မိုးညှင်းစလုံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၅ -
အေဒီ ၁၅၂၃-ခုနှစ်တွင် မိုးညှင်းစလုံသည် [[မင်းကင်းမြို့]]ကို ဝိုင်းရံတိုက်ခိုက်သည်။ ။ အင်းဝဘုရင်ရွှေနန်းကြော့ရှင် [[နရပတိ]] တို့လည်း [[မြေတူးမြို့|မြေတူး]]သို့
ချီတက်၍ ခုခံတော်မူသည်။ နရပတိတို့ မခုခံနိုင်၍ မြေတူးမြို့ကို မိုးညှင်းစလုံ ရလေသည်။ အေဒီ ၁၅၂၄-ခုနှစ်တွင် [[စစ်ကိုင်းမြို့|စစ်ကိုင်း]]သို့ ချီတက်သိမ်းပိုက်ပြန်သည်။ <ref>ကုလား(ဦး)၊ မဟာရာဇဝင်တော်ကြီး၊ ဒုတိယအုပ်၊ နှာ-၁၂၀။</ref>
မိုးညှင်းစလုံသည် မြေဒူးနယ်၊ ဒီပဲယင်း၊ စည်ပုတ္တရာ စသည်တို့နှင့် အင်းဝနေပြည်တော် အစွန်အဖျားကို ထိပါးဖန်များခဲ့ရုံမက သက္ကရာဇ် ၈၈၆ ခုနှစ်တွင် စစ်ကိုင်းသို့ချီလာ၍ ကျောင်းကန်အိမ်ယာတို့ကို မီးတိုက်ကာ ဧရာဝတီအနောက်တစ်လွှား မြို့ရွာများကို တိုက်ခိုက်သိမ်းယူသည်မှာ သရက်မြို့သို့ တိုင်လေသည်။ ထိုကမှ ပြည်ဘုရင် ဆင်ဖြူရှင် [[သတိုးမင်းစော]]နှင့် ပေါင်း၍ အင်းဝသို့ချီသည်။ အင်းဝဘုရင်ရွှေနန်းကြော့ရှင် နရပတိသည် အုန်းပေါင်ခွန်မိန်းငယ်တို့အုန်းပေါင်ခွန်မိန်းငယ်နှင့် ပူးပေါင်း၍ ခုခံသည်။ မခံနိုင်သဖြင့် ယခု မေမြို့အနီး ဆင်ခေါင်း၊ ဝက်ဝံသို့ ဆုတ်ရလေရာ အင်းဝတွင် သတိုးမင်းစောအား ထားခဲ့၍ ဆင်ကောင်း၊ မြင်းကောင်းများ ယူကာ စစ်ကိုင်းဘက်သို့ ကူး၍ မိုးညှင်းပြန်လေသည်။ သို့ရာတွင် သတိုးမင်းစောသည် အင်းဝတွင်ရှိသော အကြီးအကဲတို့ကိုယူ၍ ပြည်သို့ပြန်ရာ ရွှေနန်းကြော့ရှင်နှင့် အုန်းပေါင်ခွန်မိန်းငယ်တို့သည် အင်းဝသို့ပြန်၍ အင်အား ထူထောင်ပြန်သည်။ တောင်ငူဘုရင် မဟာသီရိဇေယျသူရလည်း အင်းဝကို မိုးညှင်းရှမ်းများ တိုက်ခိုက်ကြောင်း ကြားသိလေလျှင် အင်းဝနယ် တောင်ဘက်တလွှား မြို့ရွာတို့ကို တိုက်ခိုက်သိမ်းယူ လေသည်။
 
ထိုအကြောင်းကို ကြားသော မိုးညှင်းစလုံသည် သက္ကရာဇ် ၈၈၈ ခုနှစ်(AD၁၅၂၇)တွင် သား သိုဟန်ဘွားနှင့်အတူ အလုံးအရင်းကြီးစွာနှင့် အင်းဝသို့ ချီလာပြန်သည်။ ပုခန်းကြီးတွင် တိုက်ပွဲကြီးစွာ ဖြစ်ပွားခဲ့ပြီး အင်းဝအိမ်ရှေ့မင်း အနိစ္စရောက်ခဲ့ရသည်။ မိုးညှင်းစလုံသည် ဟန်လင်းမှတစ်ဆင့် စစ်ကိုင်းသို့ ချီလာရာ အင်းဝကို ဝိုင်းရံလေသည်။ ရွှေနန်းကျော့ရှင်နရပတိလည်း အုန်းပေါင်ခွန်မိန်းငယ် မရောက်သေးသောကြောင့် အင်အားမမျှသေး၍ ထွက်မတိုက်ချေ။ မိုးညှင်းတပ်များသည် အင်းဝမြို့ကို ရှစ်ရက်ဝိုင်းရံခဲ့ပြီး နောက်ဆုံးတွင် ဆင်မြင်းအလုံးအရင်းနှင့် မြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။ အင်းဝမြို့ ပေါက်၍ ရွှေနန်းကျော့ရှင်သည် ရွှေစာတိုက်ဟူသော ဆင်ကို စီး၍ ထွက်တော်မူသောအခါ မိုးညှင်းစလုံ၏ သားတော် သိုဟန်ဘွားသည် ဆင်နှင့်ခံ၍ တိုက်လေသည်။ ရွှေနန်းကျော့ရှင်နရပတိမင်းသည် ဦးခေါင်းတွင် အမြောက်ဆံသင့်ကာ နတ်ရွာစံလျှင် မိုးညှင်းစလုံသည် သားတော်သိုဟန်ဘွားအား တိုက်ဆင် နှစ်ရာ၊ မြင်း လေးထောင်၊ စစ်သည်သူရဲ ခြောက်သောင်း ပေးခဲ့၍ အင်းဝတွင် မင်းပြုစေသည်။ ရွှေနန်းကြော့ရှင်၏တူတော် [[မင်းကြီးရန်နောင်]]သည်လည်း အင်းဝပျက်၍ မြို့ပြင်တောအရပ်မှာ ရှောင်ရှားနေလေသည်။ မိုးညှင်းစလုံက မင်းကြီးရန်နောင်ကို ခေါ်၍ "ငါ့သား သိုဟန်ဘွားသည် မြန်မာအမှု၌ မလိမ္မာပါ။ မင်းကြီးသွန်သင် ပဲ့ပြင်၍ စီရင်ခင်း၊ စီရင်ဖွယ် ရှိသောအခါ ငါ့သားနှင့် တိုင်ပင်၍ စီရင်ကွပ်ညှပ်ပါ"ဟု ဆိုကာ သိုဟန်ဘွားအား သွန်သင်ပဲ့ပြင်ရန် အမတ်ကြီး ခန့်ထားခဲ့သည်။ ပြင်စည်မြို့ကိုလည်း ပေး၍ စားစေသည်။ မိုးညှင်းစလုံသည် အင်းဝကို စီရင်တော်မူပြီးလျှင် မိုးညှင်းသို့ ပြန်လေသည်။