စုဖုရားလတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁ -
[[File:စုဖုရားလတ် .jpg|thumb]]
'''စုဖုရားလတ်'''သည် မြန်မာပြည် [[ပဒေသရာဇ်စနစ်|ပဒေသရာဇ် သက်ဦးဆံပိုင်စနစ်၏သက်ဦးဆံပိုင်စနစ်]]၏ နောက်ဆုံးဘုရင်([[သီပေါမင်း]])၏ မိဖုရားဖြစ်သကဲ့သို့ [[ကုန်းဘောင်ခေတ်]]၏ နောက်ဆုံး မဟေသီပင် ဖြစ်သည်။ စုဖုရားလတ်အား မြတောင်မြို့ကို[[မြတောင်မြို့]]ကို စားရ၍ မြတောင်မင်းသမီးဟုလည်း ခေါ်ကြသည်။
 
[[မင်းတုန်းမင်း]]နှင့် အလယ်နန်းစံမိဖုရားဖြစ်သော [[ဆင်ဖြူမရှင်]]မှ စုဖုရားလတ်အား သက္ကရာဇ်၁၂၂၁-ခု၊ နတ်တော်လပြည့်ကျော်(၄)ရက်၊ အင်္ဂါနေ့ (အေဒီ-၁၈၅၉)တွင် ဖွားမြင်တော်မူသည်။ ဆင်ဖြူမရှင်တွင် သမီးသုံးယောက်ရှိရာ အကြီးဆုံးမှာ မိုင်းနောင် [[စုဖုရားကြီး]]၊ အလတ်မှာ မြတောင် စုဖုရားလတ်နှင့် သမီးအငယ်မှာ ရမည်းသင်း [[စုဖုရားလေး]]တို့ ဖြစ်ကြသည်။ မြနန်းစံကျော် ရွှေနန်းတော် နန်းသိမ်းပြီးချင်း ပထမဆုံးမွေးဖွားသော သမီးတော်ဖြစ်သည်။ ပထမ ဒီပဲရင်းမြို့၊[[ဒီပဲရင်းမြို့]]၊ မန်လည်မြို့များကို[[မန်လည်မြို့]]များကို စားခဲ့ရသည်။ မြတောင်မြို့စား မင်းသမီးအဖြစ်နှင့် '''သီရိပဘာ ရတနာဒေဝီ''' ဘွဲ့ရသည်။
 
သက်တော်(၁၉)နှစ်အထိ ရတနာပုံနန်းတွင် မင်းတုန်းမင်းတရားကြီး၏ သမီးတော်များတွင် ထိပ်ဆုံးနေရာ ရခဲ့သည်။ အသက်(၁၉)နှစ်တွင် ထီးနန်းစံရပြီး နန်းမတော်အရှင် မိဘုရားခေါင်ကြီး အဖြစ်နှင့် (၇)နှစ်ပတ်လုံး အတိုင်းအစမရှိသော အာဏာဖြင့် စံစားခဲ့ရသည်။ နန်းကျပြီး သက်တော်(၂၆)နှစ်မှ နတ်ရွာစံသည့် သက်တော်(၆၆)နှစ်၊ နှစ်ပေါင်း(၄၀)တိတိ အထိ စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်းနှင့် နေသွားရသည်။ <ref>မောင်သန်းဆွေ(ထားဝယ်)၏ ကုန်းဘောင်ရှင်းတမ်း</ref>
စာကြောင်း ၁၀ -
ဆင်ဖြူမရှင်မိဖုရားသည် မိမိသားသမီးများ ကောင်းစားရေးနှင့် နန်းတွင်းတွင် လိုသလိုခြယ်လှယ်နိုင်ရန် ဝန်ကြီး မှူးမတ်၊ မင်းသားအချို့တို့ စည်းရုံးသိမ်းသွင်းကာ မင်းတုန်းမင်း၏ သားတော်တစ်ပါးဖြစ်သော၊ စာပေကျမ်းဂန်၌သာ ပျော်မွေ့တတ်သော ဘုန်းကြီးလူထွက် သီပေါမင်းသားအား သမီးကြီး စုဖုရားကြီးနှင့် လက်ဆက်ရန် စီမံသည်။ သို့သော် ထက်မြက်သော စုဖုရားလတ်သည် မိဖုရားခေါင်ကြီးနေရာကို သီရိပဘာ ရတနာဒေဝီဘွဲ့ဖြင့် အရယူခဲ့သည်။ ဆင်ဖြူမရှင်မိဖုရားနှင့် စုဖုရားလတ်တို့ကြောင့် သီပေါမင်းသား ဘုရင်ဖြစ်လာပြီး စုဖုရားညီအစ်မ(၃)ယောက်လုံး မိဖုရားအဖြစ် လက်ခံခဲ့ရသည်။ စုဖုရားလတ်သည် သီပေါဘုရင်နှင့် မေတ္တာမျှခဲ့သော အရပ်သူ [[ဒိုင်းခင်ခင်]]အား အဓမ္မနည်းဖြင့် ဖြတ်တောက်ကွယ်ပျောက် စေခဲ့သည်။
 
၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့သည် စစ်ပြုရင်ဆိုင်တိုက်ခိုက်ရခြင်း မရှိဘဲ သီပေါမင်းနှင့် စုဖုရားလတ်တို့အား နန်းချလျက် မြန်မာပြည်တစ်ပြည်လုံးကို သိမ်းပိုက်လိုက်သည်။ သီပေါမင်းမှာ (၇)နှစ် ထီးနန်းစည်းစိမ် ခံစားပြီးနောက် မြန်မာပြည်အား အင်္ဂလိပ်လက်အောက်သို့ ပေးခဲ့ရသည်။ ထိုနှစ် နိုဝင်ဘာလတွင် ဗီရိုလှည်းအသီးသီးဖြင့် ဘုရင်၊ မိဖုရား မိသားစုနှင့် အသိုင်းအဝိုင်းတို့ကို တင်ဆောင်ကာ မန္တလေး[[ဂေါဝိန်ဆိပ်]]မှ သူရိယသင်္ဘောဖြင့် အိန္ဒိယပြည်ရှိ[[အိန္ဒိယပြည်]]ရှိ မဒရပ်မြို့သို့ခေါ်ဆောင်ကာ[[မဒရပ်မြို့]]သို့ခေါ်ဆောင်ကာ ရတနာဂီရိမြို့တွင်[[ရတနာဂီရိမြို့]]တွင် အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ သီပေါမင်းနှင့် စုဖုရားလတ်တို့မှာ မန္တလေးမြို့တွင်[[မန္တလေးမြို့]]တွင် ဆောက်လုပ်လျက်ရှိသော [[မြတောင်ဘုန်းကြီးကျောင်းတိုက်]]ကိုပင် ရေစက်ချခွင့် ရမသွားကြပေ။
 
၁၈၈၆ ဧပြီလ၊ မဒရပ်မြို့တွင် စုဖုရားလတ်သည် သမီးငယ်တစ်ပါးကို ထပ်မံဖွားမြင်ခဲ့သည်။ ထို့နောက် ရတနာဂီရိတွင် သားငယ်တစ်ပါးကို ထပ်ဖွားမြင်ရာ ငယ်စဉ်ကတည်းက သေဆုံးခဲ့သည်။ သမီးတော်ကြီး အရှင်ထိပ်စုမြတ်ဖုရားကြီးက အိန္ဒိယလူမျိုး တံခါးမှူးဖြစ်သူနှင့် အကြောင်းပါပြီး တုတုဆိုသူ ဘိုင်ဆပ်သမီးလေးကို ဖွားမြင်သည်။ ၁၉၁၂ တွင် စုဖုရားလေး ကွယ်လွန်ခဲ့ပြီး ၁၉၁၆တွင် ဒုတိယမင်းသမီး အရှင်ထိပ်စု မြတ်ဖုရားလတ်က သီပေါဘုရင်၏ အမှုထမ်းတစ်ဦးဖြစ်သူ မြန်မာလူမျိုး ခင်မောင်လတ်နှင့် အိမ်ထောင်ပြုခဲ့သည်။
 
တိုင်းတစ်ပါး၌ သီပေါဘုရင်သည် (၃၁)နှစ်နေထိုင်ခဲ့ပြီး အသက်(၅၈)နှစ် ၁၉၁၆ ဒီဇင်ဘာတွင် ဆီးချိုရောဂါဖြင့်[[ဆီးချိုရောဂါ]]ဖြင့် နတ်ရွာစံခဲ့သည်။ စုဖုရားလတ်မှာ မြန်မာပြည်သို့ ပြန်လာခွင့်ရခဲ့ပြီး သာမန်အရပ်သူဘဝဖြင့် နေထိုင်သွားကာ ၁၉၂၅၊ ဒီဇင်ဘာတွင် ရိုးစင်းစွာ ဇာတ်သိမ်းခဲ့သည်။
 
စုဖုရားလတ် ကွယ်လွန်သောအခါ အမျိုးအဆွေများက မိဖုရား မွေးဖွာကြီးပြင်းရာ မန္တလေးမြို့သို့ ယူဆောင်သဂြိုဟ်ခွင့်တောင်းရာ အင်္ဂလိပ်တို့က ခွင့်မပြုခဲ့ပေ။ ယခုအခါ စုဖုရားလတ်၏ သင်္ချိုင်းကို ရွှေတိဂုံ[[ရွှေတိဂုံဘုရား]] ဘုရားတောင်ဘက်ရှိတောင်ဘက်ရှိ ကန်တော်မင်ပန်းခြံထဲတွင်[[ကန်တော်မင်ပန်းခြံ]]ထဲတွင် တွေ့မြင်နိုင်ပါသည်။
 
ကုန်းဘောင်ခေတ်ကာလတွင် အဘွားဖြစ်သူ [[နန်းမတော်မယ်နု]] ([[ဖလံဂုဏ်ရွာ]] သူ)၊ သမီး ဆင်ဖြူမရှင်နှင့် မြေးတော်စပ်သူ စုဖုရားလတ်တို့မှာ ထက်မြက်သော မဟေသီ၊ ဒေဝီ၊ ဧကရီများ ဖြစ်ခဲ့ကြသည်။ တိုင်းပြည်ရေး မငြိမ်သက်ဖြစ်နေချိန်တွင် လူလားမြောက်ခဲ့ကြ သူများဖြစ်ကြသည်။