ဒုတိယ ကမ္ဘာစစ်: တည်းဖြတ်မှု မူကွဲများ

→‎ဥရောပ လေကြောင်းတိုက်ပွဲများ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
→‎ဒုတိယ စစ်မျက်နှာ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁၉၂ -
 
== ဒုတိယ စစ်မျက်နှာ ==
[[File:Approaching Omaha.jpg|left|thumb|250px|alt=နောမန်ဒီ ကမ်းခြေသို့ တက်ရောက်လာသော မဟာမိတ်တပ်များ|နောမန်ဒီ ကမ်းခြေသို့ တက်ရောက်လာသော မဟာမိတ်တပ်များ]]၁၉၄၂-၁၉၄၃ ခုနှစ်များတွင် ဟစ်တလာသည် ဆိုဗီယက်ရုရှားကိုသာ ဖိတိုက်နေသဖြင့် ဆိုဗီယက် အစိုးရက အဂၤလိပ်နှင့်အင်္ဂလိပ်နှင့် အမေရိကန်တို့အား ဥရောပအနောက်ပိုင်း၌ ဒုတိယ စစ်မျက်နှာတစ်ခုဖွင့်ရန် တိုက်တွန်းလိုက်သည်။ အဂၤလိပ်နှင့်အင်္ဂလိပ်နှင့် အမေရိကန်တို့မှာ ဆိုဗီယက်အစိုးရ၏ တောင်းခံချက်အတိုင်း ဒုတိယစစ်မျက်နှာကို ဖွင့်လိုသော်လည်း လုပ်ရမည့် လုပ်ငန်းမှာ ကြီးကျယ်ခက်ခဲလှသဖြင့် ရုတ်တရက် ထိုးစစ်မဆင်နိုင်သေးဘဲ ဥရောပတိုက်ကို ပြန်လည် သိမ်းပိုင်နိုင်ရေးအတွက် အစီအစဉ်များကို အပူတပြင်း လုပ်ကိုနေကြရသည်။ ၁၉၄၄ ခုနှစ်ဇွန်လ ၆ ရက်နေ့တွင်ကား ဗိုလ်ချုပ်အိုင်ဆင်ဟောင်းဝါး အုပ်ချုပ်သော မဟာမိတ် တပ်ပေါင်းစုသည် ပြင်သစ်နိုင်ငံ နော်မန်ဒီ ကမ်းခြေမှ ဥရောပတိုက်ပေါ်သို့ တက်ရောက်ကြသည်။ ထို့နေ့ကို ကမ္ဘာ့သမိုင်းတွင် [[ဒီ-ဒေး]] '''([[D-Day]])'''ထင်ရှားလေသည်။ ဤတွင်မှသာ ဆိုဗီယက်တို့ တောင်းတလျက်ရှိသော ဒုတိယ စစ်မျက်နှာ ပေါ်ပေါက်လာတော့သည်။ စိန်လိုးမြို့ကျဆုံးပြီးသည့်နောက် ဂျာမန်တပ်များမှာ နောက်သို့ တဆုတ်တည်း ဆုတ်နေကြရသည်။ နောက်သုံးပတ်မျှ ကြာသောအခါ အမေရိကန်နှင့် ပြင်သစ်တပ်များသည် မြေထဲပင်လယ် ကမ်းခြေမှနေ၍ ပြင်သစ်နိုင်ငံပေါ်သို့ တက်ရောက်ကြပြီးလျှင် ဩဂုတ်လ ၂၅ ရက်နေ့တွင် ပြင်သစ်မြို့တော် [[ပါရီမြို့]]ကို သိမ်းပိုက်မိကြသည်။
မဟာမိတ်တပ်ပေါင်းစုသည် ဆုတ်ခံလျက်ရှိသော ဂျာမန်တပ်များကို လိုက်လံတိုက်ခိုက်ရင်း ရှေ့သို့ တွင်တွင်ကြီး ချီတက်လျက် ဘယ်လဂျီယမ်၊ လပ်ဇင်ဗတ်နှင့် ဟော်လန် စသောနိုင်ငံများကို ဂျာမန်တို့လက်မှ ကယ်တင်လိုက်သည်။ [[အင်္ဂလိပ်ရေလက်ကြား]]ကြီးကိုလည်း ပြန်လည်စိုးမိုးနိုင်လေသည်။ ဂျာမန်တပ်များမှာ ပြင်သစ်နိုင်ငံမှ တဖြည်းဖြည်း မောင်းထုတ်ခံခြင်း ခံရလေသည်။ ၁၉၄၅ ခုနှစ်ဆန်းတွင် ဆိုဗီယက်တပ်များက [[ပိုလန်နိုင်ငံ|ပိုလန်]]နှင့် ဗောလတစ်နိုင်ငံများကို သိမ်းပိုက်လိုက်သည်။ ဂျာမန်လက်တွင်း ကျရောက်နေသော ရူးမေးနီးယား၊ ဘူလဂေးရီးယား၊ ဖင်လန် စသောနိုင်ငံများလည်း ဆိုဗီယက်တို့အား လက်နက်ချကာ အရှုံးပေးကြရသည်။ တူရကီကလည်း ဂျာမနီနှင့် အဆက်အသွယ် ဖြတ်လိုက်လေသည်။ ယခင်က ဂျာမနီ၏ မဟာမိတ်နိုင်ငံများကပင် ဂျာမနီအား စစ်ကြေညာ၍ ပြန်လှန်တိုက်ခိုက်ကြသည်။ ယူဂိုဆလားဗီးယားတွင်ကား မာရှယ်တီးတိုးခေါင်းဆောင်သော [[ပြောက်ကျားတော်လှန်ရေး]] တပ်သားများသည် ဖက်ဆစ်တို့ကိုတွန်းလှန်လျက်ရှိလေသည်။[[File:Destruction in a Berlin street.jpg|thumb|left|250px|ဘာလင်စစ်ပွဲအပြီး ဘာလင်မြို့လယ်ရှိ လမ်းတစ်ခု]] [[ဂရိနိုင်ငံ]]ကိုလည်း ၁၉၄၄ ခုနှစ် နိုဝင်ဘာလတွင် ကယ်တင်လိုက်ကြသည်။ ဤသို့ဖြင့် ဥရောပတွင် ဂျာမနီတစ်ဦးတည်းသာလျှင် ကျန်ရှိလေတော့သည်။
၁၉၄၅ ခုနှစ် နွေဦးတွင် မဟာမိတ်တပ်ပေါင်းစုသည် ဂျာမနီတွင် အပြင်းထိုးစစ်ဆင်ကာ [[ရိုင်းမြစ်]]ကို ဖြတ်ကူ၍ ဂျာမန်မြို့ကြီးများကို သိမ်းယူလေသည်။ ဧပြီလ ၂၁ ရက်နေ့တွင် အရှေ့ဘက်မှ အောင်ပွဲဆင်လျက်ရှိသည် ဆိုဗီယက်တပ်နီတော်သည် ဘာလင်မြို့တော်သို့ ဝင်ရောက်ခဲ့သည်။ သို့ရာတွင် ဟစ်တလာကား လက်မလျော့သေးပေ။