အင်္ဂလန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး →ရာသီဥတု |
အရေးမကြီး →သမိုင်းနှင့်ဖြစ်ရပ်များ |
||
စာကြောင်း ၁၇၆ -
ပစ္စည်းများကို ဝယ်ယူတင်သွင်းရသည်။
==သမိုင်းဖြစ်ရပ်များ==
ခရစ်မပေါ်မီ နှစ်ပေါင်းများစွာကပင် ဂရိ၊ ဖီနီရှန်းနှင့် ကားသေ့လူမျိုးများသည် အင်္ဂလန်ပြည်သို့ လာရောက်နေထိုင်ကြသည်။ ဘီစီ ၁,ဝဝဝ ခန့်က ကဲ့လူမျိုးများ စတင်ဝင်ရောက် နေထိုင်ကြသည်။ ဘီစီ ၅၅ ခုနှစ်ခန့်တွင် ဂျူးလယပ်ဆီဇာက ဝင်ရောက်သိမ်းပိုက်သည်။ ထိုအချိန်မှစ၍ ရောမယဉ်ကျေးမှုသည် အင်္ဂလန်ပြည်၌ ထွန်းကားလာသည်။ လမ်းများ၊ ရေသွယ်မြောင်းများတည်ဆောက်ခြင်း၊ မြို့ကွက်များပြုလုပ်ခြင်း၊ ခရစ်ယာန်အယူဝါဒ ဝင်ရောက်လာခြင်းတို့ဖြစ်လာသည်။ သို့ရာတွင်
ငါးရာစုနှစ်ခန့်၌ ရောမတပ်များ ပြန်လည်ရုပ်သိမ်းသွားသောအခါ ဂျု၊ ဆက်ဆွန်၊ အန်းဂဲလူမျိုးများ ဝင်ရောက်သိမ်းပိုက် နေထိုင်ကြပြန်သည်။ အန်းဂဲနှင့် ဆက်ဆွန်လူမျိုးတို့သည် ၈၂၇ ခုနှစ်တိုင် အမြဲတိုက်ခိုက်ခဲ့ကြသည်။ ထိုနှစ်တွင် ဝက်ဆက်ဘုရင် အဂ္ဂဗတ်က တစ်ပြည်လုံးကိုသိမ်းပိုက်လိုက်ကာ အန်းဂဲလန်းဟု မှည့်ခေါ်လိုက်သည်။ ဤသည်ကစ၍ အင်္ဂလန်ပြည်ဟု လူသိများလာသည်။
၁ဝ၁၃ ခုနှစ်ခန့်တွင် ဒိန်းလူမျိုးတို့က အင်္ဂလန်ပြည် နေရာများများကို သိမ်းပိုက်လိုက်၍ ၁ဝ၁၆ ခုနှစ်တွင် ဒိန်းဘုရင် ကနွတ်က အုပ်ချုပ်လေသည်။ ကနွတ်ဘုရင်၏ အဆက်အနွယ်များသည် ၁ဝ၄၂ ခုနှစ်တွင် ဆက်ဆွန်အက်ဒွပ်-သ-ကွန်ဖက်ဆာဘုရင် ဝင်ရောက်အုပ်ချုပ်သည့်အချိန်ထိ သိမ်းပိုက်ထားခဲ့သည်။ ၁ဝ၆၆ ခုနှစ်တွင် နော်မန်လူမျိုးများက သိမ်းပိုက်အုပ်ချုပ်ပြန်သည်။ နော်မန်ဘုရင် ဝီလျံလက်ထက်မှစ၍ အင်္ဂလန်ပြည်၌ [[ကံကြွေးချ စံနစ်]]ပေါ်လာလေသည်။
ဝီလျံဘုရင်၏ ဒုတိယသားတော်ဟင်နရီ နန်းတက်သောအခါ မိဖုရားမှာ ဆက်ဆွန်မင်းသမီးဖြစ်သဖြင့် နော်မန်နှင့် ဆက်ဆွန်လူမျိုးများကို တလုံးတစည်းတည်း ညီညွတ်စေနိုင်ခဲ့ယုံမက ယင်းတို့ကို အင်္ဂလိပ်လူမျိုးဟူသောအမည်ဖြင့် လူမျိုးတစ်မျိုးဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ပြည်သူပြည်သား အများဆုံး လိုက်နာသည့် အကောင်းဆုံးဓလေ့ထုံးစံတို့ကို စုဆောင်းပြီးသော် တစ်ပြည်လုံးလိုက်နာရန်အတွက် ဥပဒေ သတ်မှတ်ပြုလုပ်နိုင်ခဲ့သည်။
ဘုရင်များသည် အတိုင်ပင်ခံအမတ်များကို တိုင်ပင်ဆွေးနွေးခြင်းမပြုပဲ ဥပဒေသစ်ပြုလုပ်ခြင်း၊ ငွေကြေးကောက်ခံခြင်း မပြုလုပ်ခဲ့ကြချေ။ သို့ရာတွင် ဒုတိယဟင်နရီ၏ သားတော်အငယ်ဆုံး [[ဂျွန်ဘုရင်]]လက်ထက်၌မူ မိမိဘုန်းတန်ခိုးကြီးရန်၊ မိမိအကျိုးကျေးဇူးထွန်းကားရန်၊ မိမိပျော်ရွှင်ရန်မှတစ်ပါး မည်သည်ကိုမျှဂရုစိုက်၊ မည်သူ့အားမျှမတိုင်ပင်ဘဲ ကိုယ်ထင်သလို ကိုယ်အုပ်ချုပ်ခဲ့လေသည်။ မှူးမတ်တို့လည်း မခံမရပ်နိုင် ကြလွန်းသဖြင့် ညီညာစွာ ပေါင်းစည်းထကြွ ကြပြီးလျှင် တရား
မျှတသော အုပ်ချုပ်မှုကိုရရှိရန် စိုင်းပြင်းကြလေသည်။ ဘုရင်များသည် သက်ဦးဆံပိုင် အာဏာရှင်ဆန်ဆန် မစိုးမိုးနိုင်အောင် အာဏာများ ကန့်သတ်ဟန့်တားသော မဂ္ဂနာကာတာခေါ် စာချုပ်ကြီးကို ဂျွန်ဘုရင်အား လက်မှတ် ရေးထိုးစေခဲ့လေသည်။
၁၂၁၅ ခုနှစ်တွင် မဂ္ဂနာကာတာကို ဂျွန်ဘုရင် လက်မှတ်ထိုးလိုက်သည်မှ အစပြု၍ အင်္ဂလန်ပြည့်ရှင် ဘုရင်များသည် ဥပဒေကိုလေးစားလာခဲ့ကြရသည်။ ဘုရင်သည် နိုင်ငံ၏ တရားဥပဒေအရသာ ဆောင်ရွက်ရသည်။ မှူးမတ်တို့၏ တရားဝင် စီရင်ဆုံးဖြတ်ချက်အရသာလျှင် တိုင်းပြည်ကိုအုပ်ချုပ်ကြရသည်။ ထို[[မဂ္ဂနာကာတာ]] ပေါ်ပေါက်သည်မှအစပြု၍ အတိုင်ပင်ခံအဖွဲ့နှင့် အုပ်ချုပ်သောစနစ်၊ ခရိုင်နယ် စသည်တို့မှ ကိုယ်စားလှယ် တင်မြှောက်သော [[ပါလီမန်]]ဖြင့် အုပ်ချုပ်ရေးစနစ်တို့ တဖြည်း
ဖြည်း ပေါ်ပေါက်လာသည်။ ၁၂၉၅ ခုနှစ် ပထမ အက်ဒွပ် ဘုရင်လက်ထက်တွင် ပါလီမန်အုပ်ချုပ်ရေး စတင် အကောင်အထည် ပေါ်လာသည်။
ပထမအက်ဒွပ်ဘုရင်သည် စကော့တလန်နှင့် ဝေလပြည်တို့ကို အင်္ဂလန်ပြည်နှင့် ပူးပေါင်းရန်ကြံစည်သောအခါ ဝေလပြည်နှင့်ပူးပေါင်းရေးတွင် အောင်မြင်သော်လည်း စကော့တလန်ပြည်နှင့် ပူးပေါင်းရေးတွင်မူ မအောင်မြင်ချေ။ ၁၃၁၄−ခုနှစ်တွင် ရောဘတ်ဗရုစခေါင်းဆောင်းသော စကော့လူမျိုးတို့က ထကြွသဖြင့် ဗန်နော့ဗန်းတိုက်ပွဲ၌ အင်္ဂလိပ်တို့ စကော့တလန်ကို လက်လွှတ်လိုက်ရလေသည်။ အင်္ဂလိပ်ဘုရင်များသည် ဆက်ခံရရှိသောအမွေအရ ပြင်သစ်နိုင်ငံ နော်မန်ဒီရှိ နယ်ပယ်အချို့ကို ပိုင်ဆိုင်ထိုက်သည်ဟု ယူဆကြသည်။ ထိုနယ်မြေကိစ္စမှစ၍ အင်္ဂလိပ်နှင့် ပြင်သစ်တို့ ၁၃၃၈ ခုနှစ်မှ ၁၄၅၃ ခုနှစ်အတွင်း [[နှစ်တစ်ရာစစ်ပွဲ]]ကြီးဖြစ်ပွားခဲ့ကြသည်။ ထိုစစ်ပွဲသည် တတိယအက်ဒွပ်ဘုရင်လက်ထက်မှစ၍ မင်းငါးဆက်တိုင်သည်။
ထိုစစ်ပွဲကြောင့်အင်္ဂလိပ်တို့သည်ပြင်သစ်နိုင်ငံရှိ နယ်မြေအားလုံးကို ဆုံးရှုံးခဲ့ရရုံမက စစ်ကြောင့် ပြည်သူတို့ ဆင်းရဲငတ်မွတ်ခေါင်းပါး၍ကျန်ခဲ့သည်။ ၁၃၄၈-၄၉ ခုနှစ်တွင်ဖြစ်ပွားသော ပလိပ်ကပ်ရောဂါကြောင့် အင်္ဂလန်ပြည်လူဦးရေ သုံးပုံတစ်ပုံ ပျက်စီးခဲ့ရပြန်ရာ အင်္ဂလန်ပြည်သည် ထိုအချိန်၌ ဒုက္ခပင်လယ်ဝေလျက်ရှိသည်။
ထိုသို့ဖြစ်၍မျှ အတောမသတ်သေးမီတွင် မှူးမတ်အချင်းချင်း အာဏာလုသော နှင်းဆီစစ်ပွဲ(၁၄၅၅-၈၅) ဖြစ်ပွားလာပြန်သည်။ ထိုစစ်ပွဲ၌ အင်္ဂလန်ပြည်ကို အုပ်စိုးသောဘုရင်အား ဒုက္ခပေးတတ်သည့် မှူးကြီးမတ်ငယ်တို့သည် များစွာကျဆုံးပျက်စီးကြလေသည်။ ထို့ကြောင့် ဘုရင်အား တော်လှန်နိုင်လောက်သော တန်ခိုးအင်အားကြီးမားသည့် မှူးမတ်ဟူ၍ များစွာမကျန်တော့ချေ။ သေဆုံးသူမှူးမတ်များနှင့် ကျန်ရစ်၍ဘုရင်အား ပုန်ကန်ရန် ကြိုးစားသဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရသော မှူးမတ်များ၏ နယ်မြေပေါင်းများစွာကို ဘုရင်ကပြန်လည်ရရှိရာ စတုတ္ထ အက် ဒွပ်ဘုရင်သည် တန်ခိုးအာဏာသာမက ငွေကြေးအင်အားလည်း အလွန်ကြီးလာလေသည်။ ထို့ကြောင့် ငွေကြေးတောင်းခံရန်အတွက် ပါလီမန်အစည်းဝေးကို ခေါ်ဖို့မလိုခဲ့ချေ။ ပါလီမန်ကို မှီခိုအားထားခြင်းမပြု၊ စည်းစိမ်ရစ်၍သာနေသဖြင့် အင်္ဂလန်ပြည်သည် တိုးတက်လာသည်ဟူ၍ မရှိချေ။
စတုတ္ထ အက်ဒွပ်ဘုရင်နတ်ရွာစံသောအခါ လူမမယ်သား
Line ၂၉၃ ⟶ ၂၁၇:
ဂိုဏ်းသီးခြားဖြစ်လာသည်။
အဋ္ဌမဟင်နရီဘုရင်၏သမီးတော် ၁၅၅၈ ခုနှစ်တွင် နန်းတက်သော [[အယ်လစ်ဇဘက်ဘုရင်မ၊ ပထမ|ပထမအယ်လစ်ဇဘက်ဘုရင်မ]] လက်ထက်တွင်
အင်္ဂလန်ပြည်သည် ဖွံ့ဖြိုးတိုးတက်လာ၍ အင်္ဂလန်ပြည်သည် တန်ခိုးကြီးနိုင်ငံ ဖြစ်လာလေသည်။
ပထမအယ်လစ်ဇဘက်ဘုရင်မ နတ်ရွာစံပြီးနောက် စကော့တလန်ဘုရင် ဆဋ္ဌဂျိမ်းသည် အင်္ဂလန်ပြည်၏ ပထမဂျိမ်းဘုရင်အဖြစ် ထီးနန်းဆက်ခံသောကြောင့် စကော့တလန်နှင့် အင်္ဂလန်ပြည်သည် ဘုရင်တစ်ဦးတည်းလက်အောက်သို့ ကျရောက်ခဲ့သည်။ သို့ရာတွင် နိုင်ငံရေးအရ စည်းလုံးခြင်းမရှိဘဲ အုပ်ချုပ်ရေးမှာ တသီးတခြားစီဖြစ်သဖြင့် အင်္ဂလန်နှင့် စကော့တလန် ပူးပေါင်းရေးမှာ လုံးဝအောင်မြင်သည်ဟု မဆိုနိုင်သေးချေ။ [[စတူးဝပ်ဘူရင်များ]]
ဂျိမ်းဘုရင်၏ဝါဒမှာ ဘုရင်ဟူသည် ဘုရားသခင်က အုပ်စိုးနိုင်ခွင့် ပေးထားသည်ဟူ၍ဖြစ်သဖြင့် ဘုရင်များသည် လူထု၏ဆန္ဒကို လိုက်လျောရန်မလိုပဲ အုပ်ချုပ်ခွင့်ရှိသည်ဆိုကာ ပါလီမန်နှင့် မကြာခဏ အချင်းများလေသည်။ ဂျိမ်းဘုရင် ဆောက်ရွက်သမျှကို မှူးမတ်များနှင့် ပြည်သူတို့ကမကျေနပ်ကြ
ချေ။ တိုင်းသူပြည်သားတို့အား လွတ်လပ်စွာကိုးကွယ်ခွင့် မပေးဘဲ ပရိုတက်စတန့်ဂိုဏ်းသို့ဝင်စေသည်။ ဗရင်ဂျီဂိုဏ်းဝင်များနှင့် ပျူရီတန်ဂိုဏ်းဝင်များကို များစွာညှဉ်းပန်းနှိပ်စက်သတ်ဖြတ်သဖြင့် ချုပ်ချယ်မှုကို မခံလိုသော ပျူရီတန်များသည် ၁၆ဝ၇ ခုနှစ်တွင် အမေရိကတိုက်သို့ သွားရောက်ကာ ပထမဆုံး
အင်္ဂလိပ်ကိုလိုနီနယ်သစ်များကို အခြေစိုက်ကြသည်။ [[ဂျိမ်းဘုရင်များ]]
ဂျိမ်းဘုရင်၏သားတော် ပထမချားဘုရင်သည်လည်း
ခမည်းတော်၏ဝါဒကို လက်ကိုင်ထားသူဖြစ်ရကား ပါလီမန်နှင့်
ဘုရင်မသင့်ဖြစ်နေခဲ့ရာ၊
လာလေသည်။ နောက်ဆုံး၌ ဘုရင်ဖက်မှရှုံး၍ အသတ်ခံရသည်
အထိဖြစ်ခဲ့သည်။
|