အိုတို လူဝီ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၂ -
၁၈၉၃ ခုနှစ်၏ နွေရာသီလများတွင် လူဝီသည် ဆေးဘက်ဆိုင်ရာ စာမေးပွဲကို ဖြေဆိုရန် အပြင်းအထန်ကြိုးစားခဲ့သည်။ ၁၈၉၆ ခုနှစ်တွင် လူဝီသည် စထရက်စ်ဘတ်ချ်တက္ကသိုလ် မှ ဆေးပညာရပ်ပါရဂူဘွဲ့ကို ရရှိခဲ့သည်။
 
လူဝီသည်ဘွဲ့ရပြီးသည့်အခါ ဖရန့်ဘတ်မြို့ရှိ အင်အော်ဂဲနစ်ဓာတုဗေဒဘာသာရပ်ကို လေ့လာခဲ့ကာ စထရက်စ်ဘတ်ချ်တက္ကသိုလ်ရှိ (Franz Hofmeister) ၏ ဇီဝဓာတုသိပ္ပံကျောင်းတွင် လအနည်းငယ်ကြာမျှ အလုပ် လုပ်ကိုင်ခဲ့သည်။ ၁၈၉၈ ခုနှစ်တွင် ဖရန့်ဘတ်မြို့ရှိ မြို့တော်ဆေးရုံတွင် ဂျာမန်လူမျိုး ဆေးပညာရှင် (Carl von Noorden) ၏ လက်ထောက်အဖြစ်လုပ်ကိုင်ခဲ့သည်။ ထိုအချိန်များက ဆေးရုံတွင် [[တီဘီ]] ခေါ် [[အဆုတ်နာရောဂါ]] နှင့် [[အဆုတ်ရောင်ရောဂါ]]သည်များ အသေအပျောက် အများဆုံးဖြစ်နေသည့် အချိန်ဖြစ်သည်။ ၎င်းရောဂါသည် တိကျမှန်ကန်သော ရောဂါကုထုံး မရှိသေးသောကြောင့်လည်းဖြစ်သည်။ လူဝီသည် အဆိုပါရောဂါ ပြဿနာအတွက် အထူးအလေးထားဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပြီး ဆေးဝါးဗေဒကို ပိုမိုလေ့လာခဲ့သည်။ ၁၈၉၈ ခုနှစ် လူဝီသည် ဂျာမနီနိုင်ငံရှိ မာဘတ်ချ်အန်ဒါလန့်တက္ကသိုလ်တွင် ဂျာမန်လူမျိုး ဆေးပညာရှင်နှင့် ပါမောက္ခဖြစ်သူ Hans Horst Meyer ၏လက်ထောက်တစ်ဦး ဖြစ်လာခဲ့ပြီး ၁၉၀၅ ခုနှစ်တွင် အဆိုပါ သုသေတနဌာန၏ ပါမောက္ခဖြစ်လာခဲ့သည်။ ၁၉၀၉ ခုနှစ်တွင် လူဝီသည် [[ဂရက်ဇ်မြို့]]ရှိ ဆေးဝါးဗေဒဌာန၏ ဌာနအကြီးအမှူးအဖြစ် ခန့်အပ်ခြင်းခံရသည်။