ကျန်စစ်သား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး typo fixed
စာကြောင်း ၁၄၇ -
မည် ဖြစ်ကြောင်း၊ မြေယာထွန်ယက်ကြသော လယ်သမားအပေါင်းတို့တွင် ဆန်စပါး လူးဆပ်တို့သည် ကျီအပြည့် ရရှိမည်ဖြစ်ကြောင်းတို့ကိုလည်း ဆိုခဲ့သည်။
 
ကျန်စစ်သားမင်းသည် တိုင်းသူပြည်သားတို့၏ နေထိုင်စားသောက် အသက်မွေးမြူမှုတို့ကို ပြန်လည် ကောင်းမွန်လာအောင် အရေးယူဆောင်ရွက်ရင်းပင် ဉာဏ်ပညာ စာရိတ္တ မြှင့်တင်ရေးကိုလည်း ဂရုပြုတော်မူသည်။ ကျန်စစ်သားမင်းသည် ရှင်အရဟံ၏ သြဝါဒကိုဩဝါဒကို ခံယူကာ ခမည်းတော် အနော်ရထာမင်း ဆောင်ရွက်ခဲ့သော သာသနာရေးကိစ္စများကို ဆက်လက် ဆောင်ရွက်တော်မူရာ တိုင်းသူပြည်သားတို့သည် နောင်တမလွန် အတွက်သာမက မျက်မှောက်တွင် ဉာဏ်ပညာစာရိတ္တတိုးတက်မှု
အတွက်လည်း အခွင့်အရေးများစွာ ရရှိလာကြသည်။ ငရမန်ကန်းကြောင့် ပြည်တွင်းသောင်းကျန်းသူများ ဖြစ်ပွားနေစဉ်တွင် ပိဋကတ်တော်စာပေအချို့သည် ပျောက်သည်လည်း ရှိတန်ရာ၏။ ပျက်သည်လည်း ရှိတန်ရာ၏။ အချွတ်အလွဲ ဖြစ်သည်လည်း ရှိတန်ရာ၏။ ကျန်စစ်သားမင်းသည် ထို ပိဋကတ်တော်စာပေတို့ကို ပြန်လည်စုဆောင်း၍ တည်းဖြတ် သုတ်သင်တော်မူခဲ့သည်။ အနော်ရထာမင်းတည်ခဲ့သော ရွှေစည်းခုံစေတီတော်ကို ဆက်လက်၍ တည်တော်မူခဲ့သည်။
ထို့ပြင် စေတီကူကျောင်း အများအပြားကိုလည်း တည်တော်မူခဲ့ရာ ပုဂံတွင် အာနန္ဒာကူဘုရားသည် ထင်ရှားသည်။ ထို့ပြင် တူးရွင်းတောင်ခြေ၌၎င်း၊ အလန်ပုဂံ (တူးရွင်းတောင်ခြေနှင့် မန်းနန်သူရွာအကြား)၌လည်းကောင်း သတ္တဝါခပ်သိမ်းတို့၏ အကျိုးငှာ ရေကန်တစ်ကန်စီ တူးခဲ့သည်။ တူးရွင်းတောင်ခြေရှိ ကန်ကို