ဖိုးကျား၊ ဦး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁၈ -
ဦးဖိုးကျားသည် ရက်ခြားထုတ် [[မြန်မာ့အလင်းသတင်းစာ]]တွင် 'ကျား' ဟူ၍ လက်မှတ်ထိုး၍ ရံဖန်ရံခါ ဆောင်းပါးဝင်ရေးလေသည်။ ၁၉၂၄ ခုနှစ်တွင် ဦးဖိုးကျားသည် ပုသိမ်ရာဇဝင်နှင့် ဦးထွန်းရှိန်၏ အတ္ထုပ္ပတ္တိကို တစ်အုပ်တည်း ပူးပေါင်း၍ အုပ်ရေတစ်ထောင် ထုတ်ဝေလိုက် လေသည်။ မြန်မာရာဇဝင်တွင် ထင်ရှားကျော်ကြားသူ များ၏ ကြောင်းရာထုပ္ပတ်ဖြစ်သော 'မြန်မာ့ဂုဏ်ရည်'၊ သပိတ်အရေးတော် ပုံအတွင်း ဦးဖိုးကျားနှင့် ကျောင်းသားအများ မှီခိုခဲ့ရသော 'ကျောင်းတော်ရာ ရွေကျင်ဆရာတော်ဘုရား ထေရုပ္ပတ္တိ'၊ မြန်မာစကားဟောင်းများ၏ အနက်ဖော်သော 'ပေါရာဏအဘိဓာန်'၊ 'ပုသိမ်ရာဇဝင်နှင့် ဦးထွန်းရှိန်အတ္ဃုပ္ပတ္တိ' ပေါင်း လေးအုပ်ဖြစ်ကြသည်။ ပုံနှိပ်တိုက်ကိုလည်း ‘မြန်မာ့ဂုဏ်ရည်ပုံနှိပ်တိုက်’ဟု အမည်မှည့်လိုက်လေသည်။ ၁၉၄ဝ ပြည့်နှစ်ထဲတွင် 'မြောက်ပိုင်း ဗုဒ္ဓဘာသာ မဟာယာနဂိုဏ်း' အမည်ဖြင့် စာအုပ်ကို ဦးဖိုးကျား ရေးထုတ်လေသည်။
 
ထိုမှစကာ အရှိန်ရလာသဖြင့် သုံးလေးနှစ်အတွင်း တစ်နှစ်တစ်အုပ် ဆိုသလို ဆက်တိုက်ရေးသား ထုတ်ဝေခဲ့၏။ စာအုပ်ထုတ်ရင်းနှင့်လည်း မကြာမကြာ ဆောင်းပါးကိုလည်း ရေးတတ်သေး၏။ “ဇေယျ” မဂ္ဂဇင်းနှင့် “ကဝိမျက်မှန်” မဂ္ဂဇင်းထဲ၌လည်း သူ့ဆောင်းပါး မှန်မှန်ပါတတ်၏။ ဤတွင် ဦးဖိုးကျား ရေးခဲ့သော (မြန်မာပြည်သူရှင်လူအများ ကျောင်းသားများပါမကျန် စံနမူနာယူလောက်စရာ) “မြန်မာ့ဂုဏ်ရည်” စာအုပ်ကား အလွန်ထင်ရှား၏။ မြန်မာရာဇဝင်တွင် ထင်ရှားသော ပုဂ္ဂိုလ်ကျော်တို့၏ အထ္ထုပ္ပတ္တိ ၁၃၇ ပုဒ်ပါဝင်အောင်ပင် ရေးပြနိုင်ခဲ့လေသည်။
 
၁၉၂၉-မေလတွင် မောင်ဖိုးကျားသည် ဦးမောင်ကလေး-ဒေါ်ဒေါ်သိန်းတို့၏သမီး မအေးကြည်နှင့် အကြောင်းပါ၏။ မောင်ဇော်ဝင်းဟူသော သားတစ်ယောက် ထွန်းပေါက်ခဲ့ရ၏။ နောင်သော် ဦးဖိုးကျားသည်ကိုယ် ပိုင်ပုံနှိပ်တိုက်တစ်ခု ထူထောင်၍ တိုင်းပြည်နှင့် လူမျိုးအကျိုးရှိမည်ထင်သော စာပေအနုပညာ၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေး ဆိုင်ရာစာပေတို့ကိုသာ တွင်တွင်ကြီးရိုက်နှိပ်၍ ထုတ်ဝေနေလေတော့သည်။ ကိုယ်ပိုင်ပုံနှိပ်တိုက်၏ အကျိုးကျေးဇူးကြောင့် မဂ္ဂဇင်းဂျာနယ်များတွင် သူကိုယ်တိုင်ရေးသားခဲ့သော စာတိုပေစတို့ကို လုံးခြင်းအဖြစ် ထုတ်ဝေခွင့်ရခဲ့၏။ ထိုစာအုပ်များထဲတွင် အများသိထင်ရှားသော “အရက်သမား” လိုဝတ္ထုမျိုး “အခမဲ့ကူလီထမ်းခြင်း အကျိုး” ကဲ့သို့သော စာကောင်းပေမွန်များလည်း ပါလေသည်သာ ဖြစ်လေသည်။