အယ်လိုဆောရတ်: တည်းဖြတ်မှု မူကွဲများ

"'''အယ်လိုဆောရတ်'''..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၉:၄၃၊ ၂၅ ဩဂုတ် ၂၀၁၆ ရက်နေ့က မူ

အယ်လိုဆောရတ်သည် သီရိုပေါ့အုပ်စုဝင် ဒိုင်နိုဆောတစ်မျိုးဖြစ်ပြီး ဂျူရောဆစ်ယုဂ် နောက်ပိုင်းတွင် ကျက်စာခဲ့သည်။ ၁၀ မီတာမှ ၂ မီတာအထိရှိပြီး ရှည်လျားသန်မာသော အမြီးပါရှိ၏။ ၎င်းတို့သည် ခန္ဓာကိုယ်ကြီးမားသော်လည်း ဦးနှောက်အလွန်သေးငယ်သည်။ နောက်ခြေထောက်နှစ်ခေျာင်းပေါ်တွင် အားပြု၍လှုပ်ရှားသွားလာကြ၏။ ရှေ့ခြေများမှာတို၍ ကောက်ကွေးချွန်ထက်သောခြေသည်းများပါရှိသည်။ အယ်လိုဆောရတ်တွင် ကျယ်သောပါးစပ်နှင့် သန်မာသောမေးရိုးရှိ၏။ ဓားမြှောင်ကဲ့သို့ ချွန်ထက်သည့် သွားများပါရှိသည်။ ကြောက်မက်ဖွယ်ကောင်းသော သားစားသတ္တဝါဖြစ်သည်။ အယ်လိုဆောရတ်သည် မြောက်အမေရိကတွင် တွေ့ရသော ကြောက်မက်ဖွယ် ဒိုင်နိုဆောဖြစ်၏။ ၎င်းထက်ကြီးမားသော ဗရွန်တိုဆောရတ်ဒစ်ပလိုဒိုကတ် စသည်တို့ကိုပင် တိုက်ခိုက်စားသောက်သည်။ ၁.၅ မီတာရှိ အကောင်ငယ်ကလေးများမှသည် ၁၁ မီတာရှိအကောင်ကြီးများအထိ အယ်လိုဆောရတ်တို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို အမေရိကန်ပြည်ထောင်စုယူးတားပြည်နယ်တွင် တွေ့ရသည်။[၁]

ကိုးကား

  1. ကလေးသူငယ်များအတွက်သုတရတနာသိုက်။ ကမ္ဘာဦးသက်ရှိများ။ ၁၉၈၄။