ဒုတိယ ကမ္ဘာစစ်: တည်းဖြတ်မှု မူကွဲများ

→‎သဲကန္တရတိုက်ပွဲများ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
→‎ဥရောပ လေကြောင်းတိုက်ပွဲများ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁၈၁ -
ဒုတိယကမ္ဘာစစ်တွင် ထူးခြားသည့်အချက်များမှာ လေကြောင်းတိုက်ပွဲများ ပိုမိုပြင်းထန်၍ အရေးပါလာခြင်းပင်ဖြစ်သည်။ စစ်စတင်ဖြစ်ပွားသည့် ဥရောပတိုက်တွင် လေကြောင်းတိုက်ပွဲများ အများဆုံးနှင့် အပြင်းထန်ဆုံး ဖြစ်၏။၁၉၄၂ ခုနှစ်၏ နှစ်ဦးမှစ၍ ဗြိတိသျှ လေတပ်မတော်သည် ဗုံးကြဲလေယာဉ်ပျံများကို တိုးတက်လုပ်ကိုင်ခြင်းအားဖြင့်လည်းကောင်း၊ အမေရိကန်ပြည်ထောင်စုမှ ပေးပို့သော လေယာဉ်ပျံများကို အသုံးပြုခြင်းအားဖြင့်လည်းကောင်း၊ လေတပ်အင်အားကို ဖြည့်တင်းပြီးလျှင် ဂျာမနီလေကြောင်းကို ထိုးစစ်ဆင်ခဲ့သည်။ ရှေးဦးစွာ ပြင်သစ်နိုင်ငံ ပါရီမြို့အစွန်းအဖျားရှိ စက်မှုလက်မှုဌာနများကို ဗုံးကြဲဖျက်ဆီးသည်။ ထို့နောက် တဖြည်းဖြည်းတိုးချဲ့၍ ဥရောပ ဝင်ရိုးစွန်းနိုင်ငံများကို ဗုံးကြဲလေယာဉ်ကြီးများဖြင့် တိုက်ခိုက်သည်။ ဗြိတိသျှလေတပ်သည် နေရာအနှံ့အပြားကို ဗုံးကြဲခြင်းမပြုဘဲ အရေးကြီးသော နေရာတစ်ခုတည်းကိုသာ ဖိ၍ ဗုံးကြဲဖျက်ဆီးသဖြင့် အထူးအောင်မြင်လေသည်။
၁၉၄၂ ခု မေလတွင် ဆင်နွှဲသော ဗြိတိသျှလေတပ်ကြီး၏ ထိုးစစ်သည်ကား အပြင်းထန်ဆုံးဖြစ်ပေသည်။ လေယာဉ်ပျံ ၁၀၀၀ ကျော်သည် ဗုံးတန်ချိန် ၃၀၀၀ ကျော်ကို ကိုလုန်းမြို့ပေါ်သို့ ကြဲချခဲ့သည်။ ကရွပ်လက်နက်အလုပ်ရုံများရှိရာ အက်ဆင်မြို့ကိုလည်း လေယာဉ်ပျံ ၁၀၀၀ ကျော်ဖြင့် ဗုံးကြဲခဲ့သည်။ ထို့နောက် အမေရိကန်လေတပ်ပါ ဝင်ရောက်လာသောအခါ မဟာမိတ်တို့၏ လေတပ်အင်အားမှာ ဂျာမန်တို့ထက် အဆများစွာ သာသွားလေတော့သည်။
၁၉၄၂ ခုနှစ်တွင် မဟာမိတ်တို့သည် အဂၤလန်တွင်အင်္ဂလန်တွင် စခန်းချ၍ ဥရောပရှိရန်သူစစ်စခန်းများ၊ စက်ရုံများ၊ လက်နက်ရုံများ၊ သင်္ဘောဆိပ်များ၊ ဘူတာရုံများနှင့် စစ်ဖက်ဆိုင်ရာနေရာဌာနများကို အကြီးအကျယ် ဗုံးကြဲဖျက်ဆီးကြသည်။ နေ့ရော ညပါလိုပင် လေယာဉ်ပျံ အစင်းပေါင်း ၇၀၀ ကျော်သည် အင်္ဂလိပ်ရေလက်ကြားကြီးကို ဖြတ်ကျော်ပျံသန်း၍ နာဇီ စစ်အချက်အခြာ နေရာများကို မှုန့်မှုန့်ညက်ညက် ချေမှုန်းလေသည်။ စစ်ဖြစ်စတွင် အင်အားကြီးမား၍ အလွန်ပင်အရေးပါခဲ့သော ဂျာမန်လေတပ်မှာ မဟာမိတ်တပ်ဒဏ်ကို အနိုင်နိုင် ခုခံရလေတော့သည်။
[[File:Bundesarchiv Bild 146-1973-029A-24A, Marschflugkörper V1 vor Start.jpg|thumb|left|190px|ဂျာမန်တို့ ဗွီဝမ်းဒုံးပျံကြီးအား ဆွဲထုတ်သယ်ဆောင်လာစဉ်]]