တွင်းထွက်ပစ္စည်း: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃၅ -
ကျောက်မီးသွေးနှင့် ရေနံသည် အထက်က ဖော်ပြခဲ့သည့်အတိုင်း စင်စစ်အားဖြင့် တွင်းထွက်ပစ္စည်းများ မဟုတ်ကြသော်လည်း သာမန်အားဖြင့် တွင်းထွက်ပစ္စည်းဟု ယူဆထားကြသည်။ ဤပစ္စည်းနှစ်မျိုးသည် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံး လောင်စာများဖြစ်သည်။ လူတို့သည် ရေ၏ လှုပ်ရှားမှုမှ လျှပ်စစ်ဓာတ် စွမ်းအင်ကို ထုတ်ယူရရှိသည်။ ထိုနည်းတူ ယခုခေတ် လုပ်ငန်းများအတွက် မရှိမဖြစ် အသုံးဝင်သော သတ္တုမဟုတ်သည့် တွင်းထွက်ပစ္စည်းများကိုလည်း မြေအောက်မှ တူးဖော်ရရှိသည်။
 
တွင်းထွက်ပစ္စည်း အသီးသီး၏ ကျေးဇူးကြောင့် အက်ဆစ်၊ မြေဩဇာ စသည်တို့နှင့်တကွ ဓာတ်ဆား အမျိုးမျိုးကို ဖော်စပ်နိုင်ကြသည်။ ဖန်ထည်၊ ကြွေထည်၊ အိုးခွက်နှင့် အုတ်အမျိုးမျိုးကိုလည်း ပြုလုပ်နိုင်ကြသည်။ အရောင်ဆေး အမျိုးမျိုးနှင့် ခဲတံ၊ မင်တံ စသော စာရေးကိရိယာ အမျိုးမျိုးကို ဖန်တီးနိုင်ကြသည်။ [[စက်ဘီး]]၊ [[မော်တော်ကား]]၊ [[သင်္ဘော]]၊ [[လေယာဉ်လေယာဉ်ပျံ]]၊ [[ကြေးနန်း]]၊ [[ဓာတ်ပုံ]]၊ [[ရေဒီယို]]၊ [[ရုပ်မြင်သံကြား]]စက်မှ စ၍ စက်အမျိုးမျိုး၊ ယာဉ်အမျိုးမျိုး၊ အသုံးအဆောင် အမျိုးမျိုးကိုလည်း တည်ဆောက်နိုင်ကြသည်။ တစ်နည်းအားဖြင့် တွင်းထွက်ပစ္စည်းများသာ မရှိပါက များပြားလှစွာသော နေ့စဉ် အသုံးအဆောင် ပစ္စည်းကိရိယာများကို ပြုလုပ်ဖန်တီးနိုင်ကြမည် မဟုတ်သဖြင့် လူနေမှုအခြေအနေသည်လည်း ယခုလောက် တိုးတက်နိုင်စရာ အကြောင်းမရှိချေ။
 
[[af:Mineraal]]