ဂိုင်ယာနာနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၅၁ -
 
ဂိုင်ယာနာ နိုင်ငံသည်တောင်အမေရိကတိုက်၏ အရှေ့မြောက်ဘက် ကမ်းခြေတွင် တည်ရှိသည်။ အရှေ့မြောက်ဘက် နယ်နိမိတ်သည်
အတ္တလန္တိတ် သမုဒ္ဒရာ ဖြစ်သည်။ အနောက်ဘက်တွင် ဗင်နီဇွဲလား နိုင်ငံ၊ တောင်ဘက်တွင် ဘရာဇီးနိုင်ငံနှင့် အရှေ့ဘက်၌ ဆူရီနမ်ဆူရာနမ်
နိုင်ငံတို့ ရှိသည်။ ယခင်က ဗြိတိသျှ ဂီယာနာဟု ခေါ်သည်။ ဂိုင်ယာနာ သမ္မတနိုင်ငံ၏ အကျယ်အဝန်းသည် စတုရန်း မိုင် ၈၃,ဝဝဝ ရှိ၍ လူဦးရေမှာ ၁၉၇၆ ခုနှစ် သန်းခေါင် စာရင်းအရ ၇၈ဝ,ဝဝဝ ခန့်ဖြစ်သည်။ မြို့တော်မှာ ဂျော့တောင်းမြို့ ဖြစ်သည်။
 
စာကြောင်း ၆၃ -
၁၉၆၁ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီး ၁၉၆၆ ခုနှစ် မေလ ၂၆ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ ဗြိတိသျှ တို့သည် ကပ္ပလီလူမျိုးများအပြင် အိန္ဒိယလူမျိုးများကိုလည်း ခေါ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စေခဲ့သည်။ ယခုအခါ ကပ္ပလီလူမျိုးများထက် အိန္ဒိယအမျိုးသား အဆက် အနွယ်များက လူများစု ဖြစ်နေသည်။
 
ဗင်နီဇွဲလားနိုင်ငံက ဂိုင်ယာနာနိုင်ငံ၏ အနောက်ဘက် ပိုင်းကို ပိုင်ဆိုင်ပါသည်ဟု အငြင်းပွားနေဆဲ ဖြစ်သည်။ ဆူရီနမ်နိုင်ငံနှင့်လည်းဆူရာနမ်နိုင်ငံနှင့်လည်း နယ်ခြားပြဿနာများ အငြင်းပွားဆဲ ဖြစ်သည်။