ဒုတိယ ကမ္ဘာစစ်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
→‎သဲကန္တရတိုက်ပွဲများ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁၇၄ -
 
== သဲကန္တရတိုက်ပွဲများ ==
နာဇီတို့သည် ဆိုဗီယက်စစ်မျက်နှာတွင် နွေရာသီထိုးစစ်ဆင်နေသည့် အချိန်မှာပင် အာဖရိကတိုက် လစ်ဗီးယားပြည်တွင်လည်း တိုက်ခိုက်လျက်ရှိသည်။ နာဇီစစ်သူကြီး ရွမ်းမဲသည် အဂၤလိပ်တို့အားအင်္ဂလိပ်တို့အား အရှေ့ဘက်သို့ တဖြည်းဖြည်းတိုက်ထုတ်လျက်ရှိသည်။ နာဇီစစ်ကူများလည်း အဆက်မပြက် ရောက်လျက်ရှိရာ ဗြိတိသျှတပ်များလည်း နောက်သို့တဖြည်းဖြည်း ဆုတ်ပေးရလေသည်။ တိုဗရွတ်မြို့တွင်မူကား ဗြိတိသျှ တပ်သား '''၃၀၀၀၀''' မှာရန်သူလက်သို့ ကျရောက်သွားသည်။ ဂျာမန်တို့လည်း ရှေ့သို့ချီတပ်ရာ အယ်အားလမိန်း အရပ်တွင်မှ ရပ်တပ်သွားသည်။ အယ်အားလမိန်းမှာ အီဂျစ်နိုင်ငံ အယ်လက်ဇန္ဒြီးယားမြို့မှ မိုင် ၇၀ ခန့်သာ ဝေးကွာလေသည်။
ဗြိတိသျှတို့လည်း ရွမ်းမဲ၏ တပ်များ အယ်လက်ဇန္ဒြီးယားကို ကျော်လွန်ပြီးလျှင် ဆူးအပ်တူးမြောင်းအထိ ရောက်သွားမည်းစိုး၍ အလျင်အမြန် စစ်အင်အားဖြည့်တင်းလာသည်။ ဗြိတိသျှနှင့် အမေရိကန် လေတပ်ကိုလည်း အားဖြည့်၍ အသင့်ပြင်ထားသည်။ နိုဝင်ဘာတွင်မူကား မဟာမိတ်တို့က တဖန် စစ်ရေးသားပြန်သည်။ ဗြိတိသျှအမှတ် ၈ တပ်မဟာသည် အယ်အားလမိန်းတွင် ဂျာမန်နှင့် အီတလီတပ်များကို တိုက်ခိုက်အောင်မြင်လိုက်သည်။ ထိုအချိန်တွင် ဆိုဗီတို့ကလည်း စတာလင်ဂရက်မြို့တော်ကို အပြင်းအထန်ခုခံကာကွယ်လျှက် ရှိရာ ဂျာမန်တို့မှာ ရှေ့သို့မတိုးနိုင်တော့ဘဲ ထို့နေရာမှပင် နောက်သို့ပြန်ဆုတ်သွားကြရတော့သည်။ ၁၉၄၃ ခုနှစ်တွင် ဗြိတိသျှတို့သည် ရွမ်းမဲ၏ တပ်များကို မောင်းထုတ်၍ ဒလကြမ်း ချီတပ်လျက်ရှိသည်။ ဆိုဗီယက်ရုရှားတွင်လည်း ဂျာမန်တို့သည် ခံစစ်ဖြင့် နောက်ဆုတ်ပေးနေရသည်။ ယင်းသို့ ဂျာမန်များ စစ်ရေးမလှဖြစ်ရခြင်းမှာ ဂျာမန်လေတပ်အင်အား များစွာ ယုတ်လျော့သွားသောကြောင့် ဖြစ်သည်။
ဂျာမန်စက်မှုလက်မှုဌာနများကို ဗြိတိသျှ လေတပ်က အကြီးအကျယ်သွားရောက်ဗုံကြဲထားခြင်းမှာ များစွာ ခရီးရောက်လျက်ရှိလေသည်။