ဒူးလင်းလူမျိုး: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး →ကိုးကား |
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် |
||
စာကြောင်း ၁ -
ဒူလင်းလူမျိုးတို့သည် [[ဂျိန်ဖော့လူမျိုး]]တို့နှင့် အမျိုးတူအနွယ်တူပင် ဖြစ်သည်။ တိဗက်-မြန်မာအစုဝင် ကချင်အစုခွဲတွင် ပါဝင်သည်။ ယင်းတို့နေထိုင်ရာဒေသမှာ [[မေခမြစ်|မေခ]]နှင့် [[မေလိခမြစ်]]နှစ်သွယ်ဆုံရာ တြိဂံနယ်၏ မြောက်ဘက်စွန်းတွင် ဖြစ်သည်။
[[File:Dolin man.jpeg|thumb|ဒူးလင်းအမျိုးသား]]
[[File:Dolin woman.jpeg|thumb|ဒူးလင်းအမျိုးသမီး]]
မေလိခမြစ်လက်တက်ဖြစ်သော ရှမ်းခ (ခေါ်) နမ့်တဆန်မြစ်ဝှမ်း တစ်လျှောက်၎င်း၊ မလိခမြစ်ဝဲဘက်ကမ်းမှ ကုန်းထူစခန်းသို့ တိုင်အောင်၎င်း ဒူးလင်းရွာကလေးများ အနှံ့အပြား တည်ရှိလေသည်။ ရွာဟုဆိုရသော်ငြားလည်း တစ်ချို့ရွာကလေးများ၌ အိမ်ခြေပေါင်း သုံးအိမ်၊ လေးအိမ်မျှသာ ရှိသည်။ များသောအားဖြင့် ၁၀ အိမ်ခန့်မျှသာရှိသော ရွာကလေးများဖြစ်သည်။
Line ၈ ⟶ ၉:
ဒူးလင်းလူမျိုးတစ်ချို့မှာ [[ခရစ်ယာန်]] အယူဝါဒ သက်ဝင်သူများ ဖြစ်ကြသည်။ နတ်ကိုးကွယ်မှုလည်း ရှိသည်။ ဒူးလင်းလူမျိုးတို့သည် [[အသုဘ]]ကို အခမ်းအနားပွဲပေး၍ သင်္ဂြိုဟ်လေ့ရှိသည်။ တစ်ခါတစ်ရံ ရပ်ဝေးမှ ဆွေးမျိုးမိတ်သင်္ဂဟများကို စောင့်၍ လူစုံမှ ပွဲပေးကြလေရာ အသုဘကို နှစ်လ၊ သုံးလကြာထားပြီးမှ သင်္ဂြိုဟ်ခြင်း ပြုကြလေသည်။ <ref>မောင်ပုဆိုးကြမ်း ရေး တိုင်းရင်းသား လူမျိုးများ အဘိဓာန်စာအုပ်မှ</ref>
==ကိုးကား==
<references/>
|