ဒုတိယ ကမ္ဘာစစ်: တည်းဖြတ်မှု မူကွဲများ

→‎ဗြိတိန်အား အမေရိကန်ကူရပြီ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁၄၅ -
၁၉၄၁ ခုနှစ်တွင် ဘူလ်ဂေးရီးယားနိုင်ငံသည် ဝင်ရိုးတန်းနိုင်ငံများနှင့် ပူပေါင်းပြီး ဂျာမန်စစ်တပ်များကို ဝင်ခွင့်ပြုလိုက်သည်။ ယူဂိုဆလားဗီးယားနိုင်ငံသည်လည်း ဝင်းရိုးတန်းမဟာမိတ် အဖွဲ့ဝင်နိုင်ငံ ဖြစ်သွားသည်။ ဂရိနိုင်ငံသည်လည်း ဂျာမန်တို့၏ တိုက်ခိုက်ခြင်းကို ခံရသည်။ ယခင်က အီတလီတပ်များအား အောင်မြင်စွာခုခံနိုင်ခဲ့သော ဂရိတပ်များသည် အင်အားကြီးမားသော ဂျာမန်တပ်ကြီးကိုမူ အရှုံးပေးရတော့သည်။ ယခုအခါတွင် ဂျာမနီသည် ဗော်လကန် တစ်လျှာက်လုံးကို သိမ်းပိုက်မိပြီးဖြစ်ရာ ဥရောပတစ်တိုက်လုံးအား မိမိခြေဖဝါး အောက်တွင် ထားရှိကာ ဆိုဗီယက် ရုရားတစ်ဦးတည်းကိုသာ တိုက်ခိုက်ရန်ကျန်တော့သည်။ [[File:Bundesarchiv Bild 183-S33882, Adolf Hitler retouched.jpg|thumb|150px|right|alt=အဒေါ့ ဟစ်တလာ|အဒ်ဒေါ့လ်ဖ် ဟစ်တ်တလာ]]
ဂျာမန်တပ်များက စစ်ပွဲတစ်ခုပြီး တစ်ခု ခံယူနေကြသည့် အချိန်တွင် ဗြိတိသျှတို့၏ဂုဏ်သတင်းမှာ များစွာ ယုတ်လျော့နေသည်။ အာဖရိကတိုက်ပွဲများတွင် ဂျာမန်တို့သည် ပွဲဦးထက် အောင်ပွဲများ ရရှိကြပေသည်။ ဂျာမန်ဗိုလ်ချုပ်ကြီး ရွမ်းမဲအုပ်ချုပ်သော တပ်များသည် လစ်ဗီးယားတွင် ထိုးစစ်ဆင်ကာ အီဂျစ်ဘက်သို့ ချီတက်လျှက်ရှိသည်။ ဗြိတိသျှတပ်များသည် အပြင်းဆုတ်ခွာပြီးလျှင် တိုဗရွတ်မြို့သို့ ရောက်ရှိသောအခါ ထိုနေရာမှနေ၍ အပြင်းအထန်ခုခံလေသည်။ နောက်ဆုံး၌ အီဂျစ်နိုင်ငံ ဆိုလစ်မြို့တွင် ဂျာမန်တို့အား ကြံ့ကြံ့ခံလေသည်။ ဂျာမန်တပ်များရှေသို့ မတိုးနိုင်တော့ချေ။
မေလတွင် ဂျာမန်တို့သည် မြေထဲပင်လည်အတွင်းရှိ ကရိကဒန်းကို လေထီးတပ်သားများ အသုံးပြုကာ အပြင်းအထန်တိုက်ခိုက်လေသည်။ ဗြိတိသျှတို့က စွမ်းအားရှိသမျှ ခုခံပါသော်လည်း ဂျာမန်လေတပ်ဒဏ်ကို မခံနိုင်ဘဲ ဆုတ်ပေးကြရသည်။ တိုက်ပွဲမှာ အပြင်းထန်ဆုံးတိုက်ပွဲတစ်ရပ်ပင် ဖြစ်ပါတော့သည်။ ယင်းတိုက်ပွဲတွင် ဂျာမန်တို့ဘက်က လူ''' ၂၀၀၀၀'''ခန့် ဆုံးရှုံး၍ အဂၤလိပ်ဘက်မှအင်္ဂလိပ်ဘက်မှ''' ၁၅၀၀၀''' ခန့်ဆုံးရှုံးသည်။ ကရိကဒန်းကျဆုံးရခြင်းမှ ဗြိတ်သျှတို့အဖို့ ဆုံးရှုံးမှုကြီးတစ်ခုပင် ဖြစ်သည်။ [[အီရတ်နိုင်ငံ]]တွင် နာဇီတို့၏ အကူအညီဖြင့် တော်လှန်ရေးဖြစ်ပွားလျက် အီရတ်တို့နှင့် ဗြိတိသျှတို့ တိုက်ခိုက်ကြသည်။ ပြင်သစ်ပိုင် ဆီးရီးယားပြည်တွင်လည်း ဂျာမန်တို့ ခြိမ်းခြောက်လျှက်ရှိသည်။ ကရီကဒန်းကျသွားပြီ:နောက် ဗြိတိသျှတို့သည် ဂျာမန်တို့ လက်မဦးခင် ဆီးရီးယားနှင့် လက်ဗနွန်ကို သိမ်းပိုက်လိုက် ကြသည်။
ဟစ်တလာသည် ဥရောပအရှေပိုင်းသို့ စစ်မျက်နှာဖြန့်နေစဉ် သိမ်းပိုက်ထားသော ဥရောပ အနောက်ပိုင်းတွင်လည်း အခြေအေနခိုင်မြဲအောင် ကြိုးပမ်းလေသည်။ဂျာမန် ဩဇာခံ ဗီရှိအစိုးရကလည်း [[ဟစ်တလာ]]နှင့် ပူးပေါင်း၍ ဂျာမနီနှင့် ပြင်သစ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးများအတွက် စည်းဝေးတိုင်ပင်ကာ အစီအစဉ်များ ပြုလုပ်လေသည်။