မြစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၅ -
ကမ္ဘာ၏ ပြင်ပတွင်မူ စနေဂြိုဟ်၏ လတစ်စင်း ဖြစ်သော [[တိုက်တန် (လ)|တိုက်တန်]] တွင် ဟိုက်ဒရိုကာဘွန်ရည်များ စီးဆင်းနေသောမြစ်ကို တွေ့ရှိခဲ့ပြီး ဖြစ်သည်။ <ref name="puzzling geologic">{{cite web |url=http://web.mit.edu/newsoffice/2012/river-networks-on-titan-0720.html |title=River networks on Titan point to a puzzling geologic history |author=Chu, Jennifer |date=July 2012 |publisher=MIT Research |accessdate=24 July 2012}}</ref><ref>O'Neill, Ian. [http://www.space.com/18875-titan-nile-river-cassini.html Titan's 'Nile River' Discovered] 12 December 2012</ref> သီအိုရီအရ ကြယ်တို့၏ လူနေထိုင်နိုင်သော နေရာများတွင် မြစ်များ ရှိသည်ဟု ယူဆကြသည်။
 
== မြေမျက်နှာသွင်ပြင် ==
== မြစ် ==
မြစ်များသည် မြစ်ဖျားခံရာ အရပ်မှ စတင်စီးဆင်းပြီး မြစ်ကြောင်းဟု ခေါ်သော လမ်းကြောင်း အတိုင်း စီးဆင်းကာ မြစ်ဝ သို့မဟုတ် မြစ်ဝများတွင် အဆုံးသတ်လေ့ ရှိကြသည်။ မြစ်အတွင်းရှိ ရေများသည် မြစ်ကမ်းပါး နှစ်ခု အကြား မြစ်ကြမ်းပြင် အထိ နက်သော ရေလမ်းကြောင်းတစ်ခု အတွင်း ကန့်သတ် စီးဆင်းလေ့ ရှိသည်။ ကျယ်ပြန့်သော မြစ်များတွင်မူ ရေလမ်းကြောင်း၏ အပေါ်သို့ လျှံကျလာသော ရေများ စီးဆင်းရာ ကျယ်ပြန့်သော ရေလွှမ်းလွင်ပြင် များ ရှိသည်။ ရေလွှမ်းလွင်ပြင်သည် မြစ်၏ ရေလမ်းကြောင်း နှင့် နှိုင်းယှဉ်လျှင် အလွန် ကျယ်ပြန့်လေ့ ရှိသည်။
မြစ်များ ဖြစ်ပေါ်လာပုံကို ဖုံများရှိသည့် လမ်းတစ်လမ်းပေါ်၌ မိုးရွာအပြီးတွင် ရေစီးကြောင်းများ ဖြစ်ပေါ်လာပုံကို ကြည့်ခြင်းဖြင့် သိနိုင်ပေသည်။ ပထမတွင် မိုးပေါက်များစုဝေးကာ ချောင်းကလေးဖြစ်ပေါ်လာ၏။ ထိုချောင်းကလေးသည် အခြား ချောင်းကလေးများနှင့် ပေါင်းမိကာပို၍ ကြီးမားသော ချောင်းတစ်ခုဖြစ်လာသည်။ ချောင်းကလေးတစ်ခုစီသည် ယင်းတို့၏ အောက်ခင်းများအား တိုက်စားသွားသည်ကိုတွေ့ရသည်။ ချောင်းကလေးများ စီးဆင်းသွားကြရာတွင် တစ်ခုစီကို ကုန်းရိုးကလေးများက ခြားပေးထားသည်ကို တွေ့နိုင်သည်။ ထိုကုန်းရိုးကလေးများ၏ ထိပ်ပိုင်းများကို ရေဝေကုန်းတန်း သို့မဟုတ် ရေဝေကြောဟု ခေါ်သည်။
 
မြစ်သည် အများအားဖြင့် တောင်များ၊ သို့မဟုတ် တောင်ကုန်းများတွင် မြစ်ဖျားခံလေ့ ရှိ၏။ တောင်များပေါ်ရှိ စမ်း၊ သို့မဟုတ် အရည်ပျော်နေသော ရေခဲမြစ်မှ အစပြု၍ မြစ်ဖျားခံလေ့ရှိသည်။ ထိုသို့ မြစ်ဖျားခံပြီးနောက် နိမ့်ရာသို့စီးဆင်းသွားရာ အခြားချောင်းများလည်း ပေါင်းလာကြကာ မြစ်ရေပြင်သည် ပို၍ ကျယ်သွားသည် ။ ထိုသို့ စီးဆင်းသွားသည့် ရေစီးကြောင်းက ရေလမ်းကြောင်းကို ဖြစ်ပေါ်စေသည်။ ထိုရေလမ်းကြောင်းသည် နှစ်ဖက်ရှိ ကုန်းများထက် နိမ့်နေ၏။ ထိုရေလမ်းကြောင်း၏ အောက်ခြေကို အောက်ခင်းဟု ခေါ်သည်။ မြစ်၏ ဘေးနှစ်ဖက်ကို ကမ်းပါးဟု ခေါ်သည်။ မြစ်ရေစီးဆင်းရာတွင် လက်ျာဖက်ရှိ ကမ်းကို လက်ျာဖက်ကမ်းဟု ခေါ်၍ လက်ဝဲဖက်ရှိ ကမ်းကို လက်ဝဲဖက်ကမ်းဟု ခေါ်သည် ။
"https://my.wikipedia.org/wiki/မြစ်" မှ ရယူရန်