ဘကြီးတော်(စစ်ကိုင်းမင်း): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁၄ -
 
မင်းတရားကြီးသည် လှူဒါန်းပေးကမ်း စွန့်ကြဲခြင်း၌လည်း ရက်ရောတော်မူသည်။ မင်းကွန်း၊ စစ်ကိုင်း၊ အမရပူရ၊ မန္တလေးတောင် စသည်တို့၌ မင်းတရားကြီး၏
ကုသိုလ်တော် စေတီပုထိုး၊ ကျောင်းတန်ဆောင်း စသည်တို့အများအပြားရှိသည်။ မင်းကွန်း၌ [[မင်းကွန်းပုထိုးတော်ကြီး|ပုထိုးတော်ကြီး]]၊ အမရပူရ၌ မဟာသကျရံသီ ကျောက်ဖြူ ရုပ်ပွားတော်၊[[ရုပ်ပွားတော်]]၊ မဟာအောင်မြေဘုံသာ ကျောင်တော်ကြီး၊ မဟာဝိဇယရံသီ စည်းခံတော်ကြီး စသည်တို့သည် မင်းတရားကြီး၏ ကောင်းမှုတော်များဖြစ်သည်။ မဇ္ဈိမဒေသရှိ မဟာဗောဓိပင်သို့လည်း အထူးထူးတော် အလှူတော်များကို ကျော်စာများနှင့်တကွ စေလွှတ်လှူဒါန်း ပူဇော်ခဲ့လေသည်။
 
မင်းတရားကြီး လက်ထက်တွင် ရဟန်းပညာရှိ လူပညာရှိတို့ကို ညှိနှိုင်းတိုင်ပင်၍ ရာဇဝင်တစ်စောင် ပြုစုစေသည်။ ထိုရာဇဝင်ကြီးကို မောင်းထောင်ဆရာတော် လူထွက် ပညာရှိ အမတ်ကြီးမဟာဓမ္မသကြ¸ ကြီးမှူးအုပ်ချုပ်၍ ၁၁၉၁ ခုနှစ်မှ စတင်ကျမ်းပြုစေသည်။ ထိုရာဇဝင်တော်ကြီးကို မှန်နန်းတော်ဦးတွင် ရေးသားပြုစုရသောကြောင့် [[မှန်နန်း ရာဇဝင်|မှန်နန်း မဟာရာဇဝင်တော်ကြီး]] ဟု ခေါ်တွင်သည်။ ထိုရာဇဝင်ကြီးတွင် ကမ္ဘာဦးကာလမှ မြန်မာသက္ကရာဇ် ၁၁၈၃ ခုနှစ် နတ်တော်လအထိ အဖြစ်အပျက်များသာ ပါဝင်သည်။ ထိုကြောင့် မင်းတုန်းမင်းတရား လက်ထက်တွင် ဆက်လက်ပြုစုစေရာ ထိုရာဇဝင်တော်ကြီးကို ဒုတိယ မဟာရာဇဝင်တော် ဟု ခေါ်ဆိုလေသည်။
စာကြောင်း ၄၈ -
 
သက္ကရာဇ် ၁၁၉၆ ခုနှစ်တွင် ဘဝရှင် မင်းတရားကြီး ကိုယ်တော် ကျန်းခံ့တော်မမူ ဖြစ်လာသည်။ ထို့ကြောင့် မိဖုရားခေါင်ကြီး၊ မောင်တော် စလင်းမြို့စား မင်းသား သီရိ
သုမဟာဓမ္မရာဇာ ( မင်းသာမင်းသား မောင်အို ) နှင့် မှူးတော် မတ်တော်တို့အား တိုင်းဝန်ပြည်ဝန်ကို စီရင်ဆောင်ရွက်စေသည်။ ထိုအတွင်း နိုင်ငံမငြိမ်မသက်ရှိလေလျှင်၊ စလင်းမြို့စားနှင့် အပေါင်းပါ မှူးမတ်များက မင်းတရားကြီး၏ ညီတော် သာယာဝတီမင်းအပေါ် အယုံအကြည် မရှိ၊ နှလုံးစိတ်ဝမ်းမချ ဖြစ်လာသည်။ ထို့ကြောင့် ပြစ်မှုရှာကြံလာသည်။ ထိုအခါ သာယာဝတီမင်းကလည်း နောင်တော်မင်းတရားအားကျေးဇူးသစ္စာရှိစွာနှင့် အမှုတော်များကို နှလုံးလက်ရုံးဖြင့် ထမ်းရွက်ခဲ့ပါလျက်၊ မင်းသား မောင်အိုနှင့် အပေါင်းအပါ တစ်စုတို့က မိမိအပေါ် အကောက်ကြံကာ မှုခင်းရှာကြံရမည်လောဟု စိတ်ဝမ်းနာ ကြည်းကာ ၁၁၉၈ ခုနှစ်တွင် [[ရွှေဘိုမြို့|ရွှေဘို]]သို့ နောက်တော်ပါများနှင့် အတူ ထွက်ခွာသွားပြီးလျှင် ပုန်ကုန်ခြားနားလေသည်။
 
အင်္ဂလိပ် ကိုယ်စားလှယ် မယ်စယ်ဘော်ရနီသည် ရွှေဘိုသို့လိုက်သွားပြီးလျှင် ဖျန်ဖြေလျှောက်ထားသော်လည်း အရေးမရလေ။ တစ်ဖန် ဆရာတော်များ ကြွရောက်ဖြန်ဖြေ စေ့စပ်ရပြန်သည်။ ၁၁၉၉ ခုနှစ်တွင် ညီတော် [[သာယာဝတီမင်း]]၏ အလိုတော်ပြည့်၍၊ ဘကြီးတော် မင်းတရားသည် ညီတော်အား ထိုနှစ် ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင် နန်းစည်းစိမ်ကို လွှဲပြောင်းပေးကာ၊ အိမ်ဖြူစံတော်မူလေသည်။ သာယာဝတီမင်းသည် ရွှေနန်းစည်း စိမ်ကို လက်ခံပြီး