ဇီးကွက်စိန်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Zksein1.jpeg|thumb|အရပ် ၈' ရှည်​သော ပုဂံသူ မဇီးကွက်စိန်]]
'''ဇီးကွက်စိန်'''သည် တစ်ချိန်က [[မြန်မာနိုင်ငံ]]၊ [[မန္တလေးတိုင်းဒေသကြီး]]၊ [[ပုဂံမြို့]]ရှိ ထူးထူးခြားခြား အရပ်အရှည်ဆုံး ပုဂံမြို့သူ ဖြစ်ပေသည်။ သို့သော် ဇီးကွက်စိန်သည် ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်း (Guinness World Records) စာအုပ်တွင် ပါဝင်မှတ်တမ်းတင်ခွင့် မရရှိခဲ့ပေ။
 
Line ၁၈ ⟶ ၁၉:
 
ပုဂံရှိ ယွန်းအကြမ်းထည်လုပ်ငန်းကို လုပ်ကိုင်သည်။ အစားအစာကို ပုံမှန်လူများ စားသလောက်ပဲ စားသည်။ တစ်နေ့ကို သုံးလေးချိန်လောက် စားသည်။ အဝတ်အစားများ ဆိုလျှင်လည်း ပိတ်စ တစ်ကိုက်ကို အင်္ကျီချုပ်ဝတ်မရပေ။ သုံးတောင်ပိတ်စမှ လက်စက အင်္ကျီရသည်။ လက်ရှည်အင်္ကျီ တစ်ထည်ကို ပိတ်စ ငါးတောင်ခန့် ချုပ်၍ ဝတ်ရသည်။ လုံချည်တစ်ထည်ကို ခြောက်တောင် ချုပ်ရသည်။ မိန်းမလုံချည် သုံးကွင်းကို သူ့အတွက် နှစ်ကွင်းသာရသည်။
[[File:Zksein2.jpeg|thumb|မဇီးကွက်စိန် အထိမ်းအမှတ် ကျောက်တိုင်]]
 
[[လောကနန္ဒာစေတီ(ပုဂံ)|လောကနန္ဒာဘုရား]]ကို ဘုရားဖူးလာရင်း ဧည့်သည်များက ဇီးကွက်စိန်ကို အထူးအဆန်းသဖွယ် လာရောက်ကြည့်ကြသည်။ လာကြည့်သူ တစ်ဖြေးဖြေးများလာပြီး ည (၇)နာရီ၊ (၈)နာရီအထိ ဖြစ်တတ်သည်။ လာကြည့်သူများက သူ့ကို စကားပြောကြသည်။ ဇီးကွက်စိန်ကလည်း ပြန်လည် စကားပြောပါသည်။ မတ်တတ်ရပ်ခိုင်းလျှင် မတ်တတ်ရပ်ပြပါသည်။ သူ၏ စိတ်ထားသည် နူးညံ့သလို ခတ်အေးအေး နေတတ်သည်။