ကျော်ရင်၊ ဦး (မီးပုံးပျံ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဘဝနိဂုံး
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၈ -
| သေရက် = [[၃ ဧပြီ]] [[၁၉၃၉]] ခုနှစ်
| နိုင်ငံသား = [[File:Flag of Myanmar.svg|25px ]] မြန်မာနိုင်ငံ
| လူမျိုး = ဗမာလူမျိုးထား၀ယ်လူမျိုး
| ပညာ = ထားဝယ် အထက (၁) ၌ ပုံဆွဲဆရာ
| လုပ်ငန်း = ကျောင်းဆရာ၊ ပထမဦးဆုံး မီးပုံးပျံစီးသော သူရဲကောင်း
စာကြောင်း ၂၄ -
}}
[[Image:U kyaw yin.JPG|thumb|Kyaw Yin]]
'''မီးပုံးပျံ ဦးကျော်ရင်'''သည် မြန်မာနိုင်ငံ၏ ပထမဆုံး လေသူရဲ ဖြစ်ပေသည်။ တချိန်က မြန်မာတစ်ပြည်လုံးတွင် ဟိုးလေးတကျော် ထင်ရှားခဲ့၍ တစ်ဦးတည်း ပေါ်ထွန်းခဲ့ဘူးသော သူတစ်ဦး ဖြစ်ပေသည်။ မြန်မာစာမျှသာ တတ်သော ပုံဆွဲဆရာဘဝမှ နေ၍ [[မီးပုံးပျံ]]ကို ကြံစည်ပြုလုပ်ပြီးလျှင် [[၁၉၂၉]]-ခုနှစ်မှ [[၁၉၃၉]]-ခုနှစ်အထိ (အသက် ၅၆နှစ်မှ ၆၆နှစ်အထိ) ၁၀-နှစ်အတွင်း မီးပုံးပျံ ၅-လုံးဖြင့် အကြိမ်ပေါင်း ၅၅-ကြိမ်မျှ မြန်မာပြည် အနှံ့အပြား လှည့်လည်စီးပြခဲ့လေသည်။
 
== ငယ်ဘဝ ==
ဦးကျော်ရင်ကို ၁၅ ဇန်နဝါရီ ၁၈၇၃ တွင် ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ပန်းတလဲရွာ၌ ဖွားမြင်ခဲ့သည်။ မိဘများမှာ လယ်သမားကြီး ဦးရွှေဘွားနှင့် ဒေါ်မင်းရယ်တို့ ဖြစ်ကြသည်။ မွေးချင်း ခုနစ်ဦးအနက် ပဉ္စမမြောက် ဖြစ်၏။ ငယ်စဉ်က အောက်ရေဖြူကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပညာ ဆည်းပူးခဲ့ပြီး အစိုးရစစ် လေးတန်း ဝင်ရောက် ဖြေဆို အောင်မြင်ခဲ့သည်။ ဉာဏ်ပညာ ထက်မြက်သော မောင်ကျော်ရင်ကို နယ်လှည့် ပညာဝန် ဦးထွန်းအုန်းက တွေ့ရှိသွားရာမှာ ပညာ ဆက်လက် သင်ယူနိုင်ရန် ဆရာတော်နှင့် မိဘများကို ခွင့်ပန်လျက် ခေါ်ဆောင် သွား၏။ မောင်ကျော်ရင်သည် သတ္တမတန်းကို ပျဉ်းမနားမြို့မှ အောင်မြင်ခဲ့ပြီး အလယ်တန်း ဆရာအဖြစ် အမှုထမ်းခဲ့သည်။ ထိုစဉ်အတွင်း အင်္ဂလိပ်စာကို ကြိုးစား လေ့လာကာ ဝါသနာ ပါသော ပုံဆွဲဆရာ ရာထူးအတွက် စာမေးပွဲ ဝင်ရောက် ဖြေဆို အောင်မြင်ခဲ့သည်။ ဤသို့ဖြင့် ဦးကျော်ရင်သည် ထားဝယ် အထက (၁) ၌ ပုံဆွဲဆရာ ဖြစ်လာခဲ့သည်။