သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၈၂ -
ဗိုလ်ချုပ်ကြီးသန်းရွှေအား နဝတ ဒုဥက္ကဌ ခန့်အပ်ခဲ့သော်လည်း အညိုးအတေး ကြီးလှသော ဗိုလ်ချုပ်ကြီး သန်းရွှေသည် ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ခြေလှမ်းအမှားကိုသာ စောင့်ဆိုင်းနေခဲ့သည်။ စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် နဝတ အတွင်းရေးမှူး (၁) ဗိုလ်ချုပ် ခင်ညွှန့်ကိုမူ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအတွင်း အဖျက်အမှောင့်လုပ်ငန်းများကို လျှို့ဝှက်လုပ်ကိုင်၍ စစ်အာဏာသိမ်းရန်အခြေအနေပေါ်ပေါက်ရန် ဖန်တီးလုပ် ဆောင်ပေးခဲ့သူ ဖြစ်သောကြောင့် ၎င်းအတွက် တစ်ချိန်ချိန်တွင် အသုံးတည့်နိုင်သည်ဆိုသည့် အတွေးဖြင့် အချိုသတ် ဆက်ဆံထားခဲ့သည်။
 
==တပ်ချုပ်ကြီး ဘဝ==
ဗိုလ်ချုပ်မှူးကြီး စောမောင်သည် ၁၉၉၀ ပြည့်နှစ်မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံ အထွေထွေရွေးကောက်ပွဲ၌ မဆလပါတီ တဖြစ်လဲ တစည ခေါ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ အနိုင်ရရှိမည်ထင်၍ ရွေးကောက်ပွဲပြီးလျှင် တပ်မတော်က စစ်တန်းလျား ပြန်မည်ဟု အာချောင်မိခဲ့သည်။ သို့သော် တကယ်တမ်း N.L.D ပါတီက အပြတ်အသတ် အနိုင်ရရှိသောအခါ နဝတအဖွဲ့အတွင်း သဘောထား တင်းမာသော ဗိုလ်ချုပ်ကြီး သန်းရွှေ ဦးဆောင်သည့် နဝတဗိုလ်ချုပ်များက လွှတ်တော်ခေါ်ပေးရန်နှင့် N.L.D ပါတီကို အာဏာလွှဲပြောင်းပေးမည့် ကိစ္စကို ပြင်းထန်စွာကန့်ကွက်သောကြောင့် ဗိုလ်ချုပ်မှူးကြီး စောမောင်သည် ကတိမတည်သူအဖြစ် ပြည်တွင်းပြည်ပ၏ အကြီးအကျယ် ထိုးနှက်ဝေဖန်ခြင်းကို ခံခဲ့ရသည်။
 
စာကြောင်း ၁၂၄ -
ယင်းနောက် ၁၉၈၃ ဇူလိုင်လ ၂၂ ရက်နေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်လာပြီး ထိုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် ဧရာဝတီတိုင်း၏ ဒေသပါတီ ကော်မတီဥက္ကဌ ဖြစ်လာခဲ့သည်။ တစ်ဖန် ၁၉၈၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်တွင် ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ခံရပြီး နောက်တစ်နှစ် ၁၉၈၅ ခု နိုဝင်ဘာလ ၄ ရက်နေ့တွင် တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသည်။ ထိုစဉ်က သူ့အသက်က ၅၂ နှစ် အရွယ်သာရှိပြီး ရာထူးအဆင့် (၂) ဆင့်ကို ခုန်ပျံကျော်တက်ပြီး ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာသည့်အတွက် သူ့ထက်ဝါရင့်ပြီး မေမြို့စစ်တက္ကသိုလ်ဆင်း၊ မဆလ တပ်မတော် ထိပ်ပိုင်းတပ်မှူးများက အတော်ပင် မကျေမနပ် ဖြစ်ခဲ့ကြသည်။ သို့သော်လည်း စစ်အာဏာရှင်ကြီး ဗိုလ်နေဝင်း၏ အကွက်ချ အစီအမံ ဖြစ်သောကြောင့် မိမိတို့၏ မကျေနပ်ချက်များကို မျိုသိပ်ထားခဲ့ရသည်။ သို့ကလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စစ်မတိုက်သော်လည်း အကင်းပါး၍ လူကြီးအကြိုက် ပြုမူဆောင်ရွက်တတ်ပြီး ကွက်ကျော် မြင်တတ်သောကြောင့် ရာထူးအတက်မြန်သည်ဟု ဆိုရပေမည်။
 
၁၉၈၅-ခုနှစ်တွင် ဒုတိယကာကွယ်ရေးဦးစီးချုပ် နှင့် ဒုတိယကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့ပြီး ၁၉၈၆-ခုနှစ်တွင် ဗိုလ်ချုပ်၊ ၁၉၈၇တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။ လမ်းစဉ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်လည်း ဖြစ်သည်။
 
== နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဌအဖြစ် ခန့်အပ်ခံရခြင်း ==
၁၉၈၈ ခုနှစ် သွေးထွက်သံယိုဖြစ်ခဲ့သည့် အရေးတော်ပုံကို တုန့်ပြန်သည့်အနေဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ အဖွဲ့ဝင် ၂၁ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ၁၉၈၉ တွင်နဝတအဖွဲ့ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး ဖြစ်လာသည်။ ၁၉၉၂-ခုနှစ်၊ ဧပြီ ၂၃ ရက်တွင် ကျန်းမာရေးအကြောင်းပြု ၍ ဗိုလ်ချုပ်မှူးကြီး စောမောင် ရုတ်တရက် အနားယူခဲ့ပြီး သူ၏နေရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နဝတ ဥက္ကဌ၊ နိုင်ငံတော်အကြီးအကဲ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် အစားထိုး နေရာယူခဲ့သည်။