စဉ့်ကူးမင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎မိဖုရားခေါင်
No edit summary
စာကြောင်း ၄၄ -
 
===အခြားမိဖုရားများ===
*စဉ့်ကူးမင်း၏ ပထမ မြောက်နန်းမိဖုရားမှာ '''သီရိမဟာမင်္ဂလာဒေဝီ''' ဖြစ်သည်။ စည်ပုတ္တရာ ရွှေကာတထောင်မှူး မင်းသီရိရန္တဇ သမီးရှင်နှိုင်းစံနှင့် ရတနာသိင်္ဃ(ရွှေဘို)မြို့ဝန် သတိုးမဟာသခင်္ယာတို့ သင့်မြတ်ရာတွင် မြင်သည့် သမီးတော် မယ်တလိုင်းနှင့် အသည်ဝန်ကြီး[[မဟာသီဟသူရ၊ မဟာသီဟသူရတို့၏ဝန်ကြီးဗိုလ်ချုပ်|ဝန်ကြီးဗိုလ်ချုပ် မဟာသီဟသူရ]] တို့၏ သမီးဖြစ်သည်။ (ဗိုလ်ချုပ် မဟာသီဟသူရ (ခရစ်နှစ် ၁၇၂ဝ ဖွားမြင်- ခရစ်နှစ် ၁၇၈၂ ကွယ်လွန်) သည် [[ကုန်းဘောင်ခေတ်]] [[အလောင်းမင်းတရား|အလောင်းမင်းတရားကြီးဦးအောင်ဇေယျ]] နှင့် [[ဆင်ဖြူရှင်မင်း]](ခရစ်နှစ် ၁၇၃၆ဖွားမြင်-ခရစ်နှစ် ၁၇၇၆ နတ်ရွာစံ)လက်ထက်တို့တွင် ဝန်ကြီးတစ်ပါးဖြစ်၍ [[ထိုင်းနိုင်ငံ|ယိုးဒယား]] စစ်ပွဲများ<ref>https://www.youtube.com/watch?v=FGWj3f5SuX0</ref><ref>http://kanchanapisek.or.th/kp8/culture/psl/phis132.html</ref>အပြင်ထိုဆင်ဖြူရှင်မင်း လက်ထက်တော်တွင် မြန်မာသက္ကရာဇ် ၁၁၂၇ ခုနှစ်မှ ၁၁၃ဝ ပြည့်နှစ်(ခရစ်နှစ် ၁၇၆၅ ဒီဇင်ဘာ မှ ခရစ်နှစ် ၁၇၆၉ ဒီဇင်ဘာ၂၂) <ref>https://www.onwar.com/aced/chrono/c1700s/yr60/sinoburmesewar1765.htm</ref>အထိဖြစ်ပွားသော [[တရုတ် - မြန်မာ စစ်ပွဲများ]]<ref>http://www.voachinese.com/a/article-2012024-burma-china-factors-ii-140320753/811873.html</ref><ref>http://lishi.zhuixue.net/qingchao/31609.html</ref>တွင် လုံးဝအောင်မြင်အောင် အမှုတော်ထမ်းရွက်ခဲ့သော ရွပ်ရွပ်ချွံချွံ သက်စွန့်ကြိုးပမ်းအမှုတော်ထမ်းခဲ့သော သူရဲကောင်း ဗိုလ်ချုပ်ကြီး ဖြစ်လေသည်။) သက္ကရာဇ် ၁၁၃၈ ခု မြောက်နန်းတင်၍ သီရိမဟာမင်္ဂလာဒေဝီ အမည်ကို သမုတ်တော်မူသည်။ နောက်နန်းကချ၍စဉ့်ကူးမင်းသည် အဖအိမ်မှာနောက် ထားသည်။၁နှစ်တွင်မိဖုရားသီရိမဟာမင်္ဂလာဒေဝီအားနန်းကချ၍ ယောက္ခမဖြစ်သူ(သီရိမဟာမင်္ဂလာဒေဝီ၏ဖခမည်းတော်) ဝန်ကြီး မဟာသီဟသူရ အိမ်သို့ပို့ထားသည်။ နောက်သက္ကရာဇ် ၁၁၃၉ခု၊ ဝါဆိုလဆန်း(၁၄)ရက်နေ့တွင် အမျက်တော်ရှိပြန်၍ သီရိမဟာမင်္ဂလာဒေဝီ ရေမှာဖျောက်ခံရသည်။
 
*စဉ့်ကူးမင်း၏ ဒုတိယ မြောက်နန်းမိဖုရားမှာ ခမည်းတော်ကို ကိုယ်လုပ်တော်အဆောင်မြဲ မောင်ကျိုင်းသမီး ဖြစ်သည်။ ငစဉ့်ကူးမင်း နန်းကျလျင် ဘိုးတော်ဘုရားလက်ထက် အသည်ဝန်ကြီးကတော် မယ်တလိုင်းသို့ အပ်ရာ ဆင်းရဲကြီးစွာရောက်၍ ကံကုန်လေသည်။ သမီးတော်တစ်ပါး ထွန်းသော်လည်း ငယ်ကလွန်သည်။