စစ်တွေခရိုင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၁ -
 
== လူဦးရေနှင့် စီးပွားရေး ==
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ခရိုင်အတွင်းရှိလူဦး ရေမှာ ၅၃၇,၃၀၀ ဖြစ်၏။<ref>{{Citation |date=26 August 2014|title= Provisional Results Census 26 August 2014 FINAL|publisher= ပြည်သူ့အင်အားဦးစီးဌာန|page= ၃၀|url= http://www.dop.gov.mm/wp-content/uploads/2012/12/Census_Provisional_Results_2014_ENG1.pdf|accessdate=February 25, 2015}}</ref> ထိုအထဲတွင် ဗုဒ္ဓဝါဒီများမှာ အများ ဆုံးဖြစ်သည်။ ဗုဒ္ဓဝါဒီများမှ လွဲလျှင် မွတ်စလင်များမှာ အများ ဆုံးဖြစ်၏။ စစ်တွေခရိုင်တွင်း၌ ရခိုင်၊ မြန်မာ၊ဗမာ၊ ခမီး၊ မြို၊ ချင်း၊ ဒိုင်းနက်၊ ချောင်းသား၊ သက်ဟူသော တိုင်းရင်းသားတို့ နေထိုင်ကြသည်။ ခရိုင်တွင်းရှိလူများသည် အများအားဖြင့် လယ် ယာလုပ်ကိုင်ကြသည်။
 
စစ်တွေခရိုင်သည် မြေဩဇာကောင်းမွန်၍၊ မိုးလုံလောက် စွာရွာသောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်၏။ ခရိုင်တွင်းရှိ မြေပြန့်တို့တွင် ဆန်စပါးစိုက်ပျိုးရန် သင့်လျော်၍၊ တောင်ခြေဒေသများတွင် ဥယျာဉ်များလုပ်ကိုင်ရန်သင့်လျော်၏။ တောင်ပေါ်တွင်မူကား တောင်ယာများလုပ်ကိုင်ကြ၏။ စစ်တွေ ခရိုင်အတွင်း၌ လယ်ယာစိုက်ပျိုးရေးအတွက် စရိတ်မှာ မြန်မာ နိုင်ငံအောက်ပိုင်းထက် ပိုမိုကြီးလေးသည်။ ခရိုင်တွင်းတွင် အသုံးပြုသော စိုက်ပျိုးနည်းများမှာ မြန်မာနိုင်ငံအောက်ပိုင်း အခြားဒေသများနှင့် အနည်းငယ် ကွဲပြား၏။ ဆန်စပါးကို အများဆုံးစိုက်ပျိုး၏။ ဆေးနှင့် ကြံကို အနည်းငယ်စိုက်ပျိုးလုပ်ကိုင်ကြ၏။ ဒီရေ အတက်အကျရှိသော ဒေသများတွင် ဓနိပင်များပေါက်သည်။