ပကတိ သုညအမှတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 62 interwiki links, now provided by Wikidata on d:q81182 (translate me)
အရေးမကြီးNo edit summary
စာကြောင်း ၁ -
'''ပကတိသုည အမှတ်''' ({{lang-en|Absolute Zero}}) ဆိုသည်မှာ သီအိုရီအားဖြင့် ဒြပ်တို့အတွင်းရှိ အမှုန်အမွှား (Particles)များအားလုံး ရွေ့လျားခြင်း မရှိတော့ဘဲ ရပ်တန့်သွားသည့် အပူချိန်ပင် ဖြစ်သည်။ ပကတိ သုညအမှတ် ဆိုသည်မှာ သီအိုရီအားဖြင့်သာ ရှိသော်လည်း လက်တွေ့တွင် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော အမှုန်အမွှား အားလုံးတို့သည် အနည်းငယ်မျှသော တုန်ခါမှုဖြင့် ဖြစ်စေ ရွေ့လျားနေသေးသည့် အတွက်ကြောင့်ပင် ဖြစ်သည်။ အချို့လူများသည် ပကတိ သုညအမှတ်နား နီးနီးသို့ ရောက်အောင် စွမ်းဆောင်နိုင်ကြသော်လည်း မှတ်တမ်းအရ ပကတိ သုညအမှတ်၏ အထက် ၁၀၀ ပီကို ကယ်လ်ဗင်သည် အနိမ့်ဆုံး ပြုလုပ်နိုင်သည့် အပူချိန်ပင် ဖြစ်သည်။ ပကတိ သုည အမှတ် နီးနီးသို့ ရောက်အောင် ပြုလုပ်ခြင်းသည်ပင်လျှင် အလွန်ခက်ခဲသော အလုပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပကတိသုညအမှတ်သို့ ရောက်အောင် အအေးခံထားသော အရာဝတ္ထုနှင့် ထိမိသော အရာဝတ္ထုအားလုံးတို့ကို ပူစေသောကြောင့်ပင် ဖြစ်သည်။ သိပ္ပံပညာရှင်တို့သည် အရာဝတ္ထုတို့ကို အလွန်နိမ့်သော အပူချိန်အထိ အအေးခံရာတွင် လေဆာ ကို အသုံးပြု၍ [[အက်တမ်]] တို့ကို အရှိန်လျော့ချကြသည်။
 
ကယ်လ်ဗင် အပူချိန် စကေးနှင့် ရန်ကိုင် အပူချိန် စကေးလ်တို့တွင် ပကတိသုညအမှတ်ကို ၀ ကယ်လ်ဗင် (0K) သို့ ၀ ရန်ကိုင် (0°R) အနေနှင့် သတ်မှတ်ကြသည်။ ဆဲလ်စီးယပ်စ် နှင့် ဖာရင်ဟိုက် အပူချိန် စကေးတွင်မူ ပကတိ သုညအမှတ်ကို -၂၇၃.၁၅ ဒီဂရီ ဆဲလ်စီးယပ်စ် နှင့် -၄၅၉.၆၇ ဒီဂရီ ဖာရင်ဟိုက် အဖြစ် သတ်မှတ်ကြသည်။