တီဘီရောဂါ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၅၃ -
တီဘီရောဂါဖြစ်နေသူ ချောင်းဆိုးသည့်အခါ နှာချေသည့်အခါ၊ စကားပြောသည့်အခါ သို့မဟုတ် တံတွေးထွေးသည့်အခါ 0.5 မှ 5 µm မိုက်ကရွန်အထိရှိသည့် ရောဂါကူးစက်နိုင်သည့် ပိုးမွှားလေးပေါင်း မြောက်များစွာကို လေထဲသို့ လွှင့်ထုတ်လိုက်သည်။ တစ်ကြိမ်နှာချေလျှင် ပိုးမွှားလေးပေါင်း ၄၀,၀၀၀ အထိ ထုတ်လွှင့်ပေးသည်။<ref name=Cole_1998>{{cite journal |author=Cole E, Cook C |title=Characterization of infectious aerosols in health care facilities: an aid to effective engineering controls and preventive strategies |journal=Am J Infect Control |volume=26 |issue=4 |pages=453–64 |year=1998 |pmid=9721404|doi = 10.1016/S0196-6553(98)70046-X}}</ref> ယင်းပိုးမွှားလေးများထဲမှ တစ်ခုသည်ပင်လျှင် ရောဂါဖြစ်ပွားစေနိုင်သည်။ ရောဂါကူးစက် နိုင်သည့် အချိန်အဆသည် အလွန်သေးငယ်ပြီး ဘက်တီးရီးကောင်ရေဆယ်ကောင်ထက် နည်းလျှင်ပင်၊ ရောဂါကူးစက်ဖြစ်ပွားနိုင်သည်။<ref>{{cite journal |author=Nicas M, Nazaroff WW, Hubbard A |title=Toward understanding the risk of secondary airborne infection: emission of respirable pathogens |journal=J Occup Environ Hyg |volume=2 |issue=3 |pages=143–54 |year=2005 |pmid=15764538|doi = 10.1080/15459620590918466}}</ref>
 
ရောဂါဖြစ်သူနှင့် ကြာရှည်စွာထိတွေ့သူ၊ မကြာခဏထိတွေ့သူနှင့် လက်ပွန်းတတီးထိတွေ့သူများသည် ရောဂါကူးစက်ခံရမှုမြင့်မားတတ်ပြီး ခန့်မှန်းခြေအားဖြင့် ရောဂါကူးစက်မှုနှုန်း သည်ရောဂါကူးစက်မှုနှုန်းသည် ၂၂% ရှိသည်။<ref name=Ahmed_2011>{{cite journal |author=Ahmed N, Hasnain S |title=Molecular epidemiology of tuberculosis in India: Moving forward with a systems biology approach |journal=Tuberculosis |volume=91 |issue=5 |pages=407–3 |year=2011|pmid = 21514230|doi = 10.1016/j.tube.2011.03.006}}</ref> ရောဂါဖြစ်နေပြီးဆေးမကုသူတစ်ဦးသည် တစ်နှစ်လျှင် ၁၀–၁၅ ယောက်အထိ အခြားသူများအား ရောဂါကူးစက်စေနိုင်သည်။<ref name="WHO2012data"/> ကူးစက်ခံရမှုသည် ရောဂါရရှိနေသူ (ရောဂါငုပ်လျှိုးနေသူမဟုတ်)ထံမှ ဖြစ်ပွားနိုင်သည်။ တစ်ယောက်မှ အခြားတစ်ယောက် ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်နိုင်စွမ်းမှာ ရောဂါဖြစ်ပွားနေသူမှ ပိုးမွှားပေါင်း မည်မျှလေထဲသို့ လွှင့်ထုတ်ပေးနိုင်သည်၊ လေဝင်လေထွက်ကောင်းသည် မကောင်းသည်၊ မည်မျှကြာအောင် ရောဂါပိုးမွှားနှင့် ထိတွေ့နေရသည်နှင့် တီဘီရောဂါပိုး၏ ပြင်းအားတို့အပေါ်တွင်ပြင်းအားတို့ အပေါ်တွင် မူတည်ပါသည်။ ထို့ကြောင့် ရောဂါဖြစ်သူလူနာအား သီးခြားခွဲခြားထားခြင်းနှင့် ထိရောက်သည့် တီဘီကုသဆေးများ တိုက်ကျွေးခြင်းတို့ဖြင့် ရောဂါကူးစက်ပြန့်ပွားမှု ကွင်းဆက်ကို ဖြတ်တောက်နိုင်ပါသည်။ ဆေးမယဉ်ပါးသေးသည့် တီဘီရောဂါရှိသူအား နှစ်ပတ်ကြာ ဆေးကုသပြီးပါက ထိုရောဂါရှိသူသည် လေထဲမှကူးစက်နိုင်သည့်အဆင့်မှလေထဲမှ ကူးစက်နိုင်သည့် အဆင့်မှ ကိုင်တွယ်ထိတွေ့မှ ရောဂါကူးစက်နိုင်သည့်အဆင့်သို့ လျော့ကျသွားသည်။ အကယ်၍ တစ်ဦးတစ်ယောက်သို့ ရောဂါကူးစက်ဖြစ်ပွားလာပါက အနည်းဆုံး ၂၁ ရက် သို့မဟုတ် သုံးပတ်မှလေးပတ်အထိ မတိုင်ခင် ထိုသူမှ အခြားသူများသို့ ကူးစက်နိုင်ပါသည်။<ref>{{cite web | url=http://www.mayoclinic.com/health/tuberculosis/DS00372/DSECTION=3|title=Causes of Tuberculosis|accessdate=19 October 2007|date=21 December 2006|publisher=Mayo Clinic}}</ref> နွားများတွင် မိုင်ကိုဘက်တီးရီးယား ဘိုးဗစ်ရောဂါပိုးကြောင့် တီဘီရောဂါဖြစ်သည့် နွားသား/အမဲသားများကို စားမိပါက တီဘီရောဂါ ရရှိနိုင်စေပါသည်။
 
 
== ကိုးကား ==