ရောမပေသီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး +img
No edit summary
စာကြောင်း ၁ -
[[File:RomanAbacusRecon.jpg|thumb|ပြန်လည်တည်ဆောက်ထားသော ရောမပေသီး]]
'''ရောမပေသီး'''သည် [[ပေသီး|တရုပ်ပေသီး]] ကဲ့သို့သော အတွက်အချက်လုပ်ငန်းများကို ပြုလုပ်နိုင်သောကိရိယာတစ်မျိုးဖြစ်သည်။ ရောမပေသီးမှာ သတ္တုပြားဖြစ်၍ ထိုသတ္တုပြား၌ ဒေါင်လိုက်ထားသော မျဉ်းကြောင်းအရှည်ခုနစ်တန်းနှင့် အတိုခုနစ်တန်း ပါရှိသည်။ ယင်းတို့၏ညာဖက်တွင် ဒေါင်လိုက်ထားသော အတိုအရှည်အတန်းများပါရှိပြီး အပိုင်းဂဏန်းပြုလုပ်ရန်အတွက်ဖြစ်သည်။ အတန်ရှည်များတွင် ပေသီးကဲ့သို့သော ကောက်တုံးကလေးများကျောက်တုံးကလေးများ လေးခုစီ ပါရှိ၍ ထိုအတန်းများမှာ ခုဂဏန်း၊ ဆယ်ဂဏန်း၊ ရာဂဏန်း၊ ထောင်ဂဏန်း အစရှိသဖြင့် ခွဲခြားရန်ဖြစ်သည်။ တစ်တန်းတွင် တန်ဖိုးတစ်မျိုးရှိသည်။ အထက်တန်းအတိုပိုင်းတွင်ရှိသော ကျောက်တုံးကလေး တစ်တုံးစီမှာ ငါးခုစီ သို့မဟုတ် ၁၀ ခုစီ စသဖြင့် အတိုချုံးမှတ်သားရန်ဖြစ်သည်။ ရောမတို့သည် ထိုကိရိယာပေါ်တွင် ကျောက်တုံးကလေးများကို လိုသလို ရွှေ့ပြောင်းတွက်ချက်ခြင်းအားဖြင့် အပေါင်း၊ အနုတ်၊ အမြှောက်၊ အစားဟူသောလုပ်ငန်းများကို တွက်ချက်နိုင်သည့်အပြင် အပိုင်းဂဏန်း၊ ဒဿမဂဏန်းများကိုလည်း တွက်ချက်ယူနိုင်သည်။
[[လက်တင်ဘာသာစကား|လက်တင်ဘာသာ]]ဖြင့် [[ကဲကုလပ်]] ဟူသော စကားမှာ ကျောက်တုံးကို ဆိုလိုသည်။ ထိုကျောက်တုံးကလေးများရွှေ့၍ တွက်ခြင်းကို ကာကုလိတ် (Calculate) ဟု ခေါ်သည်။<ref>{{cite book|title=တီတွင်မှုများသမိုင်း|volume=ပထမတွဲ|author=မောင်ဆုရှင်|date=၁၉၆၂}}</ref>