ရှမ်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁၂ -
ရှမ်းဟူသော ဝေါဟာရသည် ထို သာမ ဟူသော ပါဠိမှ သျာမ ၊ ၎င်း သျာမ မှ တစ်ဆင့် သျာမ်> သျံ> သျှံး> သျှမ်း> ရှမ်း ဟု ရေးသားကြသည်ကို တွေ့ရသည်။ ဤကဲ့သို့ မြန်မာမှု၌ (သ)အက္ခရာတွင် (ျ)ယပင့် (ှ)ဟထိုး (ာ)ရေးချ (မ)အက္ခရာသတ်နှင့် သျှာမ်း ဟု အရေးအသား ပြုလာခဲ့ကြခြင်းများသည် သက္ကတအလိုဖြစ်၍ သဒ္ဒါမျိုး ဖြစ်၍ သာလွန်သင့်လျော် ကောင်းမြတ်သော ရေးထုံးရေးနည်း တစ်ရပ်ဖြစ်ကြောင်းကို သိမှတ်ရာ၏။
သုဝဏ္ဏသာမ ကို သုဝဏ္ဏသျှာမ်> သုဝဏ္ဏသျှံ ဟု ရေူထုံးပြုသကဲ့သို့ သာမ ကိုလည်း သျှာမ်> သျှမ်း> သျှံ ဟု ရေးသားလာခဲ့ကြသည်။ <ref>ခေမိန္ဒ(ဦး) မိုးမိတ်ရာဇဝင်တော်ကြီး၊ နှာ-၂၉။</ref>
 
ရှေးဟောင်းမြန်မာကျောက်စာတို့တွင် အေဒီ ၁၁၂၀ ပြည့်နှစ်မှ စ၍ သျံ သျမ် ဟု တွေ့ရသည်။ ချမ်ကျောက်စာတို့တွင်မူ ရှမ်းအမည်ကို အေဒီ ၁၀၅၀ ပြည့်နှစ် မတိုင်မီက တွေ့ရသည်။<ref>ဘရှင်(ဦး) စွယ်စုံကျမ်း၊ အတွဲ(၁၁)ရှမ်းလူမျိုး၊ နှာ-၄၀၄</ref>
 
ရှမ်းလူမျိုးနှင့် ရှမ်းအခေါ်အဝေါ် ဝေါဟာရများကို ပုဂံကျောက်စာများတွင် မကြာ မကြာတွေ့ရသည်။ သျှာမ်း(ရှမ်း) လူမျိုးအကြောင်းကို (၁၁၂၀-အေဒီ)မှစ၍ အကြိမ် (၂၀)ထက်မနည်း ပုဂံကျောက်စာတွင် ဖော်ပြထားသည်။ <ref>သန်းထွန်း(ဦး) ရှေးဟောင်းမြန်မာရာဇဝင်၊ နှာ-၂၁၉။</ref>
 
==ဆက်စပ်လေ့လာရန်==