ရွှေဂူကြီးဘုရား (ပုဂံ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Shwegugyi-Bagan-Myanmar-01-gje.jpg|thumb|ရွှေဂူကြီးဘုရား]]
*စေတီပုထိုးအမှတ် = ၁၅၈၉/၉၀၁−က
ရွှေဂူကြီးဘုရားသည် [[မြန်မာနိုင်ငံ]]၊ [[မန္တလေးတိုင်းဒေသကြီး]]၊ [[ပုဂံ]]တွင် တည်ရှိသည်။ ရွှေဂူကြီးဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူ ဘုရားကြီး ဖြစ်ပြီး အေဒီ(၁၁၃၁) တွင် [[အလောင်းစည်သူ]]မင်း အေဒီ (၁၁၁၃- ၁၁၆၃)တွင် တည်ခဲ့ပြီး [[ပိဋကတ်တိုက်(ပုဂံ)|ပိဋကတ်တိုက်]]၏ အနောက်ဘက်၌ ရှိသည်။ အလောင်းစည်သူ မင်းသည် ပုဂံထီးနန်းကို ဆက်ခံ ပြီးနောက် ရဟန်း သံဃာတော်များနှင့် ညှိနှိုင်း တိုင်ပင်ကာ သာဝတ္တိပြည်၊ ဇေတဝန် ကျောင်းရှိ ဂန္ဓကုဋီ တိုက်တော်ပုံစံကို အတုယူ၍ နန်းဦးတွင် စေတီတည်ကာ ရွှေဂူကြီးဘုရားဟု အမည်ပေးခဲ့သည်။ အလောင်း စည်သူ ထီးနန်းရရှိ ပြီးနောက် ရှေးဦးစွာ တည်သည့် ဘုရားဖြစ်၍ အလောင်းစည်သူ မင်းအား ရွှေဂူဒါယကာ ဟု ခေါ်ကြ သည်။
*စေတီပုထိုးအမှတ်=၁၅၈၉/၉၀၁−က
 
== ဗိသုကာ လက်ရာများ ==
ဂူဘုရားသည် စင်္ကြပလ္လင်မြင့် အထက်တွင် တည်ရှိ၍ မြောက်ဘက်သို့ မုခ်လှည့်ထားသည်။ စင်္ကြပလ္လင်မြင့်ကို လျှောက်ကြည့်ပါက တောက်ဘက်၌ ရှိခိုးနေဟန် နတ်ရုပ်များနှင့် စိန်တန်းအင်္ဂတေ လက်ရာကောင်းများကို တွေ့ရပေလိမ့်မည်။ ထို့အတူ မုခ်တံကဲ၊ တိုင်ထောင့်ပန်း၊ တိုင်းဖုံးပန်းလက်ရာများကိုလည်း တင့်တယ်ပြေပြစ်စွာ တွေ့ရပေလိမ့်မည်။ ဂူဘုရားသို့ အနောက်မြောက်ထောင့်ရှိ လှေကားငယ်ဖြင့် တက်နိုင်သည်။ ထိုအခါ အာရုံခံနှင့် ဗဟိုမဏ္ဍိုင် ပတ်စင်္ကြများသို့ ရောက်သည်။ ရွှေဂူကြီး ဘုရားတွင် အင်္ဂတေပန်း၊ အင်္ဂတေ ဖြင့် ပြုလုပ်ထားသော ရုပ်ပုံအမျိုးမျိုး၊ ဘီလူး ပန်းဆွဲ၊ မုခ်တံကဲ၊ စဉ့်ကွင်းအချို့ နှင့် နံရံပေါင်းကူး (မုခ်ခုံး) များကို လေ့လာနိုင်သည်။