အလိုတော်ပြည့်ဂူဘုရား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၄ -
 
== ဂူဘုရားသမိုင်း ==
[[ကျန်စစ်သား]]သည် မင်းမဖြစ်မီ စစ်သူကြီးအဖြစ် [[အနော်ရထာ]]မင်းကြီးထံ ခစားနေစဉ် စစ်ထွက်ရန် အမိန့်တော် (ထွေတော်) ချမှတ်လေသည်။ ကျန်စစ်သားသည် စစ်သည်ဗိုလ်ပါ အလုံးအရင်းဖြင့် စစ်ထွက်ခဲ့ရာ ပေါက္ကံနေပြည်တော်၏ အရှေ့တောင်အရပ် (ယခု အလိုတော်ပြည့်ဘုရားတည်ရာ ) ကုန်းမို့မိုအရောက်တွင် စိတ်လက်လေးလံခြင်းဖြစ်ရကား ထိုကုန်းမို့မို့ထက်၌ ဒူးထောက်ထိုင်ချ၍ အဓိဋ္ဌာန်ပြုလေသည်။ "မိမိသည် ယခုစစ်ထွက်လာရသော်လည်း စစ်တိုက်လိုစိတ်မရှိပါ။ တစ်ဖက် စစ်ပြိုင်ဖက်များသည် ပုဂံစစ်သည်များ စစ်ချီလာကြောင်းကြားရုံမျှနှင့် စစ်အောင်နိုင်သူ ဖြစ်ရပါလို၏။ မိမိပေါက္ကံပြည် ထီးနန်း၌ မင်းအဖြစ် ရရှိသောအခါ ယခုအဓိဋ္ဌာန်ပြုသည့်နေရာတွင် ဘုရားတည်ပြီး သာသနာပြုလိုပါ၏" ဟူ၍ အဓိဋ္ဌာန်ပြုခဲ့လေသည်။ ကျန်စစ်သားစစ်သူကြီးသည် အဓိဋ္ဌာန်ပြုရာကုန်း မှခွာ၍ စစ်ချီသောအခါ အဓိဋ္ဌာန်စိတ်အကြံအတိုင်း ပေါက်မြောက်အောင်မြင်ခဲ့လေသည်။ပေါက်မြောက်အောင်မြင် ခဲ့လေသည်။ <br /><br />
ပုဂံပြည်တွင် ကျန်စစ်သားမင်းအဖြစ် ရောက်ရောက်ခြင်း [[ရှင်အရဟံ]]မထေရ်မြတ်နှင့် တိုင်ပင်ပြီး မိမိစစ်သူကြီးဘဝက အဓိဋ္ဌာန် ဆုတောင်းပြည်ခဲ့သည့်နေရာသို့ ချက်ခြင်းသွားရောက်၍ အရှေ့ဘက် မျက်နှာလည့် ဂူဘုရားငယ် တစ်ဆူကို ဦးစွာတည်ထားလေသည်။ ထိုဂူဘုရားငယ်ကို "အလိုပြည့်" ဘွဲ့မည်ကို သမုတ်ခဲ့လေသည်။
 
== ဗိသုကာ လက်ရာများ ==
အလိုတော်ပြည့်ဘုရားသည် စေတီပေါက်တိုက်ခံဘုရားဖြစ်ပြီး ဖိနပ်တော်မှ အထွဋ်ထီးတော်အထိ ဉာဏ်တော် အမြင့် (၄၇) ပေခန့်သာ ရှိသည်။ အရှေ့ဘက် မျက်နှာလည့်ဘုရားဖြစ်၍ ဂူလိုဏ်အတွင်း အရှေ့မြောက်ထောက်နံရံထုအတွင်းမှ အပေါ်သို့တက်ရန် ကြောင်လိမ်လှေကား ဖောက်လုပ်ထားသည်။ လိုဏ်အတွင်း၌ နံရံပြည့် နှစ်ကျိပ်ရှစ်ဆူ ဗျာဒိတ်ခန်းများ၊ သုတ်တရားဟောသည့် [[ရုပ်ပွားတော်]]၊ ဆေးရေးလက်ရာများရှိပြီး ရှေးမွန်ကမ္ပည်းစာ (မင်စာ)များရှိသည်။<br />
(၁၂) ရာစုတွင် အလိုတော်ပြည့်ဘုရားကို "သင်ကြီး ငတုပ်သင်" ပြုပြင်ခဲ့ကြောင်း မြန်မာလို မင်စာမှတ်တမ်းရှိသည်။ ထိုမှတ်တမ်းမင်စာ၌ သက္ကရာဇ် ၅၅၆ ဟု ဖော်ပြထားရာ သင်ကြီးငတုပ်သင် ပြုပြင်သောကာလမှာ [[နရပတိစည်သူ(ပုဂံ)|နရပတိစည်သူမင်းကြီး]] လက်ထက်ဖြစ်သည်။