသောနှစ်များက VoIP စနစ်အများအပြားမှာ သာမန်တယ်လီဖုန်းကဲ့သို့ အဆင်ပြေပြီး အသုံးပြုရန်လွယ်ကူ လာသည်။ အကျိူးကျေးဇူးမှာ အင်တာနက်က အသံအသွားအလာကို သယ်ဆောင်သောကြောင့် VoIP မှာ အခမဲ့ဖြစ်နိုင်သည် သို့မဟုတ် ကုန်ကျစားရိတ်မှာ သာမန်သုံးနေကျ တယ်လီဖုန်း ခေါ်ဆိုခထက် အလွန်နည်းပါးနိုင်သည်။ အထူးသဖြင့် အလွန်ဝေးသော နေရာဒေသများနှင့် အထူးသဖြင့် cable သို့မဟုတ် ADSL တို့ဖြင့် အင်တာနက် ချိတ်ဆက်ခြင်း အမြဲရှိနေသောသူများအတွက် ဖြစ်သည်။