ဗိဿနိုးမြို့ဟောင်း: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: ဗိဿနိုးမြို့ဟောင်းသည် မကွေးခရိုင် တောင်တွင်းကြီးမြို့...
 
No edit summary
စာကြောင်း ၁၈ -
 
* ကုန်းအမှတ် (၅) (၆) (၇) (၈) - ဤကုန်းတို့မှာ နန်းတော်ကုန်းဟုဆိုသော အတွင်းမြို့ရိုး၏ အရှေ့အနောက် အုတ်ရိုးများနှင့် အလယ်ပိုင်း ကုန်းမြင့်များတွင် တူးဖော်သည့် နေရာများဖြစ်သည်။ အမှတ် ၅ တွင် အုတ်မြစ်အခြေသာ ကျန်ရစ်သော အခန်းပေါင်းများစွာ ပါဝင်သည့် အဆောက်အအုံကို လည်းကောင်း၊ အမှတ် ၇ တွင် အလားတူ အဆောက်အအုံငယ် တခုကိုလည်းကောင်း၊ ဖော်ထုတ်တွေ့မြင်ရသည်။ အမှတ် ၆ မှာ အနောက်ဖက် အုတ်ရိုးနှင့် ကပ်လျက်ရှိသော ပြအိုးသဏ္ဌာန် အဆောက်အအုံဖြစ်၍ အမှတ် ၈ မှာ အတွင်းမြို့ရိုး၏ အရှေ့ဖက်တံခါးဝဖြစ်သည်။ အရှေ့ဖက် အုတ်မြို့ရိုးကို ထိုအပေါက်ဝ၌ အတွင်းပိုင်းမှ အုတ်တံတိုင်းတို့ဖြင့် ထောက်ခံထားလေသည်။ ထိုတံတိုင်းများတွင် တံခါးစောင့်ခိုရန် ဂူတခုစီ ပြုလုပ်ထားဟန်လည်း ပါဝင်သည်။ အပေါက်ဝ အပြင်ဖက်တွင် အစောင့်ကျောက်ရုပ်ကြီး ၂ ရုပ်ကို စိုက်ထူထားရာ ယင်းတို့၏ အခြေအမြစ်ပိုင်းများကို တူးဖော်တွေ့ရှိရသည်။
 
* ကုန်းအမှတ် (၉) - ဤကုန်းသည် အထက်ဖော်ပြပါ နန်းတော်ကုန်း၏ တောင်ဖက်တွင် တည်ရှိသည်။ တောင်မြောက် အလျား ၈၄ ပေ အရှေ့အနောက် ပေ ၄၀ ခန့်ရှိသော အုတ်တိုက် အဆောက်အအုံကြီး ဖြစ်သည်။ အတွင်းပိုင်းတွင် အခန်းများ ဖွဲ့ထားခြင်းမရှိ မြောက်ဖက် နံရံတွင် ဝင်ပေါက်ကြီး တခုသာ ရီသည်။ အဆောက်အအုံ၏ အတွင်းပိုင်း၌ မူလက သစ်သားတိုင်ကြီး ၈ တိုင် စိုက်ထူဆောက်လုပ်ထားကြောင်း သိရှိရသည်။ ဤတိုက်ကြီးအတွင်းတွင် ပုံစံအမျိုးမျိုးပါသော အရိုးအိုး မြောက်မြားစွာ မြှုပ်နှံထားသည်ကို တွေ့ရှိရလေရာ မြို့တွင်း၌ အထူးတလည် စီမံ၍ အရိုးအိုးများ မြှုပ်နှံခြင်းမှာ စိတ်ဝင်စားဖွယ်ရာ ဓလေ့ထုံးတမ်း တစ်ရပ်ဖြစ်သည်။
 
အထက်ပါအုတ်ကုန်းများ၌ ပေါ်ပေါက်သော အ​ထောက်အထားများအရ ဗိဿနိုးမြို့သည် သရေခေတ္တရာမြို့နှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအားဖြင့် ဆက်စပ်မှု အတော်အတန် ရှိခဲ့ကြောင်း သိသာသည်။ သို့သော် သရေခေတ္တရာကဲ့သို့ ဗုဒ္ဓသာသနာ ထွန်းကားသော အထောက်အထားများကို မတွေ့ရသေးပေ။ သရေခေတ္တရာနှင့် ခေတ်ပြိုင် သို့မဟုတ် အနည်းငယ် နှောင်းသောကာလတွင် ဗိဿနိုးမြို့ ထွန်းကားခဲ့ပါက သာသနာရေးဆိုင်ရာ ယဉ်ကျေးမှု အစိတ်အပိုင်းများ မည်သည့်အကြောင်းကြောင့် ကူးယှက်ပြန့်နှံ့ခြင်း မရှိသည်ကို အဖြေရှာရဦးမည် ဖြစ်သည်။
 
ဗိဿနိုးမြို့သည် သရေခေတ္တရာထက်ပင် ရှေးကျသလော ဟူသောပြဿနာလည်း ပေါ်ပေါက်လာလေသ်။ စင်စစ်အားဖြင့် စနစ်တကျ တူးဖော်သုတေသန လုပ်ငန်းကို ဗိဿနိုးမြို့မှပင် အစပြုခဲ့သည်။ ဤစနစ်အတိုင်း အခြားမြို့ဟောင်း ၂ နေရာ ၃ နေရာမျှ ဆောင်ရွက်ပြီးမှသာ အခြေအမြစ်ခိုင်လုံသော ဆက်စပ်မှုတို့ကို ပြုလုပ်နိုင်မည်ဖြစ်သည်။