"ဘဖေ၊ ဦး" ၏ တည်းဖြတ်မှု မူကွဲများ

၇၉ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၄ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
 
== ဘကြီးဘဖေ ခေါ် ဦးဘဖေ ==
[[File:BaPe.jpeg|thumb|ဘကြီးဘဖေ ခေါ် ဦးဘဖေ]]
 
[[File:bape.gif|thumb|ဘကြီးဘဖေ ခေါ် ဦးဘဖေ]]
[[File:bape.gif|thumb|ဘကြီးဘဖေ ခေါ် ဦးဘဖေ]]မြန်မာ အမျိုးသားများနှင့် တကွ အာရှ၊ ဥရောပသားများကပါ လူသိများလှသော ဘကြီး ဘဖေသည် ကြို့ပင်ကောက်မြို့မြေပိုင်ရှင် အဖ ဦးအို၊ အမိ ဒေါ်မှင်တို့မှ မြန်မာသက္ကရာဇ် ၁၂၄၅ ခု၊ ကဆုန်လဆန်း ၁ဝ ရက် (ခရစ်သက္ကရာဇ် ၁၈၈၃ ခု၊ ဧပြီလ ၁၆ ရက်) တနင်္လာနေ့တွင် ဖွားမြင်ခဲ့သည်။
 
မောင်ဘဖေသည် အသက် ၁၇ နှစ်သား အရွယ်တွင် အင်ထရင့် စာမေးပွဲကို စကောလားရှစ်ဆုဖြင့် အောင်မြင်ခဲ့သည်။ ၁၉ဝ၆ ခု၊ အသက် ၂၃ နှစ်တွင် ဘီအေ စာမေးပွဲကို အောင်မြင်ခဲ့သည်။ ဘီအေ အောင်ပြီး အသက်၂၃ နှစ် အရွယ်မှာပင် ဝိုင်အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (၁၉ဝ၆) စတင် တည်ထောင်ရာတွင် အဓိက အရေးကြီးသော ပုဂ္ဂိုလ်တွင် တဦး အပါအဝင် ဖြစ်သည်။ ကိုဘဖေသည် ဘီအေ အောင်ပြီးနောက် နယ်ချဲ့ အင်္ဂလိပ် အစိုးရက မြို့အုပ်ရာထူး လာပေးသည်ကို မယူဘဲ စိန်ပေါကျောင်း၌ ကျောင်းဆရာ အဖြစ် လုပ်ကိုင်ခဲ့သည်။
၂၅၈၂၅

တည်းဖြတ်မှုများ