မဟာဘာရတ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၇ -
မဟာဘရတဇာတ်လမ်း အကျဉ်းကား ဤသို့ဖြစ်သည်။
 
ကုရုခေတြတိုင်း ဟတ္ထိနာပုရပြည်ဝယ် ဓတရဋ္ဌ မည်သော မင်းသားညီနောင် ၂ ပါးရှိသည်။ နောင်တော်သည် မျက်မမြင်ဘဝရောက်သည်ရှိသော်မျက်မမြင်ဘဝ ရောက်သည်ရှိသော် ညီတော်ပဏ္ဍုက ထီးနန်းဆက်ခံကာ တိုင်းပြည်ကို တရားသဖြင့် အုပ်စိုးလေသည်။ ပဏ္ဍုမင်းဝယ် ပဏ္ဍဝခေးပဏ္ဍဝခေါ် သားတော် ၅ ပါးထွန်းကားရာ ထင်ရှားသော သားတော် ၃ ပါးကား ယုဓိဋ္ဌိလ၊ ဘီမနှင့် အဇ္ဇုနတို့ ဖြစ်ကြသည်။ နောင်တော်ကြီး ဓတရဋ္ဌတွင်မူ ကောရဗျခေါ် သားတော်တရာ ထွန်းကားရာ အထင်ရှားဆုံးကား ဒုယျောဓန ဖြစ်လေသည်။ ပဏ္ဍုမင်း နတ်ရွာစံသောအခါ ဓတရဋ္ဌက ထီးနန်းကို ပြန်လည်သိမ်းပိုက်၍ တူတော် ပဏ္ဍဝမင်းသား ၅ ပါးကို မိမိ၏ သားတော်များနှင့်အတူ ထား၍ ပြုစုမွေးမြူလေသည်။
 
တူတော်များ အရွယ်ရောက်သော် သားတော်တို့နှင့်မတူ တမူထူးခြားကာ စွမ်းပကားနှင့် ပြည့်စုံသည်ဖြစ်၍ ဓတရဋ္ဌသည် တူတော်အကြီးဆုံးဖြစ်သည့် ယုဓိဋ္ဌလအား အိမ်ရှေ့ဥပရာဇာ ခန့်အပ်လေသည်။ ဤသို့ခန့်အပ်သည်ကို ကောရဗျမင်းသားတို့ မကျေနပ်၍ လျှို့ဝှက်ကြံစည်လေရာ ပဏ္ဍဝမင်းသားတို့သည် ပဉ္စာလတိုင်းသို့ ထွက်ပြေးကြရလေသည်။ ရောက်လျှင် ထိုမင်းသားတို့အနက် လူစွမ်းကောင်း အဇ္ဇုနမင်းသားသည် လေးတင်ပွဲဝယ် အောင်ပန်းဆွတ်လှမ်းကာ ပဉ္စာလမင်း၏ သမီးတော် ဒေါပဒီကို ရရှိလေသည်။ သို့သော် ဒေါပဒီမင်းသမီးသည် ပဏ္ဍဝမင်းသား ၅ ဦးလုံး၏ ကြင်ယာ ဖြစ်ရလေသည်။ ထိုလေးတင်ပွဲတွင် ပဏ္ဍဝမင်းသားတို့နှင့် မိတ်ဆွေရင်းချာဖြစ်လာသူကား ယာဒဝမျိုးမှ လူစွမ်းကောင်းကြီး ကဏှပေတည်း။ တူတော်မင်းသားတို့ ဤသို့ ပဉ္စာလ၊ ယဒဝတို့နှင့် မိတ်ကျွမ်းဝင်၍ အင်အားကောင်းလာသည်ကိုထောက်၍ ဦးရီးတော် ဓတရဋ္ဌသည် တိုင်းပြည်ကို ၂ ပိုင်းခွဲကာ သားတော်များနှင့် တူတော်များအား တပိုင်းစီပေးအပ်ရာ သားတော်တို့က ဟတ္ထိနာပုရမြို့တော်ကိုပါ ရရှိ၍ တူတော်တို့ကမူ မိမိတို့ရရှိသည့် မြို့နယ်အတွင်း ဣန္ဒပတ္တမြို့ကို တည်ထောင်လေသည်။
 
ပဏ္ဍဝမင်းသားတို့သည် မိမိတို့၏ တိုင်းပြည်ကို ကောင်းစွာအုပ်ချုပ်လေရာ တိုင်းပြည်မှာ စည်ပင်ဝပြောလေသည်။ ဤသို့ စည်ပင်ဝပြောသည်ကို ကောရဗျမင်းသားတို့၏ နောင်တော်ကြီး ဒုယျောဓနသည် မရှုစိမ့်နိုင်ရကား သကုနိမည်သော ကစားသမားကျော်တဦး၏ အကူအညီဖြင့် ပဏ္ဍဝမင်းတို့၏ ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည်လေသည်။ ဒုယျောဓနမင်းသားသည် ပဏ္ဍဝမင်းသားတို့အား ဟတ္ထိနာပုရမြို့တော်သို့ ဥပါယ်တမျဉ်ဖြင့် ဖိတ်ကြားကာ ကြွေအံကစားပွဲ ကျင်းပလေသည်။ ထိုကစားပွဲတွင် ယုဓိဋ္ဌိလသည် ဒုယျောဓနနှင့် ကစားလေသော် တစတစရှုံး၍ မိမိ၏ တိုင်းပြည်ဗိုလ်ပါစစ်တပ် ညီတော်များနှင့်တကွ ဒေါပဒီကိုပါ ဆုံးတော့သည်။ နောက်ဆုံးတွင် ဒေါပဒီနှင့်အတူ ညီနောင် ၅ ပါးသည် သရသွတီမြစ်ကမ်းပါးရှိ ကမ္မကတောသို့ ထွက်ခွာ၍ ၁၂ နှစ်ပတ်လုံး တောတွင်း၍ နေထိုင်ကြသည်။ ထိုနောက် တနှစ်တာမျှ မထင်မရှား နေထိုင်ပြီးသောအခါ တိုင်းပြည်ပြန်ပေးမည်ဟု ဒုယျောဓနက ကတိပြုလေသည်။ ၁၃ နှစ်မြောက်သောအခါ ပဏ္ဍဝမင်းသားတို့သည် ကမ္မကတောမှ ထွက်ခွာခဲ့ကြပြီးနောက် မစ္ဆပြည့်ရှင် ဝိရာဋမင်းထံ မထင်မရှား ခစားကြလေသည်။ ထိုအချိန်တွင် ကောရဗျမင်းတို့သည် အခြားဘုရင်တပါးနှင့် မဟာမိတ်ဖွဲ့ကာ မစ္ဆတိုင်းကို ဝင်ရောက် တိုက်ခိုက်လေသာ် ပဏ္ဍဝမင်းသားတို့သည် ရန်သူတို့အား ခုခံတွန်းလှန်ပြီးနောက် ဝိရာဋမင်းအား ကယ်ဆယ်လိုက်လေသည်။ ထိုနောက် မိမိတို့၏ ဇာတိမှန်ကို ဖော်ထုတ်ကာ ဝိရာဋမင်းနှင့် မဟာမိတ်ဖွဲ့လေသည်။ ကောရဗျမင်းသားတို့ထံမှလည်း မိမိတို့၏ တိုင်းပြည်ကို ပြန်လည်တောင်းဆိုရာ အကြောင်းမပြန်သဖြင့် စစ်တိုက်ရန် ပြင်ဆင်လေတော့သည်။ မကြာမီပင် ဝမ်းကွဲညီနောက်များ အချင်းချင်း ကုရုခေတြမြေပြင်ဝယ် စစ်ပွဲကြီး ဆင်ယင်ကြလေသည်။ အချို့မင်းတို့က ကောရဗျမင်းသားတို့ဖက်မှ ဝင်ရောက်ကူညီ၍ အချို့ကမူ ပဏ္ဍဝမင်းသားတို့ဖက်မှ ကူညီကြလေသည်။ ပဏ္ဍဝတို့ဖက်မှ ကူညီကြသူတို့အနက် အထင်ရှားဆုံးမှာ ကဏှပင်ဖြစ်သည်။ မိမိတို့၏ ညီနောင်တဝမ်ကွဲတို့အားညီနောင်တဝမ်းကွဲတို့အား မငဲ့မကွက် ရက်စက်စွာ သတ်ဖြတ်တိုက်ခိုက်ရန် ကဏှက အားပေးလှုံ့ဆော်ချက်မှာ ဘဂဝါဂီတာဟူသော အမည်ဖြင့် ဤအခန်းဝယ် သီးသန့်ပါရှိသည်။ စစ်ပွဲကြီးကား ၁၈ ရက်တိုင်ကြာမြင့်၍ အပြီးသတ်ဝယ် ကောရဗျမင်းသားတို့ ပျက်စီးဆုံးရှုံးကြလေသည်။ ထိုတွင် ဘုရင်အိုကြီးဖြစ်သူ ဦးရီးတော် ဓတရဋ္ဌသည် တူတော်တို့နှင့် စေ့စပ်ကာ ဟတ္ထနာပုရပြည့်ရှင်အဖြစ် ယုဓိဋ္ဌိလအား တင်မြှောက်လေသည်။ ဓတရဋ္ဌလည်း ဟတ္ထိနာပုရမြို့တော်တွင်ပင် ၁၅ နှစ်တာမျှ နေထိုင်ပြီးနောက် မိဖုရားနှင့်အတူ တောထွက်လျှင် တောမီးလောင်၍ အနိစ္စရောက်လေသည်။ ယာဒဝမျိုးတို့လည်း အချင်းချင်း ပဋိပက္ခဖြစ်၍ တမျိုးလုံး ပျက်စီးပြီးနောက် ကဏှလည်း ဝမ်းနည်းပက်က်ဖြင့် တောသို့သွားလျှင် မုဆိုးတယောက်၏ မျှားချက်ဖြင့် အသက်ပျောက်ရလေသည်။ ပဏ္ဍဝမင်းသားများ ကိုယ်တိုင်မှာလည်း ဘဝကို ငြီးငွေ့ကာ အဇ္ဇုနမင်းသား၏ မြေးတော် ပရိက္ခိတအား တိုင်းပြည်ကို အပ်နှံ၍ မေရုတောင်သို့ ဦးတည်ကြွလှမ်းစဉ်ပင် မိမိတို့၏ ကြင်ယာတော်နှင့်အတူ နတ်ရွာစံကြသည်။
 
ဤတွင် မဟာဘာရတ ဇာတ်လမ်း ပြီးဆုံးလေသည်။ နောက်ဆက်တွဲ ဟရိဝံသမှာမူ ကဏှအကြောင်း သက်သက်ကိုသာ ပြဆိုလေသည်။