သဗ္ဗညုဘုရား(ပုဂံ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[Image:That-byin-nyu.jpg|thumb|သဗ္ဗညုဘုရား(ပုဂံ)ကို အဝေးမှ မြင်ရပုံ]]
 
သဗ္ဗညုဘုရားသည် [[ပုဂံမြို့ဟောင်း|ပုဂံနန်းမြို့ရိုး]] အတွင်း [[အာနန္ဒာဘုရား|အာနန္ဒာ လိုဏ်ဂူတော်ဘုရား]]ကြီး၏ အနောက်တောင် ယွန်းယွန်း ကိုက် ၅၀ဝ ခန့် အကွာတွင် တည်ရှိသည်။ သဗ္ဗညု လှိုဏ်ဂူတော် ဘုရားကြီးသည် လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားတွင် ထုထည်ကြီးမားသော ဘုရားကြီးများအနက် ထင်ရှားကျော်ကြားသော ဘုရားတစ်ဆူပင် ဖြစ်သည်။ ဉာဏ်တော် ပေ (၂၀၀)ကျော် မြင့်သဖြင့် အခြားဘုရားပုထိုးများ အကြားတွင် ထီးထီးမားမားကြီး တည်ရှိနေသည်။ သဗ္ဗညုဟူသော ဝေါဟာရကို ပုဂံခေတ် ရေးထိုးကျောက်စာများတွင် သိစပ်မြင်နှံ့ ဟူ၍ ပြန်ဆိုရေးသားလေ့ ရှိသဖြင့် ဗုဒ္ဓဘုရားသခင်၏ အလုံးစုံကို သိမြင်တော်မူသော သဗ္ဗညုတ ဉာဏ်တော်ကို အာရုံပြုခေါ်ဝေါ် သမုတ်သည်ဟု ယူဆကြသည်။
*စေတီပုထိုးအမှတ်=၁၅၉၇/၉၀၆
သဗ္ဗညုဘုရားသည် [[မြန်မာနိုင်ငံ]]၊ [[မန္တလေးတိုင်းဒေသကြီး]]၊ [[ပုဂံ]]တွင် တည်ရှိသည်။ [[ပုဂံမြို့ဟောင်း|ပုဂံနန်းမြို့ရိုး]] အတွင်း [[အာနန္ဒာဘုရား|အာနန္ဒာ လိုဏ်ဂူတော်ဘုရား]]ကြီး၏ အနောက်တောင် ယွန်းယွန်း ကိုက် ၅၀ဝ ခန့် အကွာတွင် တည်ရှိသည်။ သဗ္ဗညု လှိုဏ်ဂူတော် ဘုရားကြီးသည် လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားတွင် ထုထည်ကြီးမားသော ဘုရားကြီးများအနက် ထင်ရှားကျော်ကြားသော ဘုရားတစ်ဆူပင် ဖြစ်သည်။ ဉာဏ်တော် ပေ (၂၀၀)ကျော် မြင့်သဖြင့် အခြားဘုရားပုထိုးများ အကြားတွင် ထီးထီးမားမားကြီး တည်ရှိနေသည်။ သဗ္ဗညုဟူသော ဝေါဟာရကို ပုဂံခေတ် ရေးထိုးကျောက်စာများတွင် သိစပ်မြင်နှံ့ ဟူ၍ ပြန်ဆိုရေးသားလေ့ ရှိသဖြင့် ဗုဒ္ဓဘုရားသခင်၏ အလုံးစုံကို သိမြင်တော်မူသော သဗ္ဗညုတ ဉာဏ်တော်ကို အာရုံပြုခေါ်ဝေါ် သမုတ်သည်ဟု ယူဆကြသည်။
 
သဗ္ဗညုဘုရားဒါယကာမှာ ကျန်စစ်မင်းကြီး၏ အရိုက်အရာကို ဆက်ခံသည့် မြေးတော် [[အလောင်းစည်သူ]]မင်းကြီးဖြစ်သည်။ အလောင်းစည်သူ မင်းကြီးသည် ခရစ် ၁၁၄၄-ခုနှစ်တွင် ရှင်မဟာမောဂ္ဂလ္လာန် ကြပ်မတ်၍ တည်ဆောက်ခဲ့သော ကျောင်းအမကြီး ဝိသာခါ၏ ပုပ္ဖာရုံကျောင်းတော်ကြီးကို အတုယူကာ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်ဟု ဘုရားသမိုင်းများတွင် ဆိုလေသည်။ ထို့ကြောင့် ထိုလိုဏ်ဂူမှာ ဘုရားဝတ်ပြုရန် သက်သက်ချည်းသာ မဟုတ်ပဲ ရှေးခတ်က သံဃာတော်များ သီတင်းသုံးရန်နှင့် ပိဋကတ်တိုက်ထားရှိ သုံးစွဲရန်လည်း လျာထားစီမံခဲ့သည်ဟု ထင်ရန်ရှိလေသည်။