တော်သလင်းလ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Mayor mt moved page တော်သလင်း to တော်သလင်းလ
→‎တဝ်သလင်း (တော်သလင်း): စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲ: မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁ -
==တဝ်သလင်း (တော်သလင်း)==
တဝ်သလင်း (တော်သလင်း) သည် [[မြန်မာပြက္ခဒိန်]]၏ ခြောက်လမြောက် ဖြစ်ပြီး ဩဂုတ်နှင့်စက်တင်ဘာလအတွင်း ကျရောက်သည်။ တော်သလင်းလတွင် ၃၀ ရက်ရှိသည်။ ရက်စုံသောလဖြစ်သည်။ တော်သလင်း ၏ဇာစ်မြစ်ကို သက္ကတ၊ ပဠိ၊ တိဗက်၊ တရုတ်ဘာသာစကားထဲ၌ လိုက်လံရှာဖွေရန်မလိုချေ။ မြန်မာစကားသက်သက်နှင့်ပင် အဓိပ္ပာယ်ထွက်သည်။ တော် ဆိုသည်မှာ မြင့်မြတ်သည်၊ အထွတ်အထိပ် ဖြစ်သည်၊ အထက်ကောင်းကင် ဖြစ်သည်ဟူ၍ လည်းကောင်း၊ သလင်း ဆိုသည်မှာ သာလင်းမှ လာ၍ သာယာထွန်းလင်းဟူသော အဓိပ္ပယ်ရှိသည်ဟူ၍လည်းကောင်း ကြံဆကြသည်။ သို့သော် အင်းဝခေတ်နှေင်းပိုင်းတွင် သစ်ဆင်းလဟူသောအရေးအသားကို ပျို့ကဗျာများ၌တွေ့ရပြန်သည်။ ယင်းကို အချို့သောပညာရျင်တို့က သစ်ဖောင် ဝါးဖောင်များ စုန်ဆင်းသောလဟု အဓိပ္ပယ်ကောက်ကြသည်။ သို့ရာတွင် စာဆို ဦးအောင်ကြီး ၏လူးတားတွင် တိုင်လေးစင် ၏ထိပ်ဖျားမှ ပိုက်ခင်းထားသော ရေပြင်ပေါ်သို့ခုန်ဆင်းသည့်ပျော်ပွဲသဘင်ကို အခိုင်အမာ ဖော်ပြထားသောကြောင့် ပန်းလုသဘင်၊ သစ်ဆင်းရင် သောပွဲတော်ကို အစွဲပြု၍ သစ်ဆင်းလဟု ခေါ်ကြောင်း အဆိုကို အများကလက်ခံကြသည်။ ဤအချက်ကို လှေသင်းဝင်မင်းက သဘာမတူသည့်အပြင် တော်သလင်း ၏ဇာစ်မြစ်ကိုကြံဆရာ၌ ကောသိတုံအလံ ဟူသောပဠိမှဟူသောပါဠိမှ ဆင်းသက်၍ တော်သလင်းဟူသော စကားဖြစ်လာသည်ဟု ဆိုသည်။ တော်သလင်းကို ရာသီအားဖြင့် ကန်ရာသိဟုခေါ်သည်။ ကန်ရာသိကား ကညာကိုစွဲခေါ်ခြင်းဖြစ်သည်။ ကညာသည် ယောက်ျားကိုနှစ်သက်စေခြင်း သဒ္ဒါသည် ပါဠိ၌ တောသဟူ၍လည်း ရှိသည်။ တောသမှတော်သလင်းသို့ရွေ့လျားသည်ဟု လှေသင်း အတွင်းဝန်က မိန့်ဆိုသည်။ ဤအဆိုကိုလည်း ခေတ်လူတို့က အတွေးခေါင်၍ ပါဠိဘက်သို့လိုက်လွန်းသည်ဟု ယူဆကြသည်။
 
'သလင်' သည် 'ကြည်လင် သန့်ရှင်းခြင်း' ကို ရည်ညွှန်းပြီး 'တဝ်' မှာ “အမြင့်”အားရည်ညွှန်းသည် ဖြစ်သောကြောင့် 'မိုးကောင်းကင်' ဟုအဓိပ္ပာယ်ရပေသည်။ ထို့ကြောင့် တဝ်သလင်းမှာ 'မိုးကောင်းကင် ကြည်လင်သာယာသည်' ဟူသောအနက်ကို ဆောင်လေသည်။ လေပြင်း မိုးပြင်း တိုက်ခတ် ရွာသွန်းသောကာလ ပြီးဆုံးလေပြီ ဟုလည်းဆိုလိုသည်။ ခရစ် ၁၆ ရာစုနှစ် အတွင်းက ယခုလအား 'သစ်ဆင်း' လို့လည်း ခေါ်ခဲ့ဖူးသည့်အထောက်အထားများ ရှိခဲ့သည်။ [[ရေကန်]]၊ မြစ်ကမ်းစပ်များတွင် [[လေးတိုင်စင်]]ဆောက်၍ စင်ပေါ်မှ ကခုန် မြူးထူးပြီး ရေထဲကို ခုန်ချသည့်ပျော်ရွှင်ပွဲ၊ လှေပွဲများကို ကျင်းပကြပါသည်။ ကောက်စိုက်ချိန်ကာလအတွင်း အလုပ်ပင်ပန်းခဲ့ကြသည့် တောင်သူများ အလုပ်ပြီးမြောက်ကုန်ဆုံး၍ မြူးထူး ပျော်ပါးသည့်လ ဟုလည်းဆိုနိုင်ပါသည်။ အထိမ်းအမှတ် ပန်းအနေဖြင့် [[ယင်းမာပန်း]] (Chukrosia tabulais) ကိုသတ်မှတ်သည်။