ကျောက်ဖြူမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Reverted edits by 45.112.177.37 (talk) to last revision by NjsBot
အရေးမကြီးNo edit summary
စာကြောင်း ၆၈ -
၁၉၅၃ ခုနှစ်တွင် ဆရာဖြစ်သင်ကောလိပ်ကို ကျောက်ဖြူမြို့တွင် ဖွင့်လှစ်ခဲ့သည်။ [[ကျောက်ဖြူဥပစာကောလိပ်]] ကို ၁၉၅၄ တွင် ဖွင့်လှစ်သည်။ ရခိုင်ပြည်နယ် [[စစ်တွေတက္ကသိုလ်]]သည် ကျောက်ဖြူဥပစာကောလိပ်ဖြင့် သန္ဓေတည်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တွေတက္ကသိုလ် သမိုင်းမှတ်တမ်းများက ပြဆိုသည်။ ဆရာဖြစ်သင်ကောလိပ်သည် ယခုအခါ ကျောက်ဖြူ ပညာရေးကောလိပ် အဖြစ်တည်ရှိပြီး၊ ပညာရေးဆိုင်ရာ ဘာသာရပ်များကို ပို့ချလျက် ရှိသည်။
 
၁၉၅၃ ခုနှစ်မှစ၍ ဆရာဖြစ်သင် ကောလိပ်ကျောင်း ဖွင့်လှစ်ခဲ့၍ ၁၉၅၄ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ဥပစာကောလိပ်ကျောင်းကို ဖွင့်လှစ်ခဲ့သည်။ ဤဥပစာ ကောလိပ်ကျောင်းတွင် အထွေထွေဝိဇ္ဇာ ပညာရပ်များကို ပါ သင်ကြားပို့ချလျက်ရှိသည်။ ကျောက်ဖြူမြို့မှာ ရန်ကုန်မြို့နှင့် ကုန်းလမ်း လေယာဉ်လမ်းများဖြင့် ဆက်သွယ်လျက် ရှိသည်။ မြို့၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁.၂၂ ရှိ၍ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၇၂၄၁ ယောက် ရှိသည်။
လေယာဉ်လမ်းများဖြင့် ဆက်သွယ်လျက် ရှိသည်။ မြို့၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁.၂၂ ရှိ၍ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၇၂၄၁ ယောက် ရှိသည်။
 
== ထင်ရှားသည့်နေရာများ ==
ကျောက်ဖြူမြို့မှ ၁၆ မိုင်ကွာဝေးသည့် မင်းပြင် အရပ်တွင် မိုးလေဝသ တိုင်းထွာရေး ရေဒါစခန်း တစ်ခုကို ဆောက်လုပ်ထားသည်။ မြန်မာနိုင်ငံ၏ ပထမဆုံးသော ရေဒါ စခန်းဖြစ်သည်။ ဇင်ချောင်းကမ်းခြေသည် လှပသော ပင်လယ် ကမ်းခြေဖြစ်သည်။ ကျောက်ဖြူမြို့အနီးရှိ ပွိုင့်ကမ်းခြေသည် ထင်ရှားသည်။
 
ကျောက်ဖြူမြို့၏ အရှေ့တောင်ဖက် ၃ မိုင်ခန့်အကွာ စိုင်ချုံရွာအနီးတွင် နဂါးပွက်တောင်ခေါ်နဂါးပွက်တောင် ရွံ့မီးခေါ် တောင်ရွံ့မီးတောင် ရှိသည်။
 
== စေတီပုထိုးများ ==
[[File:KyaukTaLone.jpg|ကျောက်တစ်လုံး ဘုရား|thumb]]
ဝေသာလီခေတ် လက်ရာများဖြစ်သည့် [[ကံ့ကော်တောဘုရား]] ရုပ်ပွားတော်နှစ်ဆူမှာ[[ရုပ်ပွားတော်]]နှစ်ဆူမှာ ကျောက်ဖြူမြို့၏ ထင်ရှားသော တန်ခိုးကြီးဘုရားဖြစ်သည်။ [[ကျောက်တစ်လုံးဘုရား]]မှာ မြောက်ဦးခေတ် ရခိုင်ဘုရင် [[မင်းဗာကြီး]]က စတင် တည်ထားခဲ့ခြင်းဖြစ်ပြီး ကြီးမားသော ကျောက်ဆောင် တစ်ခုလုံးကို လှိုဏ်ပတ်လမ်းများဖြင့် ဂူများထွင်းကာ ဘုရားရုပ်ပွားတော်များကို တည်ထားကိုးကွယ်ထားသည်။ စုစုပေါင်း ဂူပေါက် ၅၅ ပေါက်ရှိသည်။ စေတီတောင် ရွှေသာလျောင်းဘုရား၊ စေတီယျတောင်ဘုရားနှင့် သာသနာ ၂၅၀ဝ စေတီတို့မှာ ထင်ရှားသည်။ စေတီတောင်ဘုရား၊ ကျောက်တစ်လုံးဘုရားနှင့် ဂန့်ဂေါ်တောဘုရားပွဲတော်များကို တန်ခူးလအတွင်းတွင် ကျင်းပလေ့ရှိ ကြသည်။
 
မြို့၏ အရှေ့တောင်ဖက် ၁ မိုင်ခွဲခန့်အကွာ ကညင်တောရွာ အနီးရှိ စေတီတောင်ပေါ်တွင် လျောင်းတော်မူ ရုပ်ပွားတော် တစ်ဆူ ရှိသည်။ မြို့၏အနောက်တောင်ဖက် ၃ မိုင်ခန့်အကွာ ဂုံးရှိန်ရွာသို့ သွားရာလမ်းခရီး၌ ကျောက်တစ်လုံးဘုရား တည်ရှိသည်။ ဤဘုရားမှာ ကြီးမားသော ကျောက်တုံးကြီး တစ်ခုကို ဘုံဆောင်ပြာသာဒ်လိုဏ်ဂူနှင့် ရုပ်တုတော်များပါ အပြီးဖြစ်မြောက်အောင် ထုလုပ်မွန်းမံထားခြင်း ဖြစ်သည်။ လိုဏ်ဂူတော်နှင့်တကွ ဘုရားရုပ်တုတော်များ၊ ပန်းဆိုင်းများ၊ ဘီလူးရုပ်၊ နတ်ရုပ် စသောအရုပ်ဟန်ပန် တို့သည် ရှေးရခိုင်များ၏ ဗိသုကာပညာနှင့် ကျောက်ဆစ်ပညာများကို သရုပ်ဖော်ပြလျက်ရှိသည်။ ကျောက်တစ်လုံးဘုရား၏ တောင်ဖက် ၂ မိုင်ခန့်အကွာ ဂန့်ဂေါ်တောအရပ်တွင် ဂန့်ဂေါ်တောဘုရားဟု ထင်ရှားသော ရုပ်တုတော်တစ်ဆူ ရှိသည်။ ထိုရုပ်တုတော်ကို ပင်လယ်ထဲမှ ပင့်ဆောင်ရရှိခဲ့သောကြောင့် ပေါ်တော်မူဘုရားဟု ခေါ်ဝေါ်သမုတ်ကာ ကိုးကွယ်ကြသည်။