ရှင်အရဟံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၃၃ -
ပုဂံမင်း (၁၂)ဆက်မြောက်၊ [[သိုက်တိုင်မင်း]] (အေဒီ ၅၁၆ - ၅၂၃) လက်ထက်မှစ၍ ရဟန်းကောင်း၊ ရဟန်းမြတ်တို့၏ အကျင့်သီလများ ဆိတ်သုဉ်းကွယ်ပျောက်လုနီး ဖြစ်ခဲ့သည်။ သာသနာတော်၏အသက် ပိဋကတ်တော် (ပရိယတ္တိစာပေ) လည်း မရှိသေး၍ သမထီး ခေါ် အရည်းကြီးတို့၏ အယူဝါဒများ လွန်စွာ ထွန်းကားလာသည်။
 
ပုဂံမင်းဆက် (၂၀)မြောက်၊ [[ပုပ္ပါး စောရဟန်း|ပုပ္ပါးစောရဟန်းမင်း]] (အေဒီ ၆၁၃ - ၆၄၀) လက်ထက်တွင် မင်းနှင့်ပြည်သူအားလုံး အရည်းကြီးတို့၏ အယူဝါဒကို လိုက်နာကြတော့သည်။ အရည်းကြီးတို့သည် (ထေရဝါဒ) ရဟန်းများကဲ့သို့ အဝါရောင် သင်္ကန်း (ဝိနည်းနှင့်အညီ သင်္ကန်း)များကို ဝတ်ရုံခြင်း မရှိဘဲ၊ အပြာ၊ အနက်၊ အမည်း၊ အညိုရောင် စသည့် (သင်္ကန်း မမည်သည့်) အဝတ်များကို ဝတ်ရုံကြသည်။ ဦးခေါင်းကို (ဗုဒ္ဓအလိုကျ) ဦးပြည်းရိတ်ခြင်း မပြုဘဲ ဆံပင်ကို လက်လေးသစ်၊ လက်တဝါးအထိ ထား၍ ဦးထုပ်များကိုလည်း ဆောင်းကြသည်။ ထိုအခြင်းကို အစွဲပြုရည်သန်၍ စလေ[[ပုည၊ ဦး (စလေ)|ဦးပုည]]က (ရှေးအတီတေ၊ ပုဂံပြည်တွင်၊ ဆံကေသာ လက်လေးသစ်၊ မုတ်ဆိတ်မွေး ဗရပျစ်၊ မဲညစ်သည့် စီ၀ရံနှင့်၊ တာတေလံ အကျင့်ဆိုးသော၊ ရှင်သိုးတကာ့ ခေါင်ကြီး၊ ရှင်မထီး) ဟူ၍ စပ်ဆိုခဲ့ပါသည်။
 
သူတို့သည် ဆင်စီး၊ မြင်းစီး၍ လက်ဝှေ့လည်း သတ်ကြသည်။ နွားများကို မွေးမြူ၍လည်း ရောင်းစားကြသည်။ ထိုအရည်းကြီး တို့သည် ခြောက်ကျိပ် ရှိကြောင်းနှင့် တပည့် ခြောက်သောင်း ရှိကြောင်းကိုလည်း မှတ်တမ်းများက ဆိုသည်။ သူတို့၏ အယူဝါဒမှာ ဗုဒ္ဓမြတ်စွာ၏ ဒေသနာနှင့် ဆန့်ကျင်ဘက် မိမိ သဘောအတိုင်း ကျမ်းဂန်များကို ရေး၍ လူအများကို လှည့်ဖြား သွေးဆောင်ခြင်း ဖြစ်သည်။ သူတို့၏ အဓိက တရားမှာဂါထာ မန္တရားများကို ရွတ်၍ မန်းမှုတ်ခြင်း ဖြစ်သည်။
စာကြောင်း ၃၉ -
သူ့အသက်ကို သတ်မိသောသူသည် ပရိတ် (မန္တန်)ကို ရွတ်သော် ကမ္မပထမှ လွတ်၏။ မိဘကို သတ်မိသောသူသည် ဤပရိတ် (မန္တန်)ကို ရွတ်သော် ပြေပျောက်၏။ စသည်တို့ဖြစ်သည်။ သူတို့၏ ရွံရှာစက်ဆုပ်ဖွယ်အကောင်းဆုံး အဓမ္မဝါဒမှာမင်း၊ မှူးမတ်၊ ကလန်၊ သံပျင်၊ သူဌေးသူကြွယ်၊ ပြည်သူတို့၏ သားသမီးများကို ထိမ်းမြားမင်္ဂလာ ပြုသောအခါ၌ “ပန်းဦး” လွှတ်သော အယုတ်တရားများ ဖြစ်သည်။
 
မြန်မာသက္ကရာဇ် ၄၀၆ (အေဒီ ၁၀၄၄) တွင် ပုဂံထီးနန်းကို စိုးစံသည့် အနော်ရထာမင်းစော၏ နန်းသက် (၉) နှစ်ကျော် (၁၀) နှစ်ခန့် အလွန်တွင် (သု၀ဏ္ဏဘုမ္မိသုဝဏ္ဏဘုမ္မိ) သထုံပြည်မှ ဓမ္မဒဿီအမည်ရှိ ရှင်အရဟံ မထေရ်သည် ပုဂံပြည်သို့ကြွလာ၍ ထေရဝါဒ သာသနာကို စတင်ပြန့်ပွားစေသည်။ ထိုအချိန်တွင် မွန်လူမျိုးတို့ ကြီးစိုးရာ တောင်ပိုင်း ရာမညတစ်ခွင်၍ ဗုဒ္ဓသာသနာ နေရောင်လရောင်ပမာ ထွန်းပသည့် အချိန်ကာလလည်း ဖြစ်လေသည်။ ရှင်အရဟံ မထေရ်မြတ်သည် ရာမညတိုင်း သုဝဏ္ဏဘူမိဟု အမည်တွင်သော သထုံပြည် ဇာတိဖြစ်ပြီး ထင်ရှားကျော်ကြားသော ကျမ်းဂန်တတ် မွန်လူမျိုး ရဟန္တာ မထေရ်မြတ်တစ်ပါး ဖြစ်သည်။ ရှင်အရဟံ မထေရ်မြတ်သည် သာသနာ ပြုခြင်းအမှုကို လုပ်ဆောင်နိုင်ခြင်း အလို့ငှာ၊ သီတင်းသုံး နေထိုင်သည့် တောင်ပိုင်း ရာမည ပြည်မှသည် ဗုဒ္ဓသာသနာ မထွန်းကားသေးရာ အရည်းကြီး မထီးအယူဝါဒတို့ လွှမ်းမိုးရာ မြောက်ပိုင်းအရပ်သို့ ထွက်ခါလာခဲ့လေသည်။ ထိုအခါ မင်းနှင့် ပြည်သူအားလုံးတို့သည် စစ်မှန်သောထေရဝါဒ တရား၌သာ တည်ရုံမျှမက သထုံပြည်မှ ပိဋကတ်သုံးပုံ အစုံသုံးဆယ်နှင့် ဓာတ်တော် မွေတော်များ၊ ရဟန်းသံဃာတော် အစစ်အမှန်များကို ပုဂံပြည်သို့ ပင့်စေသည်။
 
ရှင်အရဟံမထေရ်နှင့် အနော်ရထာမင်းတို့ ပူးပေါင်းလက်တွဲ၍ ပုဂံပြည်တွင် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာတော် သုံးရပ်ကို တည်တံ့ ဖွံ့ဖြိုးစေသည်။ ရှင်အရဟံမထေရ်မြတ်နှင့်အတူ အရှင်ဉာဏ၊ အရှင်အာနန္ဒာ အရှင်သီလဗုဒ္ဓ မထေရ်မြတ်တို့လည်း လက်တွဲ၍ သာသနာပြုကြသည်။
 
==သိမ်များ==